/
news/အမျိုးသားများနှင့်ကျန်းမာရေး/အမျိုးသားတို့-ကျန်းမာရေးအတွက်-လိုက်နာဆောင်ရွက်-ဤ-6-ချက်

အမျိုးသားတို့ ကျန်းမာရေးအတွက် လိုက်နာဆောင်ရွက် ဤ (6) ချက်

Category
အမျိုးသားများနှင့်ကျန်းမာရေး

1.          အိပ်ချိန် လုံလောက်ပါစေ။ တစ်ညကို 7-9 နာရီလောက် အိပ်ဖို့ လိုအပ်ပါတယ်။

2.          ဆေးလိပ်ဖြတ်ပါ။ အခု ဆေးလိပ်ဖြတ်လိုက်ရုံနဲ့ ကင်ဆာရောဂါ၊ နာတာရှည် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းရောဂါ အပါအဝင် အခြားဆေးလိပ်ကြောင့် ဖြစ်တဲ့ရောဂါတွေ ဖြစ်နိုင်ခြေ နည်းသွားတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

3.          လေ့ကျင့်ခန်း လုပ်ပါ။ အေရိုးဗစ်လေ့ကျင့်ခန်းနဲ့ ကြွက်သား သန်မာစေတဲ့ လေ့ကျင့်ခန်းတွေ တစ်ပတ်ကို 2 နာရီခွဲလောက်ကြာအောင် လုပ်ဖို့ ကြိုးစားပါ။

4.         ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်ပါ။ နေ့စဉ်စားတဲ့ အစားအစာတွေမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးမျိုးစုံ ပါဝင်အောင် စားသုံးပါ။

5.          စိတ်ဖိစီးမှုကို လျှော့ချပါ။ မူးယစ်ဆေးဝါးနဲ့ အရက်ကို ရှောင်ကြဉ်ပြီး ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေးကောင်းတစ်ခု ဖန်တီးကာ အထောက်အပံ့တွေ ရယူမယ်ဆိုရင် စိတ်ကို ပိုပြီးအပန်းပြေစေနိုင်ပါတယ်။

6.         ပုံမှန်ဆေးစစ်ပါ။ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတွေကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် သွေးဖိအားနဲ့ သွေးတွင်းအဆီဓာတ်ကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ သွေးတိုးခြင်းက လိင်တံ ထောင်မတ်နိုင်စွမ်းကိုလည်း အနှောင့်အယှက် ဖြစ်စေပါတယ်။ ဆီးကျိတ်ကင်ဆာနဲ့ အူမကြီးကင်ဆာတွေကိုလည်း ပုံမှန်စစ်ဆေးဖို့ လိုပါတယ်။ စောစောစစ်ပြီး စောစောသိပါက ရလဒ်ကောင်းတွေ ရရှိနိုင်ပါတယ်။ ဆေးစစ်တာကို ဘယ်လောက်တစ်ကြိမ် လုပ်သင့်သလဲ ဆိုတာကတော့ တစ်ဦးချင်းစီရဲ့ နောက်ခံရာဇဝင်၊ မိသားစုရာဇဝင်၊ လူမျိုး၊ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက် စတာတွေအပေါ် မူတည်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)