အမျိုးသားတွေမှာတွေ့ရတဲ့ သားသမီးမရနိုင်သော လက္ခဏာများ
အမျိုးသားများမှာတွေ့ရတဲ့ သားသမီးမရနိုင်တဲ့ လက္ခဏာတွေကတော့ တိကျသေချာမှုမရှိပါဘူး။ ဒါကြောင့် ကလေးမရသည့်တိုင်အောင် အများစုကသတိမထားမိကြပါဘူး။ သားသမီးမရနိုင်တဲ့ ရောဂါအမျိုးအစားပေါ် မူတည်ပြီးရောဂါလက္ခဏာတွေကကွဲပြားပါတယ်။
တွေ့ရများတဲ့ ရောဂါ လက္ခဏာများမှာ -
1) ခန္ဓာကိုယ်တွင် အမွှေးအမျှင်ပေါက်ပုံပြောင်းလဲလာခြင်း
2) လိင်ဆက်ဆံလိုတဲ့စိတ်ဆန္ဒပြောင်းလဲခြင်း/မရှိခြင်း
3) ေ၀ှးစေ့နာကျင်ခြင်း၊ ယောင်ယမ်းခြင်း၊ အလုံးအကျိတ်ရှိခြင်း
4) လိင်ဆက်ဆံမှု နှင့် သုတ်ထုတ်လွှတ်နိုင်မှုတွင် ပြဿနာရှိခြင်း
5) သေးငယ်မာကျောသောဝှေးစေ့ရှိခြင်း တို့ဖြစ်ကြပါတယ်။
Mg Hlaing Thwin (www.drmyanmar.com)






























