အမျိုးသားတွေ ကာမစွမ်းအား မြင့်တက်အောင် ဘာတွေကြိုးစားကြည့်သင့်သလဲ?
● ငှက်ပျောသီးနဲ့ ထောပတ်သီးမှာ ကာမစွမ်းအားတက်စေတဲ့ ဗီတာမင်တွေ လိင်အဂါၤ သွေးစီးဆင်းမှု ကောင်းစေတဲ့ဓာတ်တွေ ပြည့်ဝနေတာကြောင့် အမြဲစားပေးပါ။
● ချောကလက် စားပါ။ သုတေသနတစ်ခုအရ ချောကလက်ဟာ လိင်သာယာမှု ဟော်မုန်းပမာဏကို မြင့်တက်စေပြီး စိတ်လန်းဆန်းစေတာကြောင့် လိင်စိတ်တိုးပွားစေပါတယ်။
● ကြက်သွန်ဖြူ၊ ပင်စိမ်းရွက်နဲ့ တရုတ်ဆေးပင် Gingko မှာ လိင်စိတ် အားကောင်းစေတဲ့ဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေလို့ စားဖြစ်အောင် စားပါ။
● နေ့စဉ် ဝိုင်တစ်ခွက် သောက်ပါ။ ဝိုင်ဟာ လိင်စိတ် လှုံဆော်ပေးပြီး စိတ်ဖိစီးမှု ကျဆင်းစေပါတယ်။
● နေ့စဉ် တရားထိုင်ပါ။ တရားထိုင်တာ၊ ပန်းချီဆွဲတာ စိတ်ငြိမ်အောင် ဝါသနာပါရာ တစ်ခုခု လုပ်နေခြင်းဖြင့် အာရုံစူးစိုက်အား ကောင်းလာပြီး လိင်ဆက်ဆံဖို့ အာရုံ ပြန်စိုက်လာစေပါတယ်။
● အမျိုးသားဟော်မုန်း မြင့်တက်လာဖို့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ပါ။ အိပ်ရေး၀၀ အိပ်ပါ။
● မိန်းမချောလေးတွေကို ကြည့်ပါ။ အိမ်က အမျိုးသမီးနဲ့ ညှိနှိုင်းပါ။ တစ်ယောက်နဲ့တစ်ယောက် အတိုင်အဖောက်ညီညီ အိပ်ရာပေါ်မှာ နှစ်ပါးသွားနိုင်ဖို့ လိင်ကိစ္စတွေကို ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ပါ။ ကာမ လစ်ဟာချက်တွေကို ဆွေးနွေးရင်း၊ သူမ လိုအပ်တာကို ဖြည့်ဆည်းပေးရင်း ပုံမှန်အတူနေပေးခြင်းဖြင့် လိင်ဆက်ဆံမှု သာယာတဲ့ဘ၀ကို ထိန်းသိမ်းပါ။
● ဘယ်လိုမှ စိတ်မလည်လာရင်တော့ အတွင်းရောဂါ တစ်ခုခု ဖြစ်နေတတ်တာရယ်၊ သင့်တော်ရာဆေး မှီဝဲဖို့ရယ်အတွက် ဆရာဝန်သာ ပြသတိုင်ပင်လိုက်ပါတော့လို့ အကြံပြုပါရစေ။
မာလာခင် (စိန်ပန်း) (www.drmyanmar.com)






























