ဒယ်ဒီတစ်ယောက်ဖြစ်နိုင်ခြေကို မြင့်တက်စေမယ့် နည်းလမ်းများ
အိမ်ထောင်ပြုပြီးသူအများစုဟာ ကလေးလိုချင်ကြပေမယ့် ကလေးမရနိုင်တဲ့စုံတွဲတွေလည်း ရှိတတ်ကြပါတယ်။ ဒါဟာ အမျိုးသမီးနဲ့ပဲ သက်ဆိုင်တာမဟုတ်ဘဲ အမျိုးသားနဲ့ပါ သက်ဆိုင်တဲ့ပြဿနာတစ်ရပ်ပါ။ ကလေးရနိုင်ခြေ များဖို့ဆိုရင် အမျိုးသားရဲ့သုက်ပိုးတွေဟာ ကျန်းမာနေဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့သုက်ပိုးလေး တွေ ကျန်းမာနေအောင် အခုပြောပြမယ့် နည်းလမ်းတွေကို လိုက်နာဖို့ မမေ့ကြပါနဲ့နော်။
၁။ ဖောလစ်အက်စစ်ဖြည့်စွက်စားသောက်ပါ
ကလေးယူဖို့ ကြိုးစားနေတဲ့ အမျိုးသား၊ အမျိုးသမီး နှစ်ဦးလုံးဟာ ဖောလစ်အက်စစ် မှီဝဲပေးသင့်ပါတယ်။ ဖောလစ်အက်စစ်ကို ပဲ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ မပြုပြင်ထားတဲ့ နှံစားသီးနှံတွေ၊ ချဥ်တဲ့အသီးတွေ နဲ့ ဖောလစ်အက်စစ်ဖြည့်စွက်ထားတဲ့ အစားအသောက်တွေကို စားပြီးတော့ပဲဖြစ်ဖြစ်၊ ဖြည့်စွက်အားဆေးသောက်ပြီးပဲဖြစ်ဖြစ် ရနိုင်ပါတယ်။
၂။ အိပ်ရေးဝဝအိပ်ပါ
လေ့လာမှုတွေအရ စောစောအိပ်စက်ခြင်းဟာ သုက်ပိုးအရည်အသွေးကို ကောင်းစေတယ်လို့ တွေ့ရပါတယ်။ ဒါကြောင့် ည ဆယ်နာရီခွဲမတိုင်ခင် အိပ်စက်ပေးသင့်သလို တစ်ညကို အိပ်ချိန် ၇-၈ နာရီရှိဖို့လည်း အရေးကြီးပါတယ်။
Oligocare IA 1

၃။ မျိုးပွားနှုန်းကောင်းစေတဲ့ ဖြည့်စွက်အားဆေးမှီဝဲပါ
အမျိုးသားတွေအနေနဲ့ ဗီတာမင်ဘီတွဲ၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဇင့်နဲ့ ဆီလီနီယမ်တို့ပါဝင်တဲ့ ဖြည့်စွက်အားဆေး တွေကို မှီဝဲပေးသင့်ပါတယ်။ ဒီအားဆေးတွေဟာ သုက်ပိုးတွေကို ကျန်းမာသန်စွမ်းစေရုံသာမက ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု မရှိအောင် ကာကွယ်ပေးပြီး သုက်ပိုးတွေလှုပ်ရှားမှုကိုလည်း မြန်ဆန်စေပါတယ်။
၄။ ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်တာဟာ သုက်ပိုးအရေအတွက်ကို နည်းစေပြီး သုက်ပိုးလှုပ်ရှားမှုကို နှေးစေလို့ ကလေးယူဖို့ စဥ်းစားထားရင် ဆေးလိပ်ဖြတ်ပေးသင့်ပါတယ်။
၅။ အရက်ကို ချင့်ချိန်သောက်သုံးပါ
အရက်ဟာ သုက်ပိုးထုတ်လုပ်မှုကို ကျဆင်းစေသလို သုက်ပိုးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းမှုကိုလည်း ဖြစ်စေ ပါတယ်။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် အရက်ကို လုံးဝဖြတ်ပေးပါ။ မဖြတ်နိုင်ရင်တော့ တစ်နေ့ကို တစ်ခွက်၊ နှစ်ခွက် လောက်ပဲ သောက်သုံးပေးသင့်ပါတယ်။
Oligocare IA 2

၆။ ကဖင်းလျှော့ပါ
လေ့လာမှုတစ်ခုအရ ကဖင်းများများစားသောက်တာဟာ သုက်ပိုးကောင်ရေကို နည်းစေတယ်လို့ တွေ့ရပါတယ်။ ဒါကြောင့် ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ အားဖြည့်အချိုရည် အစရှိတဲ့ ကဖင်းပါဝင်တဲ့ အစားအသောက်တွေကို တစ်နေ့ကို ၃၀၀ မီလီဂရမ်ထက်မပိုအောင် ချင့်ချိန်စားသောက်သင့်ပါတယ်။
၇။ စိတ်ဖိစီးမှုလျှော့ချပါ
စိတ်ဖိစီးမှုများတဲ့အခါ သုက်ပိုးထုတ်လုပ်မှုကို ထိခိုက်နိုင်လို့ ကောင်းကောင်းအိပ်၊ ကောင်းကောင်းစား၊ လေ့ကျင့်ခန်း ပုံမှန်လုပ်၊ ကိုယ်ဝါသနာပါတာတွေ လုပ်ပေးပြီးတော့ စိတ်ဖိစီးမှုကို လျှော့ချပေးပါ။
၈။ ကလေးမယူခင် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပေးပါ
ကလေးမယူခင်မှာ ကိုယ့်ရဲ့ ကိုယ်အလေးချိန်၊ သောက်နေတဲ့ဆေးဝါးတွေ၊ နေထိုင်စားသောက်မှုပုံစံနဲ့ မျိုးရိုး လိုက်တဲ့ရောဂါတွေရှိ၊ မရှိကို ကျွမ်းကျင်သူတွေနဲ့ ပြသတိုင်ပင်သင့်ပါတယ်။ ဒါမှလည်း မျိုးပွားနှုန်းကို ထိခိုက်စေ တဲ့အချက်တွေရှိနေရင် အချိန်မီပြုပြင်ပေးနိုင်မှာပါ။
Dr. Aye Hsu Mon (www.drmyanmar.com)