ပျားရည်သည် ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်တဲ့ အန္တရာယ်ရှိသော နောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချပေးနိုင်
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဆိုတဲ့ သတိပေးဆောင်ပုဒ်ကို လူတိုင်းနီးပါးသိကြပေမယ့်လည်း ဆေးလိပ်သောက်ခြင်းကို စွန့်လွှတ်ဖို့ ၀န်လေးနေကြသလို ယတိပြတ် ဆက်မသောက်မိဖို့ အံတင်းထားသော်လည်း လက်တွေ့ကျကျဆေးလိပ်ဖြတ်ရေးမှာ အင်မတန်ခက်ခဲ တာကြောင့် ကျန်းမာရေးထိခိုက်တယ်ဆိုတာသိလျက်နဲ့ပင် ဆက်သောက်နေသူများ တစ်ပုံတစ်ပင်ပါ။ ဒါကြောင့်လည်း လေဖြတ်ရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ နှလုံးကြွက်သား ပျက်စီးခြင်းစတဲ့ ပြင်းထန်တဲ့ရောဂါများဖြစ်ကာ ဆေးလိပ်ရဲ့ဝါးမျိုခြင်းကို ခံစားလိုက်ကြရခြင်း ဖြစ်ပါတယ်။
ဆေးလိပ်မှာပါတဲ့ free radicals တွေကြောင့် ဆေးလိပ်သောက်သူရဲ့ ခန္ဓာကိုယ် ရှိ ဆဲလ်တည်ဆောက်ပုံ ၊ လုပ်ဆောင်ချက်တွေကို ပျက်စီးစေပြီး အင်တီအောက်ဆီးဒင့်တွေ လျော့ကျစေကာ ကျန်းမာရေးပြဿနာများစွာ ဖြစ်လာရခြင်းပါ။ ပျားရည်က စိီးကရက်ကြောင့်ဖြစ်စေတဲ့ အဆိပ်အတောက်ဖြစ်ခြင်း ကို လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုအသစ်တစ်ခုအရ သိရှိရပါတယ်။ လေ့လာမှုတွင် ပါ၀င်သော ဆေးလိပ်စွဲနေသူ ၃၂ ဦး အား အုပ်စုနှစ်စုခွဲကာ တစ်ဖွဲ့ကို ပျားရည်သောက်စေပြီး ကျန်တစ်စုအား ပျားရည်သောက်စေခြင်း မရှိခ့ဲပေ။ ၁၂ ပတ် ကြာပြီးနောက် ပြန်လည်ဆန်းစစ်ကြည့်ရာ ပျားရည်သောက်သော အဖွဲ့က ဆဲလ်ပျက်စီးနှုန်းနည်းပြီး ပျားရည်ရဲ့ပင်ကိုအရ သတ္တု ဓာတ် ၊ ပရိုတင်းဓာတ် ၊ အော်ဂဲနစ်အက်ဆစ် ၊ အင်တီအောက်ဆီး ဒင့်တွေ ပါရှိတဲ့အတွက် အင်တီအောက်ဆီးဒင့်တွေ မြင့်တက်မှုရှိကြောင်း တွေ့ရှိခဲ့ကြပါတယ်။ တဆင့်ခံ ဆေးလိပ်ငွေ့ကိုရှူမိလို့ အဆိပ်အတောက်ဖြစ်မှာစိုးခြင်းကြောင့်ဖြစ်စေ ၊ လက်ရှိမှာ ဆေးလိပ်သောက်နေသော် လည်း ရောဂါဖြစ်ပွားမှု မပြင်းထန်အောင် ဟန့်တားလိုခြင်းကြောင့်ဖြစ်စေ ပျားရည်ကို ကြိုတင်ကာကွယ်မှုအနေနဲ့ရော ၊ ရောဂါဖြစ်နှုန်းလျော့ကျစေလိုတဲ့ ရည်ရွယ်ချက်နဲ့ပါ သောက်ပေး သင့်တယ်လို့ ၄င်းလေ့လာမှုက ဖော်ပြပေးထားခြင်းဖြစ်ပေမယ့် ဆေးလိပ်ဖြတ်လိုက်တာကတော့ မိမိ ကျန်းမာရေးအတွက် အကောင်းဆုံး စောင့်ရှောက်နည်း တစ်နည်းဖြစ်ပါတယ်။
CMS






























