/
news/အမျိုးသားများနှင့်ကျန်းမာရေး/အမျိုးသားများတွင်-ဆီးလမ်းကြောင်းပိုးဝင်ခြင်း

အမျိုးသားများတွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်း

Category
အမျိုးသားများနှင့်ကျန်းမာရေး

ဆီးလမ်းကြောင်းပိုးဝင်ခြင်းဆိုတာ ကျောက်ကပ်၊ ဆီးစုပြွန်၊ ဆီးအိမ်နဲ့ ဆီးစွန့်ပြွန် စတဲ့ ဆီးလမ်းကြောင်းတစ်လျှောက် ဘယ်နေရာမှာမဆို ဘက်တီးရီးယားပိုးဝင်ရောက်တာကို ဆိုလိုပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်လေ့ရှိပေမယ့် အမျိုးသားတွေမှာ လုံးဝမဖြစ်နိုင်ဘူးလို့ မပြောနိုင်ပါဘူး။ အတူနေဖော် အမျိုးသမီးမှာ လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေ ရှိတဲ့အခါ ကိုယ့်ဆီကူးစက်ခံရပြီးတော့ ဆီးလမ်းကြောင်းပိုးဝင်တာမျိုး အဖြစ်များပါတယ်။ အမျိုးသားတွေမှာဖြစ်ရင်တော့ ရောဂါပိုးဟာ ကျောက်ကပ်နဲ့ ဆီးစုပြွန်အထိ ရောက်လေ့ရှိလို့ ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

Oligocare IA 1

ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ လက္ခဏာများ

ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ဆီးပူ၊ ဆီးကျဥ်၊ ဆီးအောင့်တာအပြင် ဆီးခဏခဏသွားတာ၊ ဆီးကျန်သလို ခံစားရတာ၊ တစက်စက်နဲ့ဆီးထွက်ကျတာ၊ ဆီးစပ်နေရာက နာကျင်တာမျိုးလည်း ဖြစ်လေ့ရှိပါတယ်။ ပြင်းထန်ရင်တော့ ချမ်းတုန်ဖျားတာ၊ ခါးနာတာ၊ ပျို့အန်တာတွေပါ ဖြစ်နိုင်ပါတယ်။

ဘယ်သူတွေမှာ ပိုဖြစ်နိုင်သလဲ?

ဆီးချိုသွေးချိုရောဂါရှိသူတွေ၊ ဆီးကျောက်တည်သူတွေ၊ ကိုယ်ခံအားနည်းသူတွေ၊ ရေသောက်နည်းသူတွေနဲ့ ဆီးသွားချင်တာကို အောင့်ထားလေ့ရှိသူတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။

Oligocare IA 2

ဘယ်လိုကုသမှုတွေ ခံယူသင့်သလဲ?

အမျိုးသားတွေမှာဖြစ်ရင် ကျောက်ကပ်နဲ့ဆီးစုပြွန်လိုမျိုး ဆီးလမ်းကြောင်းအပေါ်ပိုင်းမှာ ဖြစ်တတ်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေပါ။ ကိုယ်ဖြစ်တဲ့ရောဂါလက္ခဏာပေါ်မူတည်ပြီးတော့ ပိုးသတ်ဆေး၊ အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေးတွေ သောက်ပေးဖို့ လိုကောင်းလိုနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေအပြင် ကိုယ်တိုင်ကလည်း ရေများများသောက်ပေးဖို့ လိုပါလိမ့်မယ်။ Cranberry ဖျော်ရည်ကလည်း ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက်  အထောက်အကူပေးနိုင်တယ်လို့ ဆိုကြပါတယ်။

အမျိုးသားတွေအနေနဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်သင့်သလဲ ?

• ရေများများသောက်ပါ။
• မကြာခဏ ဆီးသွားပေးပါ။
• ဆီးသွားချင်တဲ့အခါ အောင့်မထားဘဲ ချက်ချင်းသွားပါ။
• ရေချိုးတဲ့အခါ လိင်တံထိပ်အရေပြားကို သန့်ရှင်းပေးပါ။
• အတူနေတဲ့အခါ အကာအကွယ်သုံးပါ။
• အတူနေပြီးတိုင်းမှာ ဆီးသွားပြီး အမျိုးသားအင်္ဂါကို သန့်ရှင်းပေးပါ။

(www.drmyanmar.com)