/
news/အမျိုးသားများနှင့်ကျန်းမာရေး/အမျိုးသားတို့-ခန့်ညား-စမတ်ကျစေဖို့အတွက်-ကျန်းမာရေးအလေ့အကျင့်ကောင်း

အမျိုးသားတို့ ခန့်ညား စမတ်ကျစေဖို့အတွက် ကျန်းမာရေးအလေ့အကျင့်ကောင်း ၁၀ ချက်

Category
အမျိုးသားများနှင့်ကျန်းမာရေး

1.   အသားအရည်ကို ဂရုစိုက်ပါ။

အသားအရည်မခြောက်သွေ့အောင် အစိုဓာတ်ထိန်းဆေး (moisturizer ) လိမ်းပါ။ အရေးအကြောင်းတွေမပေါ်စေဖို့၊ တင်းတိပ်နဲ့မှဲ့ခြောက်တွေမဖြစ်၇လေအောင် နေရောင်ကာ ခရင် (sunscreen )လိမ်းဖို့လည်းအရေးကြီးတယ်နော်။ ဒီ ၂ ခုကို သွားတိုက်တာ၊ မုတ်ဆိတ်ရိတ်တာလိုမျိုး အလေ့အကျင့်ဖြစ်သွားအောင်ကိုလုပ်ပါ။ပိုမို ကြည့်ကောင်းလာပါလိမ့်မယ်။

 

2.   ဆေးလိပ်ဖြတ်ပါ။

စီးကရက်က အသားအရေတွန့်စေတဲ့နေရာမှာ နေရောင်ခြည်ထက်ပိုဆိုးပါတယ်။ ဒီတော့ ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်တာကြောင့် အရေပြားက collagen နဲ့ elastin တွေကို ကုန်ဆုံးစေပြီးတော့ အိုမင်းရင့်ရော်မှုကိုမြန်စေပါတယ်။ ပြီးတော့ အသားအရေကိုလည်းမွဲခြောက်စေပါတယ်။

 

3.   ကျန်းမာရေးနဲ့ညီညွတ်စွာစားပါ။

ကျန်းမာရေးနဲ့အညီစားရင် အသားအရေတွေလည်းပိုပြီးတော့စိုပြေလာမယ်၊ ဆံသားတွေတောက်ပြောင်လာပြီးတော့ ပိုမိုကြည့်ကောင်းစေပါတယ်။ အဆီများတဲ့အသားနည်းနည်းပဲစားပြီးတော့ ကောက်ပဲသီးနှံ၊ သံလွင်ဆီ၊ ငါးများများစားပေးပါ။

Oligocare IA 1

4.   အိပ်ရေးဝဝအိပ်ပါ။

အနည်းဆုံးတော့ တစ်ညကိုရှစ်နာရီအိပ်ဖို့လိုပါတယ်။ အိပ်စက်ခြင်းက အရေပြားအပါအဝင် ခန္ဓာကိုယ်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေကိုပြန်လည်ပြုပြင်ပေးပါတယ်။ ပြီးတော့ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ အရေးအကြောင်းတွေကိုလည်း လျော့နည်းစေပါတယ်။ အိပ်ရေးပျက်ရင်တော့ မျက်လုံးအောက်ကအရေးအကြောင်းတွေကိုပိုဆိုးစေပါတယ်။ ကိုယ့်ပုံတွေကိုယ်ပြန်ကြည့်ကြည့်ပါ။

 

5.   ရေဓာတ်ပြည့်ဝအောင်နေပါ။

အရေပြားကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ အထူးသဖြင့် နေကြောင့်ဖြစ်တဲ့ ပျက်စီးမှုတွေကိုပြန်တိုက်ဖျက်နိုင်ဖို့အတွက် ရေလိုပါတယ်။ တစ်နေ့ကို ရေ ၈ဖန်ခွက်သောက်ခြင်းအားဖြင့် ခန္ဓာကိုယ်က အဆိပ်အတောက်တွေကိုဖယ်ရှားပေးရုံသာမက အရေပြားအတွင်းပိုင်းထဲအထိ အာဟာရဓာတ်တွေကိုသယ်ဆောင်ပေးပါတယ်။

 

6.   ကျန်းမာရေးနဲ့ညီညွတ်တဲ့ကိုယ်အလေးချိန်ကိုထိန်းထားပါ။

ဝနေရင် ကိုယ်အလေးချိန်ချတာက ကြည့်ကောင်းဖို့ပဲမဟုတ်ပါဘူး။ လေဖြတ်တာ၊ ဆီးချို၊ ကင်ဆာနဲ့ တခြားရောဂါတွေကိုပါကာကွယ်ဖို့ပါ။

အမြန်နည်းနဲ့ diet လုပ်ပြီးဝိတ်ချတာမျိုးမလုပ်ပါနဲ့။ တစ်ခါစားရင်နည်းနည်းပဲစားတာမျိုးလုပ်ပါ။ အကြော်စာတွေလိုမျိုး ကယ်လိုရီများတဲ့အစားအစာတွေကိုရှောင်ပါ။

Oligocare IA 2

7.   Antioxidant တွေကို သုံးပါ။

ဗီတာမင် A, C, E ကဲ့သို့သော သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေမှာတွေ့ရတဲ့ အင်တီအောက်ဆီးဒင့်တွေကတော့ ကျွနု်ပ်တို့အတွက် မရှိမဖြစ်ပါပဲ။ ဒါတွေက အသားအရည်ပြန်လည်ပြုပြင်ဖို့နဲ့ ဆွဲဆန့်အားကိုကောင်းစေပြီးတော့ နှလုံးရောဂါနဲ့ကင်ဆာရောဂါဖြစ်နိုင်ချေတွေကိုလျော့ကျစေပါတယ်။

 

8.   နှလုံးခုန်မြန်စေတဲ့ Cardio လေ့ကျင့်ခန်းတွေလုပ်ပါ။

Cardio လေ့ကျင့်ခန်းတွေက စိတ်ဖိစီးမှုတွေကိုလျှော့ချပေးပြီးတော့ စိတ်ပျော်စေရုံသာမက အသားအရေကိုလည်းတောက်ပစေပါတယ်။ တစ်နေ့ကို နာရီဝက်လောက် နှလုံးခုန်မြန်စေတဲ့ ဘယ်လေ့ကျင့်ခန်းကိုမဆိုလုပ်ပေးပါ။ လမ်းလျှောက်တာ၊ စက်ဘီးစီးတာနဲ့ ချွေးထွက်စေမယ့်ဘယ်လေ့ကျင့်ခန်းကိုမဆိုလုပ်လို့ရပါတယ်။ ဒဏ်ရာရလောက်အောင် အရမ်းပြင်းပြင်းထန်ထန်နဲ့ မြန်မြန်ကြီးတွေလည်းလုပ်ဖို့မလိုပါဘူး။ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ စိတ်ပျော်ပြီးတော့ ပေါ့ပါးဖို့လိုပါတယ်။

 

9.   အရက်ကိုအလွန်အကျွံမသောက်ပါနဲ့။

အရက်က ကျန်းမာရေးအတွက် ဆိုးကျိုးတွေ အများကြီး ဖြစ်စေနိုင်တာမို့လို့ အလွန်အကျွံ မသောက်မိစေဖို့ အရေးကြီးပါတယ်။

 

10.   မတ်မတ်ရပ်ပါ။

ကိုယ်နေဟန်ထားမှန်မှန်နေဖို့ တကယ်ကိုလိုအပ်ပါတယ်။ လမ်းလျှောက်တဲ့အခါ ရင်ကိုမတ်မတ်ထားပြီး စမတ်ကျကျ လျှောက်ပါ။ ထိုင်တဲ့အခါမှာလဲ ခါးဆန့်ဆန့်နဲ့ စမတ်ကျကျထိုင်ပါ။ အဓိကကြွက်သားတွေကိုသန်မာစေဖို့အတွက် ကျွမ်းကျင်သူတွေနဲ့တိုင်ပင်ပြီးတော့ ကြွက်သားလေ့ကျင့်ခန်းလေးတွေလုပ်ပေးဖို့လိုပါတယ်။

www.drmyanmar.com