/
news/အမျိုးသားများနှင့်ကျန်းမာရေး/စက်ဘီးစီးခြင်းဟာ-အမျိုးသားတွေရဲ့-မျိုးပွားနိုင်စွမ်းကို

စက်ဘီးစီးခြင်းဟာ အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းကို ထိခိုက်စေသလား?

Category
အမျိုးသားများနှင့်ကျန်းမာရေး

       လေ့လာမှုအသစ်များအရ စက်ဘီးစီးခြင်းဟာ ဆီးကျိတ်ကင်ဆာနှင့် ဆက်စပ်မှုရှိနိုင်သော်လည်း မျိုးအောင်နိုင်စွမ်း၊ ပန်းသေခြင်းတို့နှင့် ဆက်စပ်မှုမရှိတာကိုတွေ့ရပါတယ်။ ဒါ့အပြင် စက်ဘီးစီးခြင်းကြောင့် ဆီးချိုရောဂါနှင့် နှလုံးရောဂါဖြစ်ပွားနှုန်းကို လျော့ချပေးနိုင်ပါတယ်။

        University College London မှ လေ့လာသူများမှ စက်ဘီးစီးသော လူပေါင်း 5,282 ယောက်ကို လေ့လာမှုများ ပြုလုပ်ခဲ့ရာ တပတ်မှာ 8 နာရီနှင့်အထက် စက်ဘီးစီးရင်တောင်မှ မျိုးပွားနိုင်စွမ်းထိခိုက်ခြင်းနှင့် ပန်းသေခြင်းတို့ ဖြစ်ပွားမှုမရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ စက်ဘီးစီးခြင်းနဲ့ ဆီးကျိတ်ကင်ဆာရောဂါ ဆက်စပ်မှုရှိခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ စက်ဘီးကုန်းနီး (Saddle) ကြောင့် ဖြစ်ပါတယ်။ စက်ဘီးကုန်းနီးမှ ဖိအားသက်ရောက်မှုကြောင့် ဆီးကျိတ်များရောင်ရမ်းမှုကိုဖြစ်စေပြီး Prostate Specific Antigen (PSA) ပမာဏကို တက်စေပါတယ်။ PSA ပမာဏ တက်ခြင်းဟာ ဆီးကျိတ်ကင်ဆာဖြစ်ခြင်းရဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ သို့သော် ဆီးကျိတ်ကင်ဆာနှင့် စက်ဘီးစီးခြင်းဆက်စပ်နေသောအချက်နှင့် စပ်လျဉ်း၍ လေ့လာမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။

 

Dr. Htet Htet Aung (www.drmyanmar.com)