အမျိုးသားတို့ နှစ်စဥ်ပြုလုပ်ပေးသင့်သော ကျန်းမာရေးစစ်ဆေးမှုများ
အမျိုးသားတို့ဆိုတာ ဆေးခန်းသွားရမှာ၊ ကျန်းမာရေးစစ်ဆေးမှုခံယူရမှာကို ငြင်းဆန်တတ်ကြသူတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျန်းမာပြီး အသက်ရှည်ရှည် နေထိုင်နိုင်ဖို့အတွက် ဖော်ပြပါ ကျန်းမာရေးစစ်ဆေးမှုတွေကို တစ်နှစ်တစ်ကြိမ် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
၁။ သွေးတွင်းသကြားဓာတ်စစ်ဆေးခြင်း
ဆီးချိုသွေးချိုရောဂါဟာ နာတာရှည်ရောဂါဖြစ်ပြီးတော့ ကုသမှုသေချာမခံယူတဲ့အခါ နှလုံးရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ လိင်တံထောင်မတ်ရန်ခက်ခဲခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရတတ်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ ကိုယ့်မှာ ဆီးချိုသွေးချိုရောဂါ ရှိ၊ မရှိကို သိဖို့အတွက် သွေးတွင်းသကြားဓာတ်ကို နှစ်စဥ် စစ်ဆေးကြဖို့ လိုအပ်ပါတယ်။
Oligocare IA 1

၂။ အရေပြားစစ်ဆေးခြင်း
မျိုးရိုးထဲမှာ အရေပြားကင်ဆာဖြစ်ဖူးသူရှိရင် (သို့) ငယ်ငယ်လေးထဲက နေလောင်ဒဏ်ခံရတဲ့ အလုပ်လုပ်နေသူဆိုရင် ကိုယ့်မှာ အရေပြားကင်ဆာဖြစ်နိုင်ခြေ ရှိ၊ မရှိကို အရေပြားအထူးကုဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်တဲ့ စစ်ဆေးကုသမှုတွေ ခံယူပေးသင့်ပါတယ်။
Oligocare IA 2

၃။ PSA စစ်ဆေးခြင်း
PSA (Prostate-specific antigen) ဆိုတာ ဆီးကျိတ်ကင်ဆာဖြစ်ရင် သွေးထဲမှာများလာတတ်တဲ့ ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အမျိုးသား ခုနစ်ယောက်မှာ တစ်ယောက်လောက်ကတော့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေရှိလို့ အသက် ၅၀-၇၀ ကြား အမျိုးသားတွေဟာ တစ်နှစ်တစ်ကြိမ်တော့ သွေးတွင်း PSA ပမာဏကို စစ်ဆေးကြည့်သင့်ပါတယ်။ အသက် ၄၀ အရွယ်မှာ စစစ်ရင်တော့ ပိုပြီကောင်းပါတယ်။