ပလပ်စတစ်မှာပါ၀င်တဲ့ ဓါတုပစ္စည်းကြောင့် အဖိုဟော်မုန်းပမာဏလျော့ကျနိုင်
လေ့လာမှုအသစ်များအရ ပလပ်စတစ်ပစ္စည်းများမှာ ပါ၀င်တဲ့ Phthalates ဆိုတဲ့ ဓာတုပစ္စည်းနဲ့ ထိတွေ့မှုနှင့် အဖ်ိုဟော်မုန်း တက်စ်ရိုစတီရုန်းပမာဏလျော့ကျမှုတို့ ဆက်စပ်မှုရှိတာကို တွေ့ရပါတယ်။ တက်စ်ရိုစတီရုန်းဟော်မုန်းဟာ အမျိုးသားရော အမျိုးသမီးမှာပါ တွေ့ရလေ့ရှိသော်လည်း အမျိုးသားများအတွက် အဓိကအရေးပါတဲ့ ကျားဟော်မုန်း ဖြစ်ပါတယ်။ နှလုံးကျန်းမာရေး၊ ကိုယ်ခန္ဓာကြီးထွား ဖွံ့ဖြိုးမှု၊ အရိုးကျစ်လစ်ခိုင်မာမှုနှင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာများ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ရေးတို့အတွက် အရေးပါတဲ့ ဟော်မုန်းလည်းဖြစ်ပါတယ်။
ပလပ်စတစ်နှင့် တကိုယ်ရည်သုံး ပစ္စည်းများမှာပါ၀င်တဲ့ ဓါတုပစ္စည်း (Phthalates)နှင့် ထိတွေ့မှုများပါက တက်စ်ရိုစတီရုန်းပမာဏ 24% ထိလျော့ကျသွားပြီး၊ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် လူငယ်များတွင် မျိုးပွားခြင်းဆိုင်ရာ နှောင့်နှေးခြင်း၊ လိင်ဆက်ဆံခြင်းနှင့်ပတ်သက်၍ စွမ်းဆောင်ရည် နိမ့်ကျလာခြင်း၊ အားအင်ချိနဲ့လာခြင်း၊ အရိုးကျန်းမာရေး အားနည်းလာခြင်းတို့ဖြစ်လာပါတယ်။ ဒါကြောင့်သုတေသီများအနေဖြင့် ၎င်းဓါတုပစ္စည်းများနှင့် ထိတွေ့မှု အနည်းဆုံးဖြစ်စေမယ့် နည်းလမ်းများကို ရှာဖွေနေဆဲဖြစ်ပါတယ်။
Dr. Htet Htet Aung






























