ဘေးကင်းစိတ်ချရတဲ့ ဆက်ဆံခြင်းကို ရရှိစေဖို့…
အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ဆက်ဆံတော့မယ်ဆိုရင် ဘေးကင်းစိတ်ချရတဲ့ ဆက်ဆံခြင်းကို ရရှိဖို့ အရေးကြီးပါတယ်။
Oligocare IA 1

ဘေးကင်းစိတ်ချရတဲ့ ဆက်ဆံခြင်းဆိုတာ တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေ (သုက်ရည်၊ မွေးလမ်းကြောင်းကထွက်တဲ့အရည်၊ သွေး) ဟာ ဆက်ဆံဖော်ရဲ့ ခန္ဓာကိုယ်ထဲကို မရောက်အောင် အကာအကွယ်သေချာယူပြီးမှ ဆက်ဆံတာကို ဆိုလိုတာပါ။ ဒါမှလည်း လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေ၊ မလိုလားအပ်ဘဲ ကိုယ်ဝန်ရခြင်းတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
Oligocare IA 2

ဒါကြောင့် ဘေးကင်းစိတ်ချရတဲ့ ဆက်ဆံမှုတစ်ခုကို ရရှိဖို့အတွက် -
● ကိုယ့်ရဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ခံယူချက်တွေကို ကိုယ့်ပါတနာနဲ့ ရင်နှီးပွင့်လင်းစွာ ပြောဆိုဆွေးနွေးပါ။
● ဆက်ဆံဖော်အရေအတွက်ကို လျှော့ချပါ။
● လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေရှိရင် သေချာကုသမှု ခံယူပါ။
● ပါတနာဘက်က ဆက်ဆံဖို့ ဖိအားပေးတာမျိုး၊ ဆက်ဆံဖို့ ကိုယ့်ဘက်က သက်တောင့်သက်သာ မရှိတာမျိုးဆို ဒီလိုဆက်ဆံမှုကို ငြင်းဆိုပါ။
● အရက်သောက်ထားတယ်၊ ဆေးဝါးတွေ သုံးစွဲထားတယ်ဆိုရင် ဆက်ဆံဖို့ ရှောင်ကြဥ်ပါ။
● ကွန်ဒုံးသုံးပါ။ အမျိုးသမီးတွေအနေနဲ့ လိုအပ်ရင် တခြား သန္ဓေတားနည်းလမ်းတွေကို အသုံးပြုပါ။