အမျိုးသားတွေနဲ့ အရိုးပါးရောဂါ
အသက် ၅၀ ကျော် အမျိုးသား ၅ ယောက်မှာ ၁ ယောက်နှုန်းလောက်က အရိုးပါးရောဂါကြောင့်ဖြစ်တဲ့ အရိုးကျိုးခြင်းကို ခံစားရနိုင်ပါတယ်။ အရိုးပါးရောဂါဆိုတာက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ရောဂါဆိုပေမယ့် အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။
တကယ်လို့ အမျိုးသားတွေမှာ အရိုးပါးရောဂါ ဖြစ်ပြီဆိုရင်တော့ အရိုးကျိုးနိုင်ချေနဲ့ အသက်သေဆုံးနိုင်ချေက အမျိုးသမီးတွေထက် ပိုများပါတယ်။ ဒါ့ကြောင့် အမျိုးသားတွေမှာ အရိုးကျန်းမာရေးကောင်းမွန်စေဖို့ အောက်ပါအချက်တွေကို လိုက်နာကြဖို့ လိုအပ်ပါတယ်။
● အရိုးကျိုးခဲ့ရင်၊ အရိုးကျိုးနိုင်ချေရှိခဲ့ရင် (DEXA) လို့ခေါ်တဲ့ အရိုးသိပ်သည်းမှု စစ်ဆေးချက်ကို ပြုလုပ်ပါ။
● ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအသောက်တွေကို များများစားပေးပါ။
● ဗီတာမင်ဒီ ပါဝင်တဲ့ အားဆေးကို သောက်သုံးပါ။
● ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန် လုပ်ရတဲ့အခါ ထိခိုက်ဒဏ်ရာမရအောင် ဂရုစိုက်ပါ။
● တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။
● ကိုယ်နေဟန်ထား မှန်ကန်အောင် ဂရုစိုက်ပါ။
Osteocare 1
● လမ်းလျှောက်နေရင်း အာရုံများသောအလုပ်များ မလုပ်ပါနှင့်။
● ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။
● အရက် အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ။
● အရိုးကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေးပြဿနာ တစ်ခုခုရှိလာခဲ့ရင် ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။
● ကျန်းမာရေးအခြေအနေ တစ်ခုခုကြောင့် ဆေးတွေသောက်ရတဲ့အခါ ဆေးတွေရဲ့ အရိုးကျန်းမာရေးအပေါ် ထိခိုက်နိုင်မှု ရှိ၊ မရှိ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်ပါ။
အရိုးကျန်းမာရေး ကောင်းမွန်ပြီး ကျန်းမာသန်စွမ်းသူများ ဖြစ်နိုင်ကြပါစေ။
ဒေါက်တာအောင် (www.drmyanmar.com)
Osteocare 2
(Zawgyi)
အသက္ ၅၀ ေက်ာ္ အမ်ိဳးသား ၅ ေယာက္မွာ ၁ ေယာက္ႏႈန္းေလာက္က အ႐ိုးပါးေရာဂါေၾကာင့္ျဖစ္တဲ့ အ႐ိုးက်ိဳးျခင္းကို ခံစားရႏိုင္ပါတယ္။ အ႐ိုးပါးေရာဂါဆိုတာက အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားတဲ့ေရာဂါဆိုေပမယ့္ အမ်ိဳးသားေတြမွာလည္း ျဖစ္ႏိုင္ပါတယ္။
တကယ္လို႔ အမ်ိဳးသားေတြမွာ အ႐ိုးပါးေရာဂါ ျဖစ္ၿပီဆိုရင္ေတာ့ အ႐ိုးက်ိဳးႏိုင္ေခ်နဲ႔ အသက္ေသဆုံးႏိုင္ေခ်က အမ်ိဳးသမီးေတြထက္ ပိုမ်ားပါတယ္။ ဒါ့ေၾကာင့္ အမ်ိဳးသားေတြမွာ အ႐ိုးက်န္းမာေရးေကာင္းမြန္ေစဖို႔ ေအာက္ပါအခ်က္ေတြကို လိုက္နာၾကဖို႔ လိုအပ္ပါတယ္။
● အ႐ိုးက်ိဳးခဲ့ရင္၊ အ႐ိုးက်ိဳးႏိုင္ေခ်ရွိခဲ့ရင္ (DEXA) လို႔ေခၚတဲ့ အ႐ိုးသိပ္သည္းမႈ စစ္ေဆးခ်က္ကို ျပဳလုပ္ပါ။
● ကယ္လ္စီယမ္ႂကြယ္ဝတဲ့ အစားအေသာက္ေတြကို မ်ားမ်ားစားေပးပါ။
● ဗီတာမင္ဒီ ပါဝင္တဲ့ အားေဆးကို ေသာက္သုံးပါ။
● ကိုယ္လက္လႈပ္ရွားမႈ ျပင္းျပင္းထန္ထန္ လုပ္ရတဲ့အခါ ထိခိုက္ဒဏ္ရာမရေအာင္ ဂ႐ုစိုက္ပါ။
● တစ္ေန႔ကို အနည္းဆုံး မိနစ္ ၃၀ ခန႔္ ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္ပါ။
● ကိုယ္ေနဟန္ထား မွန္ကန္ေအာင္ ဂ႐ုစိုက္ပါ။
● လမ္းေလွ်ာက္ေနရင္း အာ႐ုံမ်ားေသာအလုပ္မ်ား မလုပ္ပါႏွင့္။
● ေဆးလိပ္ေသာက္သုံးျခင္းကို ေရွာင္ၾကဥ္ပါ။
● အရက္ အလြန္အကြၽံေသာက္ျခင္းကို ေရွာင္ၾကဥ္ပါ။
● အ႐ိုးက်န္းမာေရးကို ထိခိုက္ေစႏိုင္တဲ့ က်န္းမာေရးျပႆနာ တစ္ခုခုရွိလာခဲ့ရင္ ဆရာဝန္နဲ႔ ျပသတိုင္ပင္ပါ။
● က်န္းမာေရးအေျခအေန တစ္ခုခုေၾကာင့္ ေဆးေတြေသာက္ရတဲ့အခါ ေဆးေတြရဲ႕ အ႐ိုးက်န္းမာေရးအေပၚ ထိခိုက္ႏိုင္မႈ ရွိ၊ မရွိ ဆရာဝန္နဲ႔ ေသခ်ာတိုင္ပင္ၿပီးမွ ေသာက္ပါ။
အ႐ိုးက်န္းမာေရး ေကာင္းမြန္ၿပီး က်န္းမာသန္စြမ္းသူမ်ား ျဖစ္ႏိုင္ၾကပါေစ။
ေဒါက္တာေအာင္ (www.drmyanmar.com)






























