ကျားဟော်မုန်း (တက်စရိုစတီရုန်း) မြင့်တက်အောင်ပြုလုပ်နိုင်တဲ့ သဘာဝနည်းလမ်းများ
ကျားဟော်မုန်းလို့ခေါ်တဲ့ Testosterone ဟော်မုန်း မြင့်တက်အောင်ပြုလုပ်နိုင်တဲ့ သဘာဝနည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
1. ဇင့်ဓာတ်ပါတဲ့အစားအစာများကို များများစားပေးပါ
ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတွေဟာ သုတ်ပိုးထွက်နှုန်းကို အားပေးတဲ့အပြင် မျိုးအောင်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးပါတယ်။ ထို့ပြင် အမျိုးသားဟော်မုန်းထွက်ခြင်းကိုအားပေးတဲ့ ဟော်မုန်းတစ်မျိုးထွက်အားကိုလည်း ကောင်းမွန်စေပါတယ်။ Flavonoids လို့ခေါ်တဲ့ သဘာဝအပင်ဓာတုပစ္စည်းတစ်မျိုးပါဝင်မှုနှုန်း မြင့်မားတာကြောင့် သုတ်ပိုးများပျက်စီးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
2. ပရိုတင်းဓာတ်ကိုပြည့်ဝစွာစားသုံးပါ
ပရိုတင်းဓာတ်ပါဝင်မှုများတဲ့ ကြက်သား၊ ငါး၊ အဆီပါဝင်မှုနည်းတဲ့ အမဲသား၊ ကြက်ဥ၊ ပဲပြား၊ မြေပဲနဲ့ အစေ့အနှံတွေကို တစ်နေ့လျှင် 5-6 အောင်စခန့်စားသုံးသင့်ပါတယ်။ ဒါပေမယ့် ဘယ်လောက်စားသင့်လဲဆိုတဲ့ ပမာဏဟာ အသက်အရွယ်၊ ကျားမကွဲပြားမှု၊ ကိုယ်လက်လှုပ်ရှားမှုတို့ပေါ်မူတည်ပါတယ်။ အထက်ပါအစားအစာတွေကို လုံလောက်စွာမစားသုံးပါက အမျိုးသားဟော်မုန်းနဲ့ ပေါင်းစည်းစေတဲ့ပစ္စည်းတွေကို ခန္ဓာကိုယ်မှပိုမိုထုတ်လုပ်ပေးတာကြောင့် တက်စရိုစတီးရုန်းပမာဏကို လျော့ကျစေတာဖြစ်ပါတယ်။
3. ငါးများကို ပိုမိုစားပေးပါ
ဆဲလ်မွန်၊ တူနာနဲ့ မက်ကရယ်ကဲ့သို့ အဆီငါးတွေမှာ ဗီတာမင် D ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ၎င်းသည် သဘာဝအမျိုးသားဟော်မုန်း လှု့ံဆော်ဆေးအဖြစ် လုပ်ဆောင်နိုင်တာကြောင့် ဟော်မုန်းထုတ်လုပ်မှုမှာ အလွန်အရေးပါတဲ့အခန်းကဏ္႑မှပါဝင်ပါတယ်။
4. မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝပါစေ
၎င်းဓာတ်ဆားဓာတ်သည် အမျိုးသားဟော်မုန်းနဲ့ ပရိုတင်းဓာတ်တွေမပေါင်းစည်းနိုင်အောင် ဟန့်တားပေးပါတယ်။ ဟင်းနုနွယ်၊ ဗန်ဒါသီး၊ သီဟိုဋ်စေ့နဲ့ မြေပဲတွေဟာ မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာတွေဖြစ်ပါတယ်။
5. ခရုများကိုစားသုံးပေးပါ
နေ့စဉ်စားသုံးသင့်တဲ့ ဇင့်ဓာတ်ပမာဏငါးဆခန့်ပါဝင်တာကြောင့် ယောက်သွားသတ္တဝါတွေဟာ မျိုးအောင်နိုင်ဖို့အတွက် စားသင့်တဲ့အစာတွေအဖြစ် နာမည်ကျော်ကြားရခြင်းဖြစ်ပါတယ်။ အမဲသားနဲ့ ပဲအမျိုးမျိုးမှာလည်းပါဝင်တဲ့ ၎င်းဓာတ်ဆားဟာ ခန္ဓာကိုယ်မှအမျိုးသားဟော်မုန်း ပိုမိုထွက်ရှိအောင်ကူညီအားပေးပါတယ်။
အပိုဆုအနေနဲ့ ဇင့်ဓာတ်ကိုစားသုံးခြင်းဟာ ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။
6. သလဲသီးများကိုရွေးချယ်ပါ
သလဲသီးဟာ Cortisol Hormone ကဲ့သို့ စိတ်ဖိစီးမှုဟော်မုန်းတွေကိုလျှော့ချပေးနိုင်ပြီး ကျားဟော်မုန်းပမာဏကို မြှင့်တက်စေပါတယ်။ ထို့ပြင် သွေးပေါင်ချိန်ကိုလည်းကျဆင်းစေ၍ စိတ်ကြည်လင်လန်းဆန်းစေပါတယ်။
7. အစားအစာများကို လျှော့ချပါ
မြေထဲပင်လယ်ဒေသပုံစံ အစားအစာများဟာ ကိုယ်အလေးချိန်ကိုထိန်းသိမ်းပေးရုံသာမက အမျိုးသားဟော်မုန်းပမာဏလျော့ကျခြင်းနဲ့ ဆက်စပ်နေတဲ့ အင်ဆူလင်အသုံးမပြုနိုင်ခြင်းဆိုတဲ့ အခြေအနေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အမျိုးသားဟော်မုန်းပမာဏကျဆင်းတဲ့အချိန်မှာ အဆီပမာဏမြင့်တက်လာပါက ခန္ဓာကိုယ်မှ အင်ဆူလင်ကို ကောင်းစွာအသုံးမပြုနိုင်တော့ပေ။ ၎င်းစက်ဝန်းကိုဖျက်ဆီးနိုင်တဲ့နည်းလမ်းတွေကတော့ ပြည့်ဝဆီအစား သံလွင်ဆီ၊ ထောပတ်ဆီနဲ့ မြေပဲဆီကဲ့သို့ ကျန်းမာရေးအတွက် သင့်လျော်တဲ့အဆီများကိုသာရွေးချယ်ခြင်း၊ အဆီနည်းတဲ့ အသား၊ အစေ့အနှံ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများကိုပိုမိုးစားသုံးခြင်းတို့ဖြစ်ပါတယ်။
8. ဘီယာသောက်သုံးခြင်းကိုရှောင်ကြဉ်ပါ။
အမျိုးသားဟော်မုန်းပမာဏကျဆင်းဖို့အတွက် ငါးရက်ခန့်နေ့စဉ်ပုံမှန် ဘီယာသောက်သုံးဖို့သာလိုအပ်ပါတယ်။ အရက်ဟာ ခန္ဓာကို်ယ်အနှံ့အပြားမှာရှိတဲ့ ဟော်မုန်းစနစ်တွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။ အရက်အလွန်အကျွံသောက်သုံးသူတွေမှာ ဝှေးစေ့သေးကျုံ့ခြင်း၊ ရင်အုပ်နဲ့မုတ်ဆိတ်မွှေးပါးခြင်းနဲ့ အမျိုးသမီးဟော်မုန်းပမာဏ မြင့်တက်လာခြင်းတို့ကို ခံစားရစေနိုင်ပါတယ်။
9. ပလတ်စတစ်အစား ဖန်များကိုသာအသုံးပြုပါ
အစားအစာအကြွင်းအကျန်တွေကို သိမ်းဆည်းတဲ့အခါမှာ အထူးသတိပြုသင့်ပါတယ်။ အချို့သောပလတ်စတစ်၊ သံဗူးနဲ့ အခြားထုတ်ပိုးမှုပုံစံတွေမှာပါဝင်တဲ့ ဓာတုပစ္စည်း Bisphenol-A (BPA) ဟာ ဟော်မုန်းထုတ်လုပ်တဲ့ဖြစ်စဉ်ကို ရှုပ်ထွေးစေပါတယ်။ BPA ရှိတဲ့နေရာအနီးတစ်ဝိုက်မှာ အလုပ်လုပ်ရတဲ့အမျိုးသားတွေမှာ 6 လခန့်ကြာတဲ့အခါ တက်စရိုစတီးရုန်းပမာဏဟာ အလုပ်မလုပ်သူတွေထက် လျော့နည်းနေတာကိုတွေ့ရှိရပါတယ်။
10. ခန္ဓာကိုယ်ကိုတောင့်တင်းသန်မာစေရန်ကြိုးစားပါ
ကြွက်သားဆိုင်ရာလေ့ကျင့်ခန်းတွေကို ပိုမိုအာရုံစူးစိုက်ပါ။ လေ့ကျင့်ခန်းပြုလုပ်တဲ့စက်တွေနဲ့ပတ်သက်ပြီး နည်းပြများရဲ့ အကူအညီကိုရယူနိုင်ပါတယ်။ နှလုံးဆိုင်ရာလေ့ကျင့်ခန်းတွေမှာ အခြားကောင်းကျိုးတွေရှိပေမယ့်လည်း ခွန်အားသုံးလေ့ကျင့်ခန်းများကဲ့သို့ အမျိုးသားဟော်မုန်းပမာဏကို မမြှင့်တင်ပေးနိုင်ပေ။
လေ့ကျင့်ခန်းအလွန်အကျွံပြုလုပ်ခြင်းဟာ ဟော်မုန်းပမာဏကို ပြန်လည်ကျဆင်းစေတာကြောင့် လိုတာထက်ပိုပြီး မလုပ်မိဖို့သတိပြုသင့်ပါတယ်။
11. အိပ်ရေးဝပါစေ
အိပ်ပျော်သွားတဲ့အချိန်မှာ ခန္ဓာကိုယ်မှအမျိုးသားဟော်မုန်းပမာဏကို စတင်မြင့်တက်စေကာ အိပ်မက်မက်တဲ့အချိန်မှာတော့ အမြင့်ဆုံးကိုရောက်ရှိစေပြီး မနိုးမချင်း ၎င်းပမာဏထဲမှာပဲဆက်ရှိနေစေပါတယ်။ ဒါပေမယ့် 5 နာရီခန့်သာအိပ်စက်ထားပါက နေ့ဘက်ဟော်မုန်းပမာဏဟာ 15% ထိ ကျဆင်းစေပါတယ်။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် 7 နာရီမှ 8 နာရီထိ ညစဉ်အိပ်စက်သင့်ပါတယ်။
Dr. Thinzar Wynn






























