/
news/အမျိုးသားများနှင့်ကျန်းမာရေး/ဆီးကျိတ်ကြီးသူများအတွက်-ဆောင်ရန်၊-ရှောင်ရန်များ

ဆီးကျိတ်ကြီးသူများအတွက် ဆောင်ရန်၊ ရှောင်ရန်များ

Category
အမျိုးသားများနှင့်ကျန်းမာရေး

>>  ဆီးကျိတ်ကြီးသူများ စားသင့်တဲ့အစားအစာများ

1.  ပဲအမျိုးမျိုး

2.  အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

3.  အနီရင့်ရောင်၊ အဝါရောင်၊ လိမ္မော်ရောင်ရှိသော အသီးအနှံများ

4.  ကြက်ဥ

5.  ပင်လယ်စာ အမျိုးမျိုး

6.  အစေ့အဆံများ

7.  အိုမီဂါ 3 ပါဝင်သော ငါးများ (ဆာဒင်းငါး၊ ဆယ်လ်မွန်ငါး)

 

>>  ဆီးကျိတ်ကြီးသူများ ရှောင်ရှားသင့်တဲ့အစားအစာများ

1.  ကဖိန်းဓာတ်

2.  အရက်

3.  ဆေးလိပ်

4.  အချိုများသော မုန့်များ

5.  ကာဗွန်ပါတဲ့ အချိုရည်များ

6.  ကစီဓာတ်ပါဝင်မှုများသော ပြုပြင်ထားသည့်မုန့်များ

7.  အနီရောင်အသား အလွန်အကျွံစားခြင်း

 

>>  ဆီးကျိတ်ကြီးသူတွေအတွက် လူနေမှုပုံစံများ

●  အိမ်ကမထွက်ခင် ကြိုတင် ဆီးသွားထားသင့်ပါတယ်။

●  ဆီးအိမ်ထဲမှာ ဆီးကျန်တာမျိုး မဖြစ်ရလေအောင် အိမ်သာသွားတိုင်း ဆီးတစ်ကြိမ်သွားပြီး မိနစ်အနည်းငယ်မျှ ကြာတဲ့အခါ နောက်တစ်ကြိမ်သွားဖု့ိ ကြိုးစားသင့်ပါတယ်။

●  ညအိပ်တဲ့အခါ ဆီးအိမ် တင်းမနေအောင် ညအိပ်ချိန်မတိုင်မီ 2 နာရီခန့်ကတည်းက အရည်တွေ မသောက်သင့်တော့ပါဘူး။

●  ရေဓာတ် ပြည့်ဝနေအောင် တစ်နေ့ကို ရေ 2 လီတာခန့် ပုံမှန်သောက်ပေးသင့်ပါတယ်။

●  ကိုယ်အလေးချိန် ညီညွတ်အောင် နေထိုင်ပါ။

●  လေ့ကျင့်ခန်းကို တတ်နိုင်သမျှ ပုံမှန်လုပ်ပေးပါ။

●  စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှ လျှော့ချပါ။

●  ဆီးနည်းနည်းစီ ထွက်ကျတာကို စုပ်ယူပြီး စိုစိုစိစိ မဖြစ်စေဖို့ ရေစုပ် pad တွေ၊ ဆီးစုပ်ဘောင်းဘီတွေ ဝတ်ထားပါ။

●  နောက်ပိုင်းမှာ ဆီးထွက်ကျတာမျိုး မဖြစ်ရလေအောင် ဆီးလမ်းကြောင်းထဲကျန်တဲ့ ဆီးတွေ အကုန်ထွက်လာဖို့ ကပ္ပာယ်အိတ်အရင်းကို လက်ချောင်းလေးနဲ့ အပေါ်ကို တွန်းတွန်းပေးပြီး နှိပ်နယ်ပေးရပါမယ်။

 

Dr. Emerald (www.drmyanmar.com)