စက်ဘီးစီးတာဟာ သုက်ပိုးပမာဏကို လျော့နည်းစေသလား ?
စက်ဘီးစီးခြင်းလေ့ကျင့်ခန်းဟာ နှလုံးကျန်းမာရေးကိုသာမက အလုံးစုံကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။ ဒါပေမဲ့ တန်ဆေးလွန်ဘေးဆိုသလို လမ်းပေါ်မှာစီးတာပဲဖြစ်ဖြစ်၊ စက်ဘီးစီးတဲ့စက်ပေါ်မှာ စီးတာပဲဖြစ်ဖြစ် အလွန်အကျွံလုပ်ရင်တော့ သုက်ပိုးထုတ်လုပ်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မိမိတို့အနေနဲ့ ကလေးယူဖို့ကြိုးစားနေတယ်ဆိုရင် အလွန်အကျွံမလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။
Oligocare IA 1

ဘော်စတွန်တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုအရ တစ်ပတ်ကို အနည်းဆုံး ငါးနာရီကြာ စက်ဘီးစီးတဲ့သူတွေဟာ တခြားသူတွေနဲ့ယှဥ်ရင် သုက်ပိုးအရေအတွက် လျော့နည်းသလို၊ လှုပ်ရှားနေတဲ့သုက်ပိုးကောင်ရေလည်း နည်းတယ်လို့ သိရပါတယ်။ ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတာ တိတိကျကျမပြောနိုင်ပေမယ့် ကပ္ပါယ်အိတ်အပူချိန်တက်လို့၊ ဒါမှမဟုတ် စက်ဘီးစီးရာကနေ မျိုးပွားအင်္ဂါကိုထိခိုက်မိလို့ ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။
ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် မိမိတို့အနေနဲ့ ကလေးယူဖို့ ကြိုးစားနေပေမယ့် ကလေးမရနိုင်သေးဘူးဆိုရင်တော့ စက်ဘီးစီးတာကို အလွန်မကျွံမလုပ်ဖို့ လိုအပ်ပါတယ်နော်။ ဒါကြောင့် စက်ဘီးစီးတဲ့အခါ အောက်ပါအချက်တွေကို လိုက်နာကြဖို့ တိုက်တွန်းလိုပါတယ်။
Oligocare IA 2

● စက်ဘီးစီးချိန်ကို တစ်နေ့ နှစ်နာရီထက် မပိုပါစေနဲ့။
● စက်ဘီးစီးတဲ့အခါ အားကစားဝတ်စုံလိုမျိုး အဝတ်အစားကြပ်ကြပ်တွေ ဝတ်ဆင်တာကို ရှောင်ပါ။
● အချိန်အကြာကြီး စက်ဘီးစီးမယ်ဆိုရင် တောက်လျှောက်မစီးဘဲ ကြားထဲမှာ မကြာခဏ အနားယူပေးပါ။
● စက်ဘီးစီးစက်တွေရဲ့ ထိုင်ခုံတွေဟာ ဖြုတ်လို့တက်လို့ရရင် ကိုယ့်ရဲ့တင်ပါးဆုံရိုးနဲ့ အံဝင်ခွင်ကျရှိပြီး မျိုးပွားအင်္ဂါကို ထိခိုက်မှုနည်းစေတဲ့ ထိုင်ခုံမျိုးကို ရွေးချယ်တပ်ဆင်ပါ။
● စက်ဘီးစီးပြီးသွားတဲ့အခါ ရေပူနဲ့စိမ်ချိုးတာကို ရှောင်ကြဥ်ပါ။
● သုက်ပိုးကျန်းမာရေးကို အထောက်အကူပြုတဲ့ Coenzyme-Q၊ ဗီတာမင်စီ၊ ဗီတာမင်အီးလိုမျိုး အာဟာရဓာတ်တွေ ပါဝင်တဲ့ ဖြည့်စွက်အားဆေးတွေကို သောက်သုံးပေးပါ။
Dr. Aye Hsu Mon (www.drmyanmar.com)






























