/
news/အမျိုးသားများနှင့်ကျန်းမာရေး/အမျိုးသားတို့ရဲ့ဦးနှောက်နဲ့-အမျိုးသမီးတို့ရဲ့ဦးနှောက်

အမျိုးသားတို့ရဲ့ဦးနှောက်နဲ့ အမျိုးသမီးတို့ရဲ့ဦးနှောက် ကွာခြားချက်များ

Category
အမျိုးသားများနှင့်ကျန်းမာရေး

    အမျိုးသားတို့နဲ့ အမျိုးသမီးတို့မှာ မတူညီတဲ့အချက် များစွာရှိကြတာ အားလုံးလက်ခံပြီးသား ဖြစ်ပါလိမ့်မယ်။ ကိုယ်တွင်းအစိတ်အပိုင်း အချို့သာမက အဆင့်မြင့်အစိတ်အပိုင်းဖြစ်တဲ့ ဦးနှောက်မှာလည်း ကွာခြားချက်တွေ ရှိနေတာ တွေ့ရပါတယ်။
(၁)     အမျိုးသားတစ်ဦးရဲ့ ဦးနှောက်ဟာ ၃ ပေါင်ခန့် အလေးချိန်ရှိပြီး အမျိူးသမီးတစ်ဦးကတော့ ၂.၇၅ ပေါင် လေးလံပါတယ်။ အမျိုးသားတွေမှာ အဖြူရောင် အစိတ်အပိုင်းပိုများပြီး အမျိုးသမီးတွေမှာတော့ မီးခိုးရောင် အစိတ်အပိုင်း ပိုများပါတယ်။
(၂)     ကျွန်ုပ်တို့ရဲ့ စိတ်ခံစားမှုနဲ့ စိတ်ခံစားမှုမှတ်ဉာဏ်ကို အာရုံခံနိုင်တဲ့ ဦးနှောက်တွင်းရှိ နေရာတစ်ခုဟာ အမျိုးသားတွေမှာ ပိုမိုကြီးမားတာ တွေ့ရပါတယ်။
(၃)     မှတ်ဉာဏ်နဲ့ သင်ယူနိုင်စွမ်းရည်ကို ဗဟိုပြုတဲ့ ဦးနှောက်အစိတ်အပိုင်း အနေနဲ့ကတော့ အမျိုးသမီးတွေမှာ ပိုမိုကြီးမားပါတယ်။
(၄)     အမျိုးသမီးတွေဟာ တစ်ချိန်တည်းမှာ အလုပ်များစွာကို ပြုလုပ်နိုင်သော်လည်း အမျိုးသားတွေကတော့ ထိုသို့ပြုလုပ်ရန် စိတ်ညစ်ညူးတတ်ကြပါတယ်။
(၅)     အမျိုးသမီးတွေဟာ ဦးနှောက်တည်ဆောက်ပုံအရ ကိစ္စတစ်ခုခုရဲ့ အသေးစိတ်ကအစ မှတ်မိတတ်ပြီး အမျိုးသားတွေကတော့ အရေးကြီးအချက်တွေကိုသာ မှတ်မိတတ်ပါတယ်။
(၆)     လမ်းပျောက်တဲ့အခါမှာ အမျိုးသမီးများက လမ်းညွန်ဆိုင်းဘုတ်များကို ပြန်လည်မြင်ယောင်တတ်ပြီး အမျိုးသားတွေကတော့ လာခဲ့တဲ့ခရီးအကွာအဝေးနဲ့ ဦးတည်ရာလမ်းကြောင်းတွေကို ပြန်လည်မြင်ယောင်ကြပါတယ်။
(၇)     အမျိုးသားတွေဟာ အမျိုးသမီးများထက် လိင်ကိစ္စအကြောင်း ပိုမိုတွေးတောတတ်ကြပြီး လိင်နဲ့ပတ်သက်တဲ့အတွေးတွေ လွမ်းမိုးလေ့ရှိကြပါတယ်။

Revicon 1

(၈)     အမျိုးသမီးတွေဟာ ပိုမိုစကားများတတ်ပြီး တစ်နေ့တာမှာ ယောကျ်ားတွေ ပြောတာထက် သုံးဆ ပိုမိုပြောဆိုနိုင်ပါတယ်။
(၉)     အမျိုးသားနဲ့ အမျိုးသမီးတို့ဟာ ဟာသတစ်ခုအပေါ် လက်ခံနိုင်စွမ်း ကွဲပြားပါတယ်။
(၁၀)     စကားတစ်ခွန်းအပေါ်မှာ အမျိုးသမီးတွေဟာ စိတ်ခံစားမှုနဲ့ ကျိုးကြောင်းဝေဖန်မှုမပါဘဲ နားထောင်လက်ခံနိုင်ပေမယ့် အမျိုးသားတွေကတော့ ယုတ္တိကျမှု ရှိ/မရှိ တစ်ဆက်တည်း တွေးတောလေ့ရှိပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ အမျိုးသားတွေထက်စာရင် မြှပ်ထားတဲ့အချက်တွေကို ပိုမိုသိမြင်လွယ်တာ ဖြစ်ပါတယ်။
(၁၁)     အမျိုးသားတစ်ယောက်ဟာ ပွေ့ဖက်ခြင်းခံရတဲ့အခါ ဘာမှသိပ်မထူးခြားနိုင်ပေမယ့် အမျိုးသမီးတစ်ယောက် စက္ကန့် ၂၀ ပွေ့ဖက်ခြင်းခံရတဲ့အခါ မိမိကိုယ်ကိုယုံကြည်မှုနဲ့ ပျော်ရွှင်မှုကို တိုးပွားစေပါတယ်။
(၁၂)     အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စနစ်ကျပြီး သပ်ရပ်မှုရှိတတ်ကြပါတယ်။
(၁၃)     အမျိုးသမီးတွေ ကိစ္စအများကြီးအပေါ် အာရုံထားနေစဉ် အမျိုးသားတွေက ကိစ္စတစ်ခုတည်းမှာ အာရုံစိုက်နိုင်တာမို့ အခြေအနေတစ်ခုကို ပိုပြီးမြန်ဆန်စွာ တုံပြန်နိုင်ပါတယ်။
(၁၄)     အမျိုးသားတွေရဲ့ ဦးနှောက်ဟာ အချိန်ကြာတာနဲ့အမျှ ကျုံ့နိုင်စွမ်း ပိုမြန်ဆန်ပါတယ်။ ဒါကြောင့် အမျိုးသမီးကြီးတွေဟာ အသက်ကြီးတဲ့ထိ မှတ်ဉာဏ်ကောင်းမွန်တတ်ကြတာ ဖြစ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Revicon 2

(Zawgyi)

    အမ်ဳိးသားတို႔နဲ႔ အမ်ဳိးသမီးတို႔မွာ မတူညီတဲ့အခ်က္ မ်ားစြာရွိၾကတာ အားလံုးလက္ခံၿပီးသား ျဖစ္ပါလိမ့္မယ္။ ကိုယ္တြင္းအစိတ္အပိုင္း အခ်ဳိ႕သာမက အဆင့္ျမင့္အစိတ္အပိုင္းျဖစ္တဲ့ ဦးေႏွာက္မွာလည္း ကြာျခားခ်က္ေတြ ရွိေနတာ ေတြ႕ရပါတယ္။
(၁)     အမ်ဳိးသားတစ္ဦးရဲ႕ ဦးေနွာက္ဟာ ၃ ေပါင္ခန္႔ အေလးခ်ိန္ရွိၿပီး အမ်ိဴးသမီးတစ္ဦးကေတာ့ ၂.၇၅ ေပါင္ ေလးလံပါတယ္။ အမ်ဳိးသားေတြမွာ အျဖဴေရာင္ အစိတ္အပိုင္းပိုမ်ားၿပီး အမ်ဳိးသမီးေတြမွာေတာ့ မီးခိုးေရာင္ အစိတ္အပိုင္း ပိုမ်ားပါတယ္။
(၂)     ကြ်န္ုပ္တို႔ရဲ႕ စိတ္ခံစားမႈနဲ႔ စိတ္ခံစားမႈမွတ္ဉာဏ္ကို အာ႐ံုခံႏိုင္တဲ့ ဦးေနွာက္တြင္းရွိ ေနရာတစ္ခုဟာ အမ်ဳိးသားေတြမွာ ပိုမိုႀကီးမားတာ ေတြ႕ရပါတယ္။
(၃)     မွတ္ဥာဏ္နဲ႔ သင္ယူႏိုင္စြမ္းရည္ကို ဗဟိုျပဳတဲ့ ဦးေနွာက္အစိတ္အပိုင္း အေနနဲ႔ကေတာ့ အမ်ဳိးသမီးေတြမွာ ပိုမိုႀကီးမားပါတယ္။
(၄)     အမ်ဳိးသမီးေတြဟာ တစ္ခ်ိန္တည္းမွာ အလုပ္မ်ားစြာကို ျပဳလုပ္ႏိုင္ေသာ္လည္း အမ်ဳိးသားေတြကေတာ့ ထိုသို႔ျပဳလုပ္ရန္ စိတ္ညစ္ညဴးတတ္ၾကပါတယ္။
(၅)     အမ်ဳိးသမီးေတြဟာ ဦးေနွာက္တည္ေဆာက္ပံုအရ ကိစၥတစ္ခုခုရဲ႕ အေသးစိတ္ကအစ မွတ္မိတတ္ၿပီး အမ်ဳိးသားေတြကေတာ့ အေရးႀကီးအခ်က္ေတြကိုသာ မွတ္မိတတ္ပါတယ္။
(၆)     လမ္းေပ်ာက္တဲ့အခါမွာ အမ်ဳိးသမီးမ်ားက လမ္းညြန္ဆိုင္းဘုတ္မ်ားကို ျပန္လည္ျမင္ေယာင္တတ္ၿပီး အမ်ဳိးသားေတြကေတာ့ လာခဲ့တဲ့ခရီးအကြာအေ၀းနဲ႔ ဦးတည္ရာလမ္းေၾကာင္းေတြကို ျပန္လည္ျမင္ေယာင္ၾကပါတယ္။
(၇)     အမ်ဳိးသားေတြဟာ အမ်ဳိးသမီးမ်ားထက္ လိင္ကိစၥအေၾကာင္း ပိုမိုေတြးေတာတတ္ၾကၿပီး လိင္နဲ႔ပတ္သက္တဲ့အေတြးေတြ လြမ္းမိုးေလ့ရွိၾကပါတယ္။
(၈)     အမ်ဳိးသမီးေတြဟာ ပိုမိုစကားမ်ားတတ္ၿပီး တစ္ေန႔တာမွာ ေယာက်္ားေတြ ေျပာတာထက္ သံုးဆ ပိုမိုေျပာဆိုႏိုင္ပါတယ္။
(၉)     အမ်ဳိးသားနဲ႔ အမ်ဳိးသမီးတို႔ဟာ ဟာသတစ္ခုအေပၚ လက္ခံႏိုင္စြမ္း ကြဲျပားပါတယ္။
(၁၀)     စကားတစ္ခြန္းအေပၚမွာ အမ်ဳိးသမီးေတြဟာ စိတ္ခံစားမႈနဲ႔ က်ဳိးေၾကာင္းေ၀ဖန္မႈမပါဘဲ နားေထာင္လက္ခံႏုိင္ေပမယ့္ အမ်ဳိးသားေတြကေတာ့ ယုုတၱိက်မႈ ရွိ/မရွိ တစ္ဆက္တည္း ေတြးေတာေလ့ရွိပါတယ္။ ဒါေၾကာင့္ အမ်ဳိးသမီးေတြဟာ အမ်ဳိးသားေတြထက္စာရင္ ျမႇပ္္ထားတဲ့အခ်က္ေတြကို ပိုမိုသိျမင္လြယ္တာ ျဖစ္ပါတယ္။
(၁၁)     အမ်ဳိးသားတစ္ေယာက္ဟာ ေပြ႕ဖက္ျခင္းခံရတဲ့အခါ ဘာမွသိပ္မထူးျခားႏုိင္ေပမယ့္ အမ်ဳိးသမီးတစ္ေယာက္ စကၠန္႔ ၂၀ ေပြ႕ဖက္ျခင္းခံရတဲ့အခါ မိမိကိုယ္ကိုယံုၾကည္မႈနဲ႔ ေပ်ာ္ရႊင္မႈကို တိုးပြားေစပါတယ္။
(၁၂)     အမ်ဳိးသမီးေတြဟာ အမ်ဳိးသားေတြထက္ စနစ္က်ၿပီး သပ္ရပ္မႈရွိတတ္ၾကပါတယ္။
(၁၃)     အမ်ဳိးသမီးေတြ ကိစၥအမ်ားႀကီးအေပၚ အာ႐ံုထားေနစဥ္ အမ်ဳိးသားေတြက ကိစၥတစ္ခုတည္းမွာ အာ႐ံုစိုက္ႏိုင္တာမုိ႔ အေျခအေနတစ္ခုကို ပိုၿပီးျမန္ဆန္စြာ တံုျပန္ႏိုင္ပါတယ္။
(၁၄)     အမ်ဳိးသားေတြရဲ႕ ဦးေနွာက္ဟာ အခ်ိန္ၾကာတာနဲ႔အမွ် က်ဳံ႕နိုင္စြမ္း ပိုျမန္ဆန္ပါတယ္။ ဒါေၾကာင့္ အမ်ဳိးသမီးႀကီးေတြဟာ အသက္ႀကီးတဲ့ထိ မွတ္ဉာဏ္ေကာင္းမြန္တတ္ၾကတာ ျဖစ္ပါတယ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)