/
news/အမျိုးသားများနှင့်ကျန်းမာရေး/ဆီးကျိတ်ကင်ဆာအကြောင်း-သိကောင်းစရာ

ဆီးကျိတ်ကင်ဆာအကြောင်း သိကောင်းစရာ

Category
အမျိုးသားများနှင့်ကျန်းမာရေး

          အမျိုးသားတွေမှာဖြစ်တဲ့ ဆီးကျိတ်ကင်ဆာဟာ အောက်ပါလက္ခဏာတွေနဲ့ လာနိုင်ပါတယ်။

●        ဆီးမကြာခဏသွားခြင်း

●        ဆီးစသွားချိန်၊ ရပ်ချိန်မှာ ခက်ခဲခြင်း

●        ဆီးသွားနှေးခြင်း

●        ဆီး သို့မဟုတ် သုတ်ရည်ထဲမှာ သွေးပါခြင်း

●        ဆီးသွားစဉ် သုတ်လွှတ်စဉ်မှာ မသက်မသာ ခံစားရခြင်း

●        ပေါင်ခြံ၊ ကျောတွေမှာ တဆစ်ဆစ် ကိုက်ခဲနာကျင်ခြင်း

          ဆီးကျိတ်ကင်ဆာနဲ့ ဆီးကျိတ် ကြီးတာ၊ ရောင်တာတွေက ကွာပါတယ်။ ဆီးကျိတ်ကြီးတဲ့အခါ ဆီးသွားရ တစတစ ပိုမိုခက်ခဲလာပြီး ဆီးသွားနည်းလာပါတယ်။ ဆီးကျိတ်ရောင်တဲ့အခါ ဆီးပူ၊ ဆီးကျင်၊ ဆီးအောင့်တာတွေ ဖြစ်လာပြီး ပဋိဇီဝဆေးပတ်လည်အောင်  ထိုးနှံကုသရပါတယ်။

          အသက်ငါးဆယ်အထက် အဆီအဆိမ့်ကြိုက်သူ၊ အဝလွန်သူတွေ၊ ရယ်ဒီမိတ်အစားအစာ စားသုံးသူတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်ဖို့ အလွန်အလားအလာ များပါတယ်။

          ဆီးကျိတ်ကင်ဆာမှန်း သိရှိဖို့ဆိုရင် "PSA" ဆိုတဲ့ သွေးတွင်းဓာတ်တစ်မျိုး စစ်ရပါတယ်။ အသက် 40 အထက်၊ မျိုးရိုးထဲမှာ ဆီးကျိတ်ကင်ဆာဖြစ်ပွားသူ မိသားစုတွေရှိသူ အမျိုးသားတွေ စစ်ဆေးသင့်ပါတယ်။ "PSA" ဓာတ်စစ်တာဟာ မတ်ကျပေမယ့် ခိုင်မာတဲ့ သွေးစစ်ချက်အဖြစ် သုံးနေကြတုန်းပါ။ စအို့ကို လက်နှိုက်စမ်းသပ်ခြင်း၊ ဓာတ်မှန်ရိုက်ကူးခြင်း၊ အသားစယူတာတွေ ဆက်လက်လုပ်ဆောင်ပြီး ရောဂါရှာဖွေ စစ်ဆေးရပါတယ်။ ဆီးကျိတ်ကင်ဆာဟာ ပျံနှံတာ သိပ်မြန်ပြီး ပြန်ရည်ကျိတ်တွေ၊ အစာဟောင်းအိမ်၊ ဆီးအိမ်၊ အဆုတ်နဲ့ အရိုးတွေထိ ကင်ဆာဆဲလ်တွေ ပြန့်သွားနိုင်ခြေရှိပါတယ်။ ဆီးကျိတ်ကင်ဆာကို ဓာတ်ရောင်ခြည်ဆဲလ် ထည့်သွင်းကုသခြင်း၊ ခွဲစိတ်ထုတ်ပယ်ခြင်း၊ ဟော်မုန်းကုထုံးတွေနဲ့ ကုသနိုင်ပါတယ်။ ပြဿနာက ကုထုံးတိုင်းမှာလည်း နောက်ဆက်တွဲ ပြဿနာပေါင်း သောင်းခြောက်ထောင် ရှိနိုင်ပါတယ်။ အအေးကုထုံး၊ ကိုယ်ခံအားဆဲလ်ကုထုံး၊ ဓာတုဆေးကုထုံးတွေနဲ့လည်း ကုသကြပါတယ်။ အရေးကြီးဆုံးက ဆီးကျိတ်ကင်ဆာအတွက် ကောင်းပါတယ်။ ကာကွယ်ပါတယ်ဆိုတဲ့ ဆေးဝါးတွေ၊ ဖြည့်စွက်စာတွေကို အလွယ်တကူ မယုံကြည်ဘဲ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ သောက်သုံးကုသကြဖို့ အကြံပြုပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)