/
news/အမျိုးသားများနှင့်ကျန်းမာရေး/နေ့စဉ်စားသုံးတဲ့-အစားအစာထဲမှာ-ဆီနဲ့-သကြားများစွာပါဝင်ခြင်းကြောင့်

နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ ဆီနဲ့ သကြားများစွာပါဝင်ခြင်းကြောင့် ပန်းသေပန်းညှိုးဖြစ်နိုင်ပါသလား

Category
အမျိုးသားများနှင့်ကျန်းမာရေး

         အမျိုးသားတွေအတွက် စားသုံးတဲ့အစားအစာတွေကြောင့် မျိုးပွားမှုကို ကန့်သတ်နိုင်ပါတယ်။ အစားအစာနဲ့ ပန်းသေပန်းညှိုး (သို့) မျိုးမပွားနိုင်ခြင်းတို့ ဆက်နွယ်မှုတွေအကြောင်း အမေး၊ အဖြေလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

Q: နေ့စဉ်စားသုံးတဲ့ အစားအစာတွေကြောင့် ပန်းသေပန်းညှိုးဖြစ်နိုင်ပါသလား၊

A: အဆီနဲ့ ကိုလက်စထရောလ်များစွာပါဝင်တဲ့ အစားအစာတွေက ပန်းသေပန်းညှိုးရောဂါနဲ့ ဆက်နွယ်နေပါတယ်။ အကြောင်းအရင်းကတော့ သွေးကြောလေးတွေထဲမှာ သွေးခဲခြင်းကြောင့်ဖြစ်ပါတယ်။ နှလုံးရောဂါကြောင့် ပန်းသေပန်းညှိုးဖြစ်နိုင်သလို အပြန်အလှန်အနေနဲ့ ပန်းသေပန်းညှိုးခြင်းက နှလုံးရောဂါရဲ့ ကနဦးရောဂါလက္ခဏာဖြစ်နိုင်ပါတယ်။

 

Q: အဆီများတဲ့ အစားအစာတွေကို စားသုံးခြင်းကြောင့် ပန်းသေပန်းညှိုးဖြစ်စေနိုင်ပါသလား။

A: အဆီများတဲ့ အစားအစာတွေက ပန်းသေပန်းညှိုးဖြစ်စေနိုင်တယ်ဆိုတာကို ပြသတဲ့လေ့လာမှုအများအပြားရှိပါတယ်။ လေ့လာမှုတစ်ခုမှာ အနောက်တိုင်းအစာအစားကိုစားတဲ့ ငယ်ရွယ်တဲ့အမျိုးသားတွေနဲ့ prudent လို့ခေါ်တဲ့ အစားအစာကိုစားတဲ့သူတွေကို နှိုင်းယှဉ်ထားပါတယ်။ အနောက်တိုင်းအစားအစာမှာ အနီရောင်အသားတွေနဲ့ ပီဇာတွေပါဝင်ပါတယ်။ prudent မှာတော့ ငါး၊ ကြက်သား၊ ဟင်းသီးဟင်းရွက် နဲ့ အစေ့အဆံတွေပါဝင်ပါတယ်။ ယေဘူယျအားဖြင့် prudent diet စားတဲ့သူတွေမှာ မျိုးပွားနိုင်စွမ်းပိုကောင်းပြီး သုတ်ပိုးလှုပ်ရှားမှုကောင်းမွန်တာကို တွေ့ရပါတယ်။

 

Q: ကလေးလိုချင်လျှင် (သို့) ပန်းသေပန်းညှိုးဖြစ်မှာစိုးရိမ်လျှင် သကြားဓာတ်နဲ့ အဆီဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်ကြဉ်ဖို့လိုအပ်ပါသလား၊

A: မျိုးပွားနိုင်ခြင်းနဲ့ လိင်တံထောင်မတ်ခြင်းက လူတစ်ယောက်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေးနဲ့ သက်ဆိုင်ပါတယ်။ သကြားဓာတ်ပါဝင်မှုများတဲ့ ဆိုဒါနဲ့ အဆီဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေကို တစ်ခါစားရုံနဲ့တော့ ကျန်းမာရေးမထိခိုက်နိုင်ပါဘူး။ ဒီလိုအစားအစာတွေကို ပုံမှန်စားသောက်နေမယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာဖြစ်လာမှာပါ။

 

Q: ပြုပြင်ထားတဲ့ အသားတွေစားသုံးမှုနဲ့ ပန်းသေပန်းညှိုးဖြစ်မှုကြားမှာကော ဆက်သွယ်မှုရှိပါသလား၊

A: ပုံမှန်အားဖြင့် အသားတွေမှာ အဆီပါဝင်မှုများပြီး ဒီအဆီတွေက ကျန်းမာရေးပြဿနာဖြစ်စေပါတယ်။ ပြုပြင်ထားတဲ့အသားတွေမှာ နိုက်ထရိတ်ပါဝင်မှုများတာကြောင့် သုတ်ပိုးတွေပေါ်မှာ သက်ရောက်မှုရှိပါတယ်။

 

Q: အော်ဂန်းနစ်မဟုတ်တဲ့ အစားအစာတွေက ပိုးသတ်ဆေးတွေကြောင့် ပန်းသေပန်းညှိုးဖြစ်ခြင်းဖြစ်နိုင်ပါသလား။

A: ပိုးသတ်ဆေးနဲ့ ထိတွေ့မှုများတဲ့ အလုပ်သမားတွေမှာ မျိုးပွားနိုင်မှုနည်းတယ်ဆိုတဲ့ သက်သေတွေရှိပါတယ်။ သို့သော်လည်း ဝယ်ယူလာတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပိုးသတ်ဆေးဘယ်လောက်ပါဝင်မှုရှိတယ်ဆိုတာတော့ ပြောရခက်ပါတယ်။ ယေဘူယျအားဖြင့်တော့ ပိုးသတ်ဆေးပမာဏများများနဲ့ထိတွေ့ရင်တော့ သုတ်ပိုးအရေအတွက်နဲ့ လှုပ်ရှားမှုကိုကျဆင်းစေပါတယ်။

 

Q: ကလေးရဖို့ ကြိုးစားနေချိန်မှာ ရှောင်သင့်တဲ့ အစားအစာတွေရှိပါသလား။

A: ပဲပိစပ်ကဲ့သို့သော phytoestrogens ပါဝင်တဲ့ အစားအစာတွေက ခန္ဓာကိုယ်ထဲမှာရှိတဲ့ oestrogen ပမာဏကို ပြောင်းလဲစေပြီး မျိုးပွားနိုင်မှုကို ကျဆင်းစေပါတယ်။ Androgen ဟော်မုန်းဖြည့်စွက်အစားအစာတွေ၊ ခန္ဓာကိုယ်ဖွ့ံဖြိုးစေတဲ့ အစားအစာတွေနဲ့ testosterone ဖြည့်စွက်စာတွေကိုလည်း သတိထားစားဖို့လိုပါတယ်။ testosterone က သုတ်ပိုးထုတ်လုပ်နိုင်မှုကို ဟန့်တားတဲ့အတွက်  ကမ်ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က testosterone ကို အမျိုးသားမျိုးပွားမှုကို တားဆီးစေတဲ့အရာအဖြစ် သတ်မှတ်ထားပါတယ်။ ဒါကြောင့် ဖြည့်စွက်စာတွေမစားမီမှာ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

 

Q: ကလေးရရှိဖို့ ကြိုးစားနေစဉ်မှာ စားသင့်တဲ့ အစားအစာတွေရှိပါသလား။

A: အင်တီအောက်ဆီးဒင့် ကြွယ်ဝစွာပါဝင်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေက အမျိုးသားတွေရဲ့ မျိုးပွားနိုင်မှုကို အားပေးပါတယ်။

 

Q: ကဖင်းဓာတ်က အမျိုးသားတွေမှာ ပန်းသေပန်းညှိုးဖြစ်မှုဖြစ်စေနိုင်တယ်ဆိုတာ မှန်ပါသလား။

A: အလွန်အကျွံသောက်သုံးခြင်းမရှိဘူးဆိုရင်တော့ ကဖင်းဓာတ်က ကျန်းမာရေးကို မထိခိုက်စေနိုင်ပါဘူး။

 

Dr.MMMS

www.drmyanmar.com