ဆံပင်ပါးတဲ့အမျိုးသားများအတွက် iGrow
ထိပ်ပြောင်သောသူများဆံပင်ပါးတဲ့ အမျိုးသားတွေအတွက် အသုံး၀င်မယ့် စက်ပစ္စည်းတစ်ခု အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ အဲဒါကတော့ iGrow လို့အမည်ရတဲ့ လေဆာကုထုံးကို အသုံးပြုထားတဲ့ စက်တစ်ခုဖြစ်ပါတယ်။ တန်ဖိုးကတော့ 695 ဒေါ်လာဖြစ်ပါတယ်။ ၎င်းစက်မှာ Non Invasive Low Level Therapy (LLLT) ကိုအသုံးပြုတာကြောင့် ဘေထွက်ဆိုးကျိုးမရှိသလောက် နည်းပါးတယ်လို့ဆိုပါတယ်။ တစ်ပတ်မှာ 3 ရက်မှ 4 ရက် ထိသုံးပေးရမှာဖြစ်ပြီးတစ်ခါသုံးလျှင် 25 မိနစ်အသုံးပြုပေးရမှာဖြစ်ပါတယ်။ အနီရောင်လောဆာနဲ့ LED နည်းပညာကို ပေါင်းစပ်အသုံးပြုထားတာကြောင့် ဆံပင်မွှေးအိတ်ငယ်များကို အားဖြည့်ပေးခြင်း၊ ဆဲလ်များအသစ်ပြန်လည်ဖြစ်ပေါ်ခြင်းကို အားပေးခြင်း၊ ဆံသားကိုထူထဲစေခြင်းစတဲ့ အာနိသင်တွေရှိပါတယ်။ ပုံမှန်သုံးစွဲပေးခြင်းဖြင့် 4 လမှ 6 လ အတွင်းထင်ရှားတဲ့ ရလဒ်ကိုတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဆိုင်ကယ်စီးဦးထုပ်ပုံစံထုတ်လုပ်ထားပြီး နားကြပ်နှစ်ဖက်လည်းပါ၀င်တာကြောင့် အသုံးပြုနေစဉ်အတောအတွင်း သီချင်းနားထောင်လို့လည်းရပါတယ်။
Dr. Htet Htet Aung






























