ယောကျ်ားသားတွေရဲ့ စိတ်ဝင်စားစရာ လိင်အယူအဆတချို့
အမျိုးသားများအကြောင်း ဆိုပေမယ့် အမျိုးသမီးများလည်း ဖတ်ထား၊ သိထားသင့်တဲ့ အမျိုးသားတွေရဲ့ ခံစားမှုဆိုင်ရာ လိင်အယူအဆတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ဖြစ်ပါတယ်။
● အမျိုးသားတွေဟာ အမျိုးသမီးတွေထက် လိင်ဆက်ဆံမှုအကြောင်းကို နှစ်ဆ ပိုစဉ်းစားကြပါသတဲ့။ နိုးနေတဲ့ ၁၆ နာရီအတွင်း လိင်နဲ့ ပတ်သက်တဲ့အတွေး ထောင်ချီပြီး တွေးနိုင်တာ ယောက်ျားတွေပါ။
● အမျိုးသမီးတွေက သာယာမှုနဲ့ စိတ်ကူးယဉ်တဲ့ အချစ်အကြောင်း ပိုစဉ်းစားကြပြီး ကောင်လေးတွေကတော့ အိပ်ရာပေါ်က အကြောင်းသာ အရင်တွေးပါတယ်။ သုတေသနတွေအရ ပြောတာနော်။
● ယောက်ျားတွေဟာ လိင်သာယာမှု အထွဋ်အထိပ်ကိုရောက်ဖို့ 2 မိနစ်ကနေ 7 မိနစ်ထိပဲ ကြာပါတယ်။ မြန်တယ်ပေါ့။ အမျိုးသမီးတွေကတော့ သာယာတဲ့လိင်ကိစ္စ အထွဋ်အထိပ်ကို ရောက်ဖို့ မိနစ်ပေါင်းများစွာ ကြာနိုင်ပါတယ်။
>> တက်စရိုစတီရုန်းလို့ခေါ်တဲ့ အမျိုးသားဟော်မုန်းဆိုတာ ဘာတွေလုပ်ပေးလဲ?
1. ခန္ဓာကိုယ်တွေ အမွေးအမျှင်တွေ ထူထပ်လာစေပါတယ်။
2. အမျိုးသားအဂါၤတွေကို ပြည့်ဝစွာ ဖွံဖြိုးစေပါတယ်။
3. သုတ်ကောင်တွေ မွေးဖွားထုတ်လွှတ်စေပါတယ်။
4. အသံသြလာစေပါတယ်။
5. ရင်အုပ်တွေ၊ ကြွက်သားတွေနဲ့ ကျားကျားယားယား ဖြစ်လာစေပါတယ်။
● အမျိုးသားတွေရဲ့လိင်ခံစားမှုနဲ့ စိတ်ကူးယဉ်မှုဟာ ဦးနှောက်နှစ်နေရာမှာ ဖြစ်နေနိုင်ပြီး ဦးနှောက်ထဲမှာ လိင်နဲ့ ပတ်သက်တဲ့ အတွေးတွေ၊ စိတ်ကူးယဉ်မှုတွေ အများကြီး ဖြစ်ပေါ်နိုင်ပါတယ်။ ဒီလိုစိတ်ကူးနိုင်စွမ်းပာာ အမျိုးသမီးတွေထက် အဆများစွာ သာလွန်နေပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























