ပန်းသေပန်းညှိုးဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သော အစားအစာများ
1. ဖရဲသီး
ဖရဲသီး အရည်ရွှမ်းတဲ့အသီးဖြစ်တာကြောင့် ခန္ဓာကိုယ်အတွက်ရေဓာတ်ဖြည့်တင်းပေးနိုင်တဲ့အပြင် ၎င်းမှာ လိုင်ကိုပင်းနဲ့ အင်တီအောက်ဆီးဒင့်ပါ၀င်တာကြောင့် နှလုံးစွမ်းဆောင်ရည်၊ ပရိုစတိတ်နဲ့့ အရေပြားကျန်းမာရေးကို ကောင်းစေပါတယ်။
2. ကမာကောင်
အမျိုးသားဟော်မုန်းကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်တစ်ခုဖြစ်တဲ့ ဇင့်ဓာတ် ကိုဖြည့်တင်းပေးနိုင်တဲ့အတွက် ပန်းသေပန်းညှိုးရောဂါရှိတဲ့အမျိုးသားတွေ စားပေးသင့်တဲ့ အစားအစာဖြစ်ပါတယ်။
3. ကော်ဖီ
ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က အမျိုးသားအင်္ဂါဆီ သွေးစီးဆင်းမှုကောင်းတာကြောင့် ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေကို လျော့ချပေးနိုင်ပါတယ်။ ဒါကြောင့်တစ်နေ့လျှင် ကော်ဖီနှစ်ခွက်လောက် သောက်ပေးသင့်ပါတယ်။
4. ချောကလက် အမည်း
သွေးစီးဆင်းမှု အားကောင်းစေတဲ့ flavanols ပါရှိပြီး ပန်းသေပန်းညှိုးေ၀ဒနာအတွက် သီးသန့်ထုတ်ထားတဲ့ ဆေးဝါးတွေမှာတွေ့ရတဲ့ nitric oxide ဟာ ချောကလက်အမည်းမှာပါ၀င်တဲ့အတွက် ပန်းသေပန်းညှိုးရောဂါရှိသူ တွေစားသုံးပေးသင့်ပါတယ်။
5. သစ်ကြားသီး
ခန္ဓာကိုယ်မှာ nitric acid ပြုလုပ်ပေးဖို့ လိုအပ်တဲ့ အာဂျင်နင်းနဲ့ အမိုင်နိုအက်ဆစ်များစွာပါ၀င်ပြီး ဗီတာမင် အီး၊ ဖောလစ်အက်ဆစ်နဲ့ အမျှင်ဓာတ်ကြွယ်၀စွာပါ၀င်တဲ့ အစားအစာအရင်းအမြစ်ဖြစ်ပါတယ်။ အခွံမာသီးတွေမှာ ကယ်လိုရီပါ၀င်မှုများတာကြောင့် တစ်နေ့တာအတွက် လက်တစ်ဆုပ်ထက် ပိုမစားသင့်ပါဘူး။
6. စပျစ်ဖျော်ရည်
စပျစ်ဖျော်ရည်ကို သောက်ပေးခြင်းကြောင့် ပန်းသေပန်းညှိုးရောဂါကို ကုသပေးနိုင်တဲ့ nitric acid ပမာဏဟာ ခန္ဓာကိုယ်ထဲမှာ တိုးပွားစေနိုင်ပါတယ်။ တလည်းသီးဖျော်ရည်ကလည်း စပျစ်ဖျော်ရည်လိုပဲ အာနိသင်ရှိပါတယ်။
7. ကြက်သွန်ဖြူ
အမျိုးသားအင်္ဂါဆီသို့ သွေးကောင်းစွာ မရောက်တာကြောင့် ပန်းသေပန်းညှိုးဖြစ်စေပါတယ်။ ကြက်သွန်ဖြူစားခြင်းကြောင့် သွေးကြောတွေကိုပွင့်စေပြီး ကျန်းမာစေတဲ့အတွက် နေ့စဉ်စားပေးသင့်ပါတယ်။
8. ငါး
ဆော်လမွန်ငါးနဲ့ အခြားအဆီထူငါးတွေမှာ နှလုံးကျန်းမာရေးကိုကောင်းစေတဲ့ အိုမီဂါ 3 ဖက်တီးအက်ဆစ် ပါ၀င်ပြီး ခန္ဓာကိုယ်ထဲမှာ nitric acid ကိုမြှင့်တင်ပေးနိုင်ပါတယ်။ သွေးဖိအားကိုကျစေပြီး နှလုံးတိုက်ခိုက်ခံရခြင်း၊ သွေးခဲခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဆာဒင်းငါး၊ တူနာငါး၊ မက်ကရယ်ငါးတွေကလည်း အိုမီဂါ 3 ဖက်တီးအက်ဆစ် ရနိုင်တဲ့ အရင်းအမြစ်တွေဖြစ်ပါတယ်။
9. အစိမ်းရောင်ဟင်းသီးဟင်းရွက်များ
ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အိုမီဂါ 3 ဖက်တီးအက်ဆစ်ကြွယ်၀စွာပါ၀င်တာ ကြောင့် နေ့စဉ်အစားအစာထဲမှာ ထည့်သွင်းစားပေးသင့်ပြီး ကိုက်လန်မှာ nitric acid ကိုတိုးမြှင့်ပေးနိုင်စွမ်းရှိပါတယ်။
10. ငရုတ်ကောင်း
ငရုတ်ကောင်းမှ အပူဓာတ်ကသွေးကြောတွေကို လေးကျစ်မနေစေဘဲ ပြေလျော့စေတာကြောင့် အမျိုးသား အင်္ဂါအပါအ၀င် နှလုံးနဲ့အခြားသော ကိုယ်အင်္ဂါတွေဆီသို့ သွေးစီးဆင်းမှုကောင်းစေပါတယ်။ ငရုတ်သီးစားပါကလည်း သွေးဖိအား၊ ကိုလက်စထရောကို ကျစေတဲ့အပြင် သွေးခဲခြင်းမှလည်း ကာကွယ်ပေးပါတယ်။
11. သံလွင်ဆီ
သံလွင်ဆီဟာ အမျိုးသားဟော်မုန်း တက်စထရိုစတီရုန်း ထွက်ရှိမှုအားကောင်းစေတဲ့အတွက် ပန်းသေ ပန်းညှိုးဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ကျန်းမာရေးကောင်းစေတဲ့ မိုနို အဆီပြည့်၀စွာ ပါ၀င်ပြီး ကိုလက်စထရော ဆိုးတွေကို ဖယ်ထုတ်ပေးနိုင်ပါတယ်။
Mg Hlaing Thwin






























