/
news/အမျိုးသားများနှင့်ကျန်းမာရေး/အမျိုးသားတွေမှာ-ကြွက်နို့ရောဂါဖြစ်စေသော-hpv-ဗိုင်းရပ်စ်ပိုး

အမျိုးသားတွေမှာ ကြွက်နို့ရောဂါဖြစ်စေသော HPV ဗိုင်းရပ်စ်ပိုး

Category
အမျိုးသားများနှင့်ကျန်းမာရေး

HPV virus (Human Papilloma Virus) ကြောင့်ဖြစ်တဲ့ ကြွက်နို့ရောဂါအကြောင်းဆိုရင် အမျိုးသမီးတွေကို ဦးတည်ပြောတာများပါတယ်။ ဒီဗိုင်းရပ်စ်ပိုးက အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်နိုင်ခြေများလို့ဖြစ်ပါတယ်။ အမျိုးသားတွေမှာ ဒီဗိုင်းရပ်စ်ပိုးဝင်ရင်လည်း ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေမှာ ဒီဗိုင်းရပ်စ်ပိုး ဝင်ရောက်ခြင်းနည်းအောင် ဘယ်လိုလုပ်နိုင်လဲ ဆိုတာကို သိထားဖို့ အရေးကြီးပါတယ်။ဒီဗိုင်းရပ်စ်ပိုးက အမျိုးသားတွေမှာ မျိုးပွားအင်္ဂါကင်ဆာ (ဖြစ်ခဲသောကင်ဆာ) နဲ့ အမျိုးသမီးတွေမှာလိုပဲ အမျိုးသားတွေကိုပါ ကြွက်နို့ဖြစ်စေပါတယ်။
အမျိုးသားများတွင် HPV ဗိုင်းရပ်စ်ပိုးဝင်ရောက်နိုင်သောအချက်များမှာ -
◾ HPV ဗိုင်းရပ်စ်ပိုးအမျိုးပေါင်း 30 ကျော်လောက်က မျိုးပွားကင်ဆာတွေနဲ့ဆက်စပ်မှုရှိပြီး အမျိုးသားစအိုနဲ့ လိင်တံကင်ဆာတွေဖြစ်စေပါတယ်။ ဒီကင်ဆာနှစ်မျိုးလုံးက အထူးသဖြင့် ကိုယ်ခံအားကောင်းတဲ့ အမျိုးသားတွေမှာ ဖြစ်ပါတယ်။
◾ လိင်မှုကိစ္စမှာတက်ကြွတဲ့ မိန်းမစိတ်ရှိတဲ့ အမျိုးသားတွေ (Active Gay) နဲ့ အမျိုးသမီးကော အမျိုးသားနဲ့ပါ ဆက်ဆံတတ်သူတွေ (Bisexual Men) မှာ ပုံမှန်အမျိုးသားတွေထက် စအိုကင်ဆာဖြစ်နိုင်ခြေ 17 ဆပိုများပါတယ်။ HIV ရောဂါပိုးရှိတဲ့ အမျိုးသားတွေမှာလည်း ဒီကင်ဆာဖြစ်နိုင်ခြေပိုများပါတယ်။ HPV ဗိုင်းရပ်စ်အခြားအမျိုးအစားတွေက ကင်ဆာဖြစ်ခဲပြီးတော့ မျိုးပွားအင်္ဂါမှာ ကြွက်နို့တွေပေါက်တတ်ပါတယ်။

>> ရောဂါလက္ခဏာများ
ကင်ဆာဖြစ်စေတဲ့ HPV အမျိုးအစားတွေက အမျိုးသား၊ အမျိုးသမီးတွေမှာ ရောဂါလက္ခဏာ ဖြစ်လေ့မရှိပါဘူး။ ကင်ဆာမဖြစ်စေဘဲ ကြွက်နို့ပဲပေါက်စေတဲ့ ဗိုင်းရပ်စ်အမျိုးအစားတွေမှာတော့ ပထမဆုံး ပြတဲ့ ရောဂါလက္ခဏာက မျိုးပွားအင်္ဂါမှာကြွက်နို့ပေါက်ခြင်းဖြစ်ပါတယ်။

>> စစ်ဆေးမှုများ
ရောဂါသတ်မှတ်နိုင်ဖို့အတွက် မျိုးပွားအင်္ဂါနေရာကို ကြွက်နို့ရှိ/မရှိ ကြည့်ပါလိမ့်မယ်။
အမျိုးသားတွေမှာ ကင်ဆာဖြစ်စေတဲ့ဗိုင်းရပ်စ်တွေကို ပုံမှန်အတိုင်းစစ်ဆေးနေတဲ့ စမ်းသပ်မှုမရှိပါဘူး။ ဒါပေမယ့် HPV ကြောင့်ကင်ဆာဖြစ်နိုင်ခြေများတဲ့ Active Gay တွေနဲ့ Bisexual Men တွေမှာတော့ Pap test နဲ့ စစ်ဆေးနိုင်ပါတယ်။ Pap test ဆိုတာကတော့ ဆရာဝန်က စအိုကဆဲလ်တွေကိုယူပြီးတော့ ပုံမှန်ဟုတ်/မဟုတ် ဓာတ်ခွဲခန်းမှာစစ်ဆေးခြင်းဖြစ်ပါတယ်။

>> ကုထုံးများ
ရောဂါလက္ခဏာမပြတဲ့သူတွေအတွက် ကုသဖို့မလိုပါဘူး။
HPV ကြောင့်ဖြစ်တဲ့ အခြားကျန်းမာရေးပြဿနာတွေကိုပဲ ကုသပါတယ်။ မျိုးပွားအင်္ဂါမှာ ကြွက်နို့တွေ ပေါက်လာရင်ကော ကုထုံးအမျိုးမျိုးရှိပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့လိမ်းဆေးတွေကို အိမ်မှာလိမ်းနိုင်ပါတယ်။ ဒါမှမဟုတ် ဆရာဝန်က ကြွက်နို့တွေကို ခွဲစိတ်ပြီးတော့ (သို့) အေးခဲစေပြီးတော့ ဖယ်ရှားပါလိမ့်မယ်။

>> အမျိုးသားများအတွက် HPV ကာကွယ်ဆေး
2006 ခုနှစ်မှာ အမျိုးသမီးတွေအတွက်ထောက်ခံမှုပေးလိုက်တဲ့ Human HPV Virus Gardasil ဆိုတဲ့ ကာကွယ်ဆေးကို 2009 ခုနှစ်မှာ အမျိုးသားတွေမှာအသုံးပြုနိုင်တယ်လို့ဆိုပါတယ်။ ဒီကာကွယ်ဆေးက အသက် 9 နှစ်မှ 26 နှစ်ရှိ အမျိုးသားတွေမှာ HPV 6 နဲ့ HPV 11 ကြောင့်ဖြစ်တဲ့ မျိုးပွားအင်္ဂါကြွက်နို့တွေကို ကာကွယ်နိုင်ပါတယ်။ 2010 နောက်ပိုင်းမှာ ဒီကာကွယ်ဆေးကို စအိုကင်ဆာကာကွယ်နိုင်တယ်လို့ အသိအမှတ် ပြုလိုက်ပါတယ်။
ဒီနှစ်ပိုင်းတွေအတွင်းကပဲ အစားအသောက်နှင့်ဆေးဝါးအသင်းက Gardasil 9 ဆိုတဲ့ ကာကွယ်ဆေးကို အတည်ပြုလိုက်ပါတယ်။ ဒီကာကွယ်ဆေးက HPV 6 နဲ့ HPV 11 တွေအပြင် HPV 31, HPV 33, HPV 45, HPV 52 နဲ့ HPV 58 တွေကိုပါကာကွယ်နိုင်ပါတယ်။ ဒီပိုးအမျိုးအစားတွေကတော့ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်မှုနဲ့ 90% သက်ဆိုင်ပါတယ်။ ဒီကာကွယ်ဆေးကိုတော့ အသက် 9 နှစ်မှ 15 နှစ်အမျိုးသားတွေမှာ အသုံးပြု နိုင်တယ်လို့အတည်ပြုထားပါတယ်။

>> လိင်ဆက်ဆံဘက်တွေမှာကော ဒီ HPV ပိုးကို ဘယ်လိုထိန်းချုပ်နိုင်ပါသလဲ
အချိန်ကာလတော်တော်ကြာကြာ လိင်ဆက်ဆံခဲ့တဲ့သူမှာ HPV ပိုးရှိရင်တော့ သူရဲ့လိင်ဆက်ဆံဖက် မှာလည်း ပိုးကူးပြီးသားဖြစ်နိုင်ပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက်ပိုပြီးလွယ်ကူစွာ HPV ပိုးကင်းစင်နိုင်ပါတယ်။ ယေဘုယျအားဖြင့် အမျိုးသမီးတွေမှာ ဒီပိုးက 2 နှစ်လောက်ကြာမှ လုံးဝပျောက်သွား နိုင်ပါတယ်။
သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ HPV ပိုးက ဒီပိုးရှိတဲ့အမျိုးသမီးနဲ့ လိင်ဆက်ဆံတဲ့အမျိုးသားကို ကျန်းမာရေးပြဿနာတွေမဖြစ်စေပါဘူး။ လိင်ဆက်ဆံဖက်တစ်ယောက်မှာ HPV ပိုးရှိတာနဲ့သူက အခြားတစ်ယောက်နဲ့ လိင်ဆက်ဆံထားတာမကြာသေးဘူးလို့ မဆိုလိုပါဘူး။ ဒီပိုးက ရောဂါလက္ခဏာမပြဘဲ ခန္ဓာကိုယ်မှာ နှစ်အတော်ကြာ ခိုအောင်းနေတတ်ပါတယ်။

>> HPV ပိုးမပျံ့နှံ့အောင် ဘယ်လိုကာကွယ်နိုင်ပါသလဲ
လိင်ဆက်ဆံမှုမပြုခြင်းကတော့ HPV ပိုးမကူးအောင်ကာကွယ်နိုင်တဲ့ အသေချာဆုံးနည်းလမ်းပါပဲ။ HPV ပိုးမရှိတဲ့ ဆက်ဆံဖက်တစ်ဦးတည်းနဲ့ပဲ လိင်ဆက်ဆံတဲ့သူနဲ့ပဲ လိင်ဆက်ဆံမယ်ဆိုရင် ကူးစက်နိုင်ခြေ လျော့နည်းပါတယ်။

>> HPV ကူးစက်မှုလျော့နည်းစေတဲ့နည်းလမ်းတွေကတော့ -
- လိင်ဆက်ဆံဖက် အရေအတွက်ကိုကန့်သတ်ထားခြင်း
- အရင်က လိင်ဆက်ဆံမှုမရှိသူ (သို့) လိင်ဆက်ဆံမှုနည်းသူနှင့်သာ အတူနေခြင်း
- ကွန်ဒုံးအသုံးပြုခြင်းတို့ ဖြစ်ကြပါတယ်။
HPV ပိုးက အရေပြားချင်းထိတွေ့ရင်ကူးစက်နိုင်တဲ့အတွက် ဒီနည်းလမ်းတွေက 100% တော့ မကာကွယ်နိုင်ပါဘူး။ ကွန်ဒုံးဖုံးအုပ်ထားခြင်းမရှိတဲ့ နေရာတွေမှာ ပိုကူးနိုင်ပါတယ်။

Dr. MMMS (www.drmyanmar.com)