ဆေးလိပ်သောက်သူတိုင်းအတွက် လိုအပ်သော အာဟာရဓာတ်
ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်စေတဲ့ ကျန်းမာရေးဆိုးကျိုးနည်းစေဖို့ အစားအသောက်ကို ဂရုစိုက်ပေးသင့်ပါတယ်။
1. ဗီတာမင် C ပါသော အစားအစာစားပါ
ဆေးလိပ်သောက်ခြင်းဟာ နှလုံးရောဂါ၊ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်သောအရေးကြီးတဲ့ အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဗီတာမင် C ကို လျော့နည်းစေပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်သူတွေက ဆေးလိပ်မသောက်သူတွေထက် ဗီတာမင် C ကို နှစ်ဆ၊ သုံးဆ ပိုလိုအပ်ပါတယ်။ ဗီတာမင် C လုံလုံလောက်လောက်ရှိနေပါက ဆေးလိပ်သောက်သူတွေမှာ အယ်ဇိုင်းမားရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မာလကာသီး၊ သံပရာသီး၊ လိမေ္မာ်သီး၊ ဖရဲသီး မှ ဗီတာမင် C ကို ကြွယ်၀စွာရရှိနိုင်ပြီး ဗီတာမင် C ဆေးပြားတွေကလည်း ဗီတာမင် C level ကိုမြှင့်တင်ပေးနိုင်ပါတယ်။
2. ဗီတာမင် E ကိုလည်းဖြည့်တင်းပေးပါ
ဆေးလိပ်သောက်သူတွေမှာဖြစ်နိုင်ခြေများတဲ့ အမျိုးမျိုးသော ကင်ဆာရောဂါတွေကို တိုက်ထုတ်ပေးနိုင်တဲ့အပြင် အယ်ဇိုင်မားရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက်ဗီတာမင်ဖြစ်တာကြောင့် ဆေးလိပ်သောက်သူတိုင်း ဗီတာမင် E ဖြည့် တင်းပေးဖို့လိုအပ်ပါတယ်။ နေကြာစေ့ဆီ၊ နေကြာစေ့၊ သစ်အယ်သီး၊ ဗာဒံစေ့၊ ကန်စွန်းဥ၊ ထောပတ်သီး၊ ဟင်းနုနွယ်၊ ဂျုံစေ့ဆီ၊ muesli (နံနက်စာအဖြစ် နို့နှင့်စားသုံးရသည့် ကောက်နှံ၊ အခွံမာသီး၊ သစ်သီးခြောက် ပါ၀င်သောစားဖွယ်) စတဲ့ အစားအစာတွေက ဗီတာမင် E ရနိုင်တဲ့ အကောင်းဆုံး အရင်းအမြစ်တွေဖြစ်ပါတယ်။
3. ဆီလီနီယမ်ဓာတ်ပိုအားဖြည့်ပေးပါ
ဆီလီနီယမ်ဓာတ်ကဆဲလ်လုပ်ဆောင်ချက်တွေကောင်းစေပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် ဆဲတွေပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်တဲ့အပြင် ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်တဲ့အတွက် ခန္ဓာကိုယ်ထဲရောဂါပိုးတွေ အလွယ်တကူမ၀င်စေနိုင်ပါဘူး။ အခွံမာသီး၊ စပျစ်သီးခြောက်၊ တူနုာငါး၊ ပုဇွန်စိတ်၊ နေကြာစေ့၊ ဆန်လုံးဖြူ မှာ ဆီလီနီယမ်ဓာတ် ပါ၀င်ပါတယ်။
4. မဂ္ဂနီဆီယမ်ဓာတ် ပါ၀င်စာ စားပေးပါ
မဂ္ဂနီဆီယမ်ဓာတ်ဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ပြီး အရိုးတွေကိုသန်မာစေကာ အနာကျက်စေဖို့ ကူညီလုပ်ဆောင်ပေးနိုင်ပါတယ်။ ဆေးလိပ်သောက်သူအမျုးိသမီးတွေ အရိုးပွရောဂါဖြစ်နိုင်ခြေမြင့်မားတာကြောင့် မဂ္ဂနီဆီယမ်ဓာတ်ကိုပုံမှန်ဖြည့်တင်းပေးသင့်ပါတယ်။ အခွံမာသီး၊ ပဲငါးပိပဲ၊ ကုလားပဲ၊ လက်ဖက်ရည်၊ ဆန်လုံးညိုကို ပြုတ်ထားသောဆန်ပြုတ်မှာ မဂ္ဂနီဆီယမ်ဓာတ်ပါ၀င်ပါတယ်။
5. နိုင်ယာစင်နမိုက်ဓာတ်ကိုလည်း ရယူပေးပါ
နိုင်ယာစင်နမိုက်ဓာတ်ဟာ နှလုံးသွေးကြောဆိုင်ရာရောဂါအန္တရာယ်မှ ကင်းေ၀းအောင်လုပ်ပေးပြီး အရက်သောက်ချင်စိတ်ပြင်းပြခြင်းကို လျှော့ချပေးနိုင်ကာ ပန်းနာရင်ကြပ်ရောဂါအခြေအနေကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ နိုင်ယာစင်နမိုက်ဓာတ်ကို ဥများ၊ ကြက်သား၊ ၀က်သား၊ အမဲသား၊ ဂျုံစေ့ အဆန်၊ cheddar cheese၊ ကြက်ဆင်သား စတဲ့အစားအစာတွေမှာ တွေ့နိုင်ပါတယ်။
6. ဇင့်ဓာတ်ပါ၀င်စာ ပိုစားပေးပါ
ဇင့်ဓာတ်က ကိုယ်ခံအားကိုမြှင့်တင်ပေးပြီး အနာကျက်နှုန်းမြန်စေနိုင်စွမ်းရှိပါတယ်။ ကမာကောင်၊ ဂျုံစေ့ အဆန်၊ အမဲဆားနယ်၊ ၀က်သား၊ သိုးသား၊ အမဲသား၊ ဆာဒင်းငါးမှ ဇင့်ဓာတ်ကိုရရှိနိုင်ပါတယ်။
ဆေးလိပ်ဖြတ်ပြီးနောက် ကိုယ်အလေးချိန်မတက်ပါစေနဲ့
======
ဆေးလိပ်ဖြတ်လိုက်တဲ့အခါ ကိုယ်အလေးချိန်တက်လာကြသူတွေများစွာရှိပါတယ်။ အဆီများစာ၊ အချိုများစာတွေ စားခြင်းမှဆင်ခြင်မယ်၊ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်တော့ ကိုယ်အလေးခိျန်ကိုကောင်းစွာထိန်ထားနိုင်မှာပါ။






























