/
news/အမျိုးသားများနှင့်ကျန်းမာရေး/အမျိုးသားတွေအတွက်-မရှိမဖြစ်-ဗီတာမင်လမ်းညွှန်

အမျိုးသားတွေအတွက် မရှိမဖြစ် ဗီတာမင်လမ်းညွှန်

Category
အမျိုးသားများနှင့်ကျန်းမာရေး

          အာပာာရပြည့်၀ ကျန်းမာနေမှ အရာရာကို ဦးဆောင်နိုင်တဲ့ ယောက်ျားကောင်းတွေ ဖြစ်မှာနော်။ အမျိုးသားတွေက ကြွက်သားတွေ သန်မာနေဖို့၊ အရပ်ရှည်ဖို့ အဓိကထားကြသူတွေပီပီ ပရိုတင်း အသားဓာတ်တွေ ကယ်လိုရီတွေကိုတော့ မဖြစ်မနေ ပြည့်၀အောင် စားသုံးကြပါတယ်။ ထမင်းဆိုလည်း အများကြီး စားနိုင်ကြသလို အသားဓာတ် ဖြည့်တင်းဖို့လည်း အလေးအနက်ထားလေ့ ရှိပါတယ်။ ဒါပေမဲ့ တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း အဓိကအာပာာရဓာတ်တွေ ပြည့်၀နေပေမယ့် တကယ်လိုအပ်နေတဲ့ အဏုအာပာာရဓာတ်တချို့ကိုတော့ မေ့လျော့နေတတ်ကြလို့ ဒါလေးတွေ ဖတ်ထားရင် အများကြီး အကျိုးရှိစေမှာပါ။

●        ဗီတာမင်ဒီပာာ သွားနဲ့အရိုးတွေ ခိုင်မာဖို့ အဓိကကျတဲ့ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ကိုယ်ခံအားတက်စေပြီး ဆီးချိုကာကွယ်သလို စိတ်ဖိစီးမှုတွေ စိတ်ကျရောဂါတွေကိုပါ ကာကွယ်နိုင်တဲ့ စူပါဓာတ်လို့ ဆိုရမှာပါ။

          အရိုးပါစားနိုင်တဲ့ ငါးကလေးတွေ၊ နွားနို့၊ ဆော်လမွန်ငါး ဆာဒင်းငါးတွေကနေ ရရှိနိုင်ပါတယ်။

          နေရောင်ခြည်ကနေလည်း ရနိုင်ပါတယ်။ နောက်ပြီး အမျိုးသားပောာ်မုန်းပမာဏကိုလည်း မြင့်တက်စေကြောင်း သုတေသနတချို့က ဆိုကြပါတယ်။

●        ပဲအမျိုးမျိုး၊ အမဲသား၊ အသည်းအမြစ်၊ ပာင်းနုနွယ် စတာတွေကနေ ရရှိနိုင်တဲ့သံဓာတ်ပာာ သွေးအားတိုးဖို့ အရေးပါဆုံးပါတဲ့။ အကြောင်းအရင်း မယ်မယ်ရရမရှိဘဲ နွမ်းနယ်နေတာ၊ အလွယ်တကူ မောပန်းတတ်တာတွေဖြစ်နေရင် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါများ ဖြစ်နေသလား စဉ်းစားကြဖို့ ဖြစ်ပါတယ်။

●        အိုင်အိုဒင်းဓာတ်ချို့တဲ့ရင် လည်ပင်းကြီးရောဂါတွေ ဖြစ်စေသလို ပောာ်မုန်းတည်ဆောက်မှုတွေလည်း ကမောက်ကမဖြစ်ကုန်မှာဖြစ်ပါတယ်။ ပင်လယ်ငါး၊ ရေညှိ၊ နွားနို့နဲ့ ပေါင်မုန့်တွေကနေ ရရှိနိုင်သလို အိုင်အိုဒင်းဆား နေ့စဉ်စားသုံးမှုကနေလည်း ရရှိနိုင်ပါတယ်။

Revicon 1

●        ကြွက်သားတွေ အာရုံကြောတွေအတွက် လိုအပ်တဲ့ မဂ္ဂနီဆီယမ်ချို့တဲ့ရင် သွေးကြောတွေ မာလာတတ်သလို လေဖြတ်လေငန်းနဲ့ နှလုံးရောဂါတွေကို ဦးတည်နေပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါ အရက်စွဲနေသူတွေ အသက်ကြီးသူတွေမှာ မဂ္ဂနီဆီယမ် ချို့တဲ့နေတတ်ပါတယ်။

●        သွေးအားကောင်းဖို့အတွက်ကတော့ သံဓာတ်အပြင် ဗီတာမင် B12 ဓာတ်လည်း လိုအပ်ပါတယ်။ အသား၊ ငါး၊ နွားနို့၊ ကြက်ဥတွေကနေ ရရှိနိုင်ပြီး အာရုံကြောတွေ အားကောင်းဖို့ သွေးအားတက်ဖို့ တကယ်လိုအပ်တဲ့ သက်စောင့်ဓာတ် ဖြစ်ပါတယ်။

●        အနာမြန်မြန်ကျက်ဖို့ ကိုယ်ခံအားကောင်းဖို့ကတော့ သွပ်ဓာတ်ဇင့်ဓာတ်က အရေးအပါဆုံးဖြစ်မှာပါ။ အမျိုးသားပောာ်မုန်းနဲ့လည်း ဆက်စပ်နေပါသတဲ့။ အမဲသား၊ ၀က်သား၊ ကမာကောင်၊ အယ်လမွန်စေ့၊ ပဲတွေကနေ ပေါပေါများများ ရရှိနိုင်ပါတယ်။

●        ပျော်ရွှင်ခြင်း ဗီတာမင်ဖြစ်တဲ့ ဗီတာမင် C ကတော့ အလိုအပ်ဆုံးထဲက တစ်ခုပါပဲ။ အနာကျက်မြန်ဖို့၊ စိတ်ရွှင်လန်းဖို့ အလွယ်တကူ မဖျားနာဖို့ အသားအရေကောင်းဖို့ ကူညီပေးနိုင်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Revicon 2

(Unicode)

