ဟောက်ခြင်းနဲ့ အိပ်စက်မှုဆိုင်ရာ ပြဿနာ
လူတော်တော်များများက အိပ်ပျော်နေချိန်မှာ ဟောက်တတ်ကြပါတယ်။ ဒါပေမဲ့ တချို့တွေကတော့ အိပ်ပျော်နေချိန်မှာ အသက်ရှူခဏရပ်သွားတဲ့ရောဂါ (Obstructive Sleep Apnea) ကြောင့် ဟောက်တာ ဖြစ်နိုင်ပါတယ်။ ဒီရောဂါကြောင့်ဆိုရင်တော့ ဟောက်တာအပြင်ကို -
2023 Revicon IA 1
● အိပ်နေတုန်း အသက်ရှူရပ်ရပ်သွားတာ (တစ်နာရီအတွင်းမှာ လေး၊ ငါးခါလောက် အသက်ရှူရပ်ရပ်သွားတတ်ပါတယ်။)
● နေ့ဘက်တွေမှာ အရမ်းအိပ်ငိုက်တာ
● အာရုံစူးစိုက်မှုမကောင်းတာ
● မနက်ခင်းမှာ ခေါင်းကိုက်တာ
● နိုးလာတဲ့အခါ လည်ချောင်းနာတာ
● အိပ်ရေးပျက်တာ
● ညအိပ်တဲ့အခါ အစာ (သို့) ရေသီးသလိုဖြစ်တာ
● ညဘက်မှာ ရင်ဘတ်အောင့်တာ
● ဟောက်သံက အရမ်းကိုကျယ်လွန်းတာ
● သွေးပေါင်ချိန်တက်တာ
စတဲ့လက္ခဏာတွေပါ ဖြစ်နိုင်ပါတယ်။
2023 Revicon IA 2
အမျိုးသားတွေ၊ ရောဂါမျိုးရိုးရှိသူတွေနဲ့ အဝလွန်သူတွေဟာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဒီရောဂါရှိပြီဆိုရင် နောက်ဆက်တွဲအနေနဲ့ အိပ်ရေးပျက်လို့ နေ့ဘက်တွေမှာ အရမ်းအိပ်ငိုက်တာ၊ အာရုံစိုက်ဖို့ ခက်ခဲတာ၊ မကြာခဏ စိတ်တိုစိတ်ဆတ်တာ၊ မတော်တဆထိခိုက်မှုဖြစ်နိုင်ခြေများတာ စတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် အထက်မှာဖော်ပြခဲ့တဲ့ လက္ခဏာတွေကို ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒါ့အပြင် အဝလွန်သူတွေ ဝိတ်ချခြင်း၊ အိပ်ခါနီး အရက်မသောက်ခြင်း၊ ဘေးစောင်းအိပ်ပေးခြင်းဟာလည်း ဟောက်တာကို သက်သာစေပါတယ်။



























