/
news/အမျိုးသားများနှင့်ကျန်းမာရေး/အမျိုးသားများအတွက်-ဆရာ၀န်ကိုမေးမြန်းရန်-စိုးရွံ့နေတတ်သည့်မေးခွန်း

အမျိုးသားများအတွက် ဆရာ၀န်ကိုမေးမြန်းရန် စိုးရွံ့နေတတ်သည့်မေးခွန်း 10 ခု

Category
အမျိုးသားများနှင့်ကျန်းမာရေး

1. ကျွန်တော်၏ ေ၀ှးစေ့ (သို့) ကပ်ပယ်အိတ်ထဲတွင် တစ်စုံတစ်ရာကိုစမ်းမိနေသည်မှာ ပုံမှန်ဖြစ်ပါသလား?

          ေ၀ှးစေ့အပြင်ဘက်နှင့် ကပ်ပယ်အိတ်အတွင်း၌ ပုံမှန်အင်္ဂါအစိတ်အပိုင်းများစွာရှိပါသည်။ မူမမှန်မှုများမှာ -

-   ကပ်ပယ်အိတ် (အထူးသဖြင့် ဘယ်ဘက်) တွင် သံကောင်တုတ်ကောင်များကို အစုလိုက်အပြုံလိုက်စမ်းမိသည်ဟု ခံစားရပါက သွေးကြောများပုံမှန်ထက်ပိုမိုဖောင်းနေသော အစုအေ၀း (Varicocele)ပင် ဖြစ်သည်။ နောက်ဆက်တွဲအနေဖြင့် မျိုးပွားမှုစွမ်းရည်ကျဆင်းခြင်းနှင့် ေ၀ှးစေ့အရွယ်အစားသေးခြင်းများကို ဖြစ်စေနိုင်ပါသည်။

-   ေ၀ှးစေ့ပတ်လည်တွင် အရည်များစုေ၀းလာခြင်း (Hydrocele)

-   ေ၀ှးစေ့ဟုခေါ်သော epididymis တွင် အရည်အိတ်များဖြစ်ပေါ်ခြင်း (Spermatocele)

        အကယ်၍ ေ၀ှးစေ့အတွင်း၌ အလုံးစမ်းမိပါကမူ ေ၀ှးစေ့ကင်ဆာဟုတ်/မဟုတ်ကို စစ်ဆေးသင့်ပါသည်။

          အမျိုးသားများသည် ေ၀ှးစေ့ကို လက်တစ်ဖက်ကထိန်း၍ အခြားတစ်ဖက်မှကိုင်တွယ်စမ်းသပ်ခြင်းမျိုးကို ရေချိုးစဉ် အနည်းဆုံးတစ်လတစ်ကြိမ်ခန့်ပြုလုပ်သင့်ပါသည်။ ပုံမှန်မဟုတ်သော အရာတစ်ခုကိုစမ်းမိပါက ဆရာ၀န်နှင့်ပြသရန် အရေးကြီးလှပါသည်။

2. အမျိုးသားများ၏ လိင်တံသည်ကျိုးနိုင်ပါသလား?

          ကျိုးနိုင်ပါသည်။ လိင်တံကိုအရိုးဖြင့်ဖွဲ့စည်းထားခြင်းမဟုတ်သော်လည်း အလွန်ပင်သန်မာ၍ တောင့်တင်းသောအလွှာဖြင့် ဖွဲ့စည်းထားပြီး လိင်တံအားထောင်မတ်စေရန် အကူအညီပေးပါသည်။ အမျိုးသမီးနှင့် ဆက်ဆံစဉ် တစ်သျှူးများပြဲသွားခြင်းကြောင့် လိင်တံကျိုးခြင်းဖြစ်စေနိုင်ပါသည်။ ၎င်းအလွှာအောက်တွင် သွေးများစုပုံနေခြင်းကြောင့် နောက်ဆက်တွဲအနေဖြင့် သွေးများဒလဟောထွက်လာနိုင်ပါသည်။ အလွန်ပင်နာကျင်သောအခိုက်အတန့်ဖြစ်၍ အညိုအမဲစွဲ၍ ယောင်ယမ်းခြင်းများအပြင် လိင်တံထောင်မတ်ခြင်းကိုပါ မပြုလုပ်နိုင်တော့သောအရေးပေါ်အခြေအနေတစ်ခုဖြစ်ပါသည်။

 

3. ပုံမှန်သုတ်ရည်သည် မည်ကဲ့သို့ရှိသနည်း။ မည်သည့်အချိန်တွင် စိုးရိမ်ပူပန်သင့်သနည်း?

          ပုံမှန်သုတ်ရည်သည် အဖြူရောင်အပျစ်ရည်တစ်မျိုးဖြစ်သော်လည်း အပျစ်အကျဲမှာ အမျိုးမျိုးဖြစ်နိုင်ပါသည်။

-   သုတ်ရည်ထဲတွင် သွေးပါသောအခြေအနေများ (hematospermia) သည် ဆီးကျိတ်ရောဂါများနှင့် ဆက်စပ်လျက်ရှိသည်။

-   သုတ်စွန့်ထုတ်ချိန်တွင် နာကျင်၍အနံ့ဆိုးများရှိပါက ရောဂါပိုးရှိ/မရှိကို ဆရာ၀န်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

 

4. ငယ်ရွယ်သူတစ်ဦး လိင်တံမထောင်မတ်နိုင်ခြင်းမှာ ပုံမှန်ဖြစ်ပါသလား?

          အသက် 50 အောက်တွင် လိင်တံမထောင်မတ်နိုင်ခြင်းမှာ 5 ရာခိုင်နှုန်းခန့်တွင်သာဖြစ်လေ့ရှိခြင်းကြောင့် ဆရာ၀န်ထံမှ အကြံဉာဏ်ရယူသင့်ပါသည်။

          ငယ်ရွယ်စဉ်အချိန်တွင် လိင်တံမထောင်မတ်နိုင်ခြင်းမှာ အောက်ပါတို့နှင့်ဆက်စပ်လျက်ရှိသည်။

-ယခင်က လိင်အင်္ဂါကို ထိခိုက်ခံရဖူးခြင်း

-သွေးကြောဆိုင်ရာပြဿနာများ

-ဆီးချိုရောဂါ၊ သွေးတိုးရောဂါများကဲ့သို့ အာရုံကြောနှင့်သွေးကြောများကို ထိခိုက်စေနိုင်သောရောဂါများ

    -အခြားဆေးဝါးများ၊ မူးယစ်ဆေးဝါးများနှင့် ဆေးလိပ်သောက်ခြင်းများကြောင့်လည်း လိင်အင်္ဂါမထောင်မတ်နိုင်မှုများ ဖြစ်စေနိုင်ပါသည်။

 

5. အမျိုးသားလိင်အင်္ဂါ၏ ပုံမှန်အရွယ်အစားမှာမည်မျှနည်း။ ပို၍ကြီးထွားအောင်ပြုလုပ်၍ ရနိုင်ပါသလား?

          ပုံမှန်အရွယ်အစားမှာ 3.5 မှ 7.5 လက်မထိရှိပြီး အများအားဖြင့် 5.5 လက်မခန့်ရှိကြသည်။ ပုံမှန်အရွယ်လိင်တံကို ကြီးထွားအောင်ပြုလုပ်ရန် စိတ်ချရသော နည်းလမ်းကောင်းများမှာမူ မရှိပေ။

 

6. လိင်တံတွင် ၀က်ခြံကဲ့သို့အနာပေါက်ခြင်းသည် အရေးကြီးပါသလား? လိင်အင်္ဂါ (သို့) ကပ်ပယ်အိတ်တွင် မည်သည့်အနာမျိုးကိုပုံမှန်မဟုတ်ဟု သတ်မှတ်နိုင်ပါသနည်း?

          လိင်အင်္ဂါအနီးရှိ မွှေးညင်းပေါက်များတွင် ရောဂါပိုး၀င်ခြင်းမှာ ပုံမမှန်သောအရာတစ်ခု မဟုတ်သော်ငြားလည်း အောက်ပါအခြေအနေတို့ကို သတိပြုမိပါက ဆရာ၀န်နှင့်ကုသမှုခံယူပါ။

-   အရေပြားပွန်းခြင်း (သို့) အနာဖြစ်ခြင်း

-   လိင်အင်္ဂါကြွက်နို့ (ပန်းဂေါ်ဖီခေါင်းနှင့်ဆင်တူသည်)

-   ရောင်ရမ်း၍ ပြည်များထွက်လာခြင်း

 

7. အမျိုးသမီးထံမှ အမျိုးသားထံသို့ ဆီးလမ်းကြောင်းပိုးကူးစက်နိုင်ပါသလား? လိင်မှတဆင့်ကူးစက်တတ်သောရောဂါများကို အိမ်သာထိုင်ခုံမှနေ၍ ကူးစက်နိုင်ပါသလား?

          ပုံမှန်အားဖြင့် ဆီးလမ်းကြောင်းဆိုင်ရာရောဂါများကို လိင်မှတဆင့်ကူးစက်တတ်သောရောဂါများဟု မသတ်မှတ်ထားပေ။ သို့ရာတွင် လိင်မှတဆင့်ကူးစက်တတ်သောရောဂါအချို့သည် ဆီးရောဂါများနှင့် ဆင်တူလေ့ရှိသည်။ ဆီးလမ်းကြောင်းပိုး၀င်ခြင်း၏ အဓိကအမျိုးအစားဖြစ်သော E.coli ပိုးမှာ ၎င်းနေရာတွင် ယခင်ကပင်ရှိသော ပိုးဖြစ်၍ လိင်မှတဆင့် ကူးစက်ခြင်းမဟုတ်ပေ။

-   အမျိုးသမီးမှတဆင့် အမျိုးသားထံသို့ ဆီးရောဂါပိုးကို မကူးစက်နိုင်ပေ။

-   မသန့်ရှင်းသော အိမ်သာခုံမှ ပိုး၀င်နိုင်သော်လည်း ပုံမှန်မှာမူ ဖြစ်လေ့ဖြစ်ထမရှိပေ။

 

8. အမျိုးသားလိင်အင်္ဂါထိပ်ဖျားမှ အရေပြားကိုဖြတ်တောက်သင့်/မသင့်?

          ယခုအချိန်ထိတိုင်အောင် ငြင်းခုန်နေရဆဲဖြစ်ပြီး ပြုလုပ်ခြင်း၊ မပြုလုပ်ခြင်းသည် မိမိကိုယ်တိုင်၏ဆုံးဖြတ်ချက်သာဖြစ်သည်။

          အမေရိကန်နိုင်ငံ ကလေးဆရာ၀န်များအကယ်ဒမီ၏ ပြောကြားချက်အရ ကောင်းကျိုးမှာဆိုးကျိုးထက် ပိုမိုများပြားနိုင်သော်ငြားလည်း မွေးကင်းစကလေးများတွင် ပြုလုပ်ခြင်းကိုမူ အားမပေးထားပေ။ အရွယ်ရောက်ပြီးသူများနှင့် လူကြီးများတွင် ပန်းငုံခြင်း (phimosis) ကို ကုသရန်နှင့် လိင်တံဆိုင်ရာရောဂါပိုးများကုသရန်အတွက်မူ ၎င်းအရေပြားကို ဖြတ်တောက်နိုင်ပါသည်။

 

9. လိင်အင်္ဂါကွေးနေခြင်းကို ကုသင့်ပါသလား?

          ၎င်းအခြေအနေကို Peyronie’s disease ဟုခေါ်၍ လိင်တံသည် 30 ဒီဂရီလောက်ထိကွေးနေနိုင်ပြီး မည်သည့်ပြဿနာကိုမျှ မဖြစ်ပေါ်စေနိုင်ပါ။ 30 ဒီဂရီထက်ပိုမိုကောက်ကွေးနေပါကမူ လိင်ဆက်ဆံခြင်းကို ထိခိုက်စေနိုင်ပါသည်။ ၎င်းပြဿနာကို ဖြေရှင်းရန်-

-   ဆရာ၀န်သည် ကော်လဂျင်မပါသောဆေးများကို တစ်သျှူးများအတွင်း ထည့်ပေးခြင်း

-   ဆရာ၀န်သည် တစ်သျှူးများကိုခွဲစိတ်၍ အစားထိုးပစ္စည်းများ ထည့်ပေးခြင်း

-   ဆရာ၀န်သည် လိင်တံကို ခွဲစိတ်ခြင်းဖြင့် ပြန်၍ ဖြောင့်မတ်ပေးခြင်း တို့ကို ပြုလုပ်ပေးနိုင်သည်။

 

10. ဆီးသွားချိန်ကြာမြင့်ခြင်းနှင့် ဆီးသွားခြင်းစတင်ရန် ခက်ခဲခြင်းတို့သည် စိုးရိမ်စရာအခြေအနေများဖြစ်ပါသလား?

          ဆီးသွားခြင်းဆိုင်ရာပြဿနာအများစုသည် ဆီးကျိတ်ကြီးခြင်းနှင့်ဆပ်စပ်လျက်ရှိပါသည်။ အချို့အခြေအနေများတွင် ဆေးဝါးများဖြင့်ကုသ၍ရနိုင်သော်လည်း ပိုမို၍ဆိုးရွားသောအခြေအနေများ (ဆီးကုန်အောင်မသွားနိုင်ခြင်း) တွင်မူ ခွဲစိတ်ကုသမှု ခံယူရန်လိုအပ်ပါသည်။

          အချို့သူများသည် ၎င်းရောဂါလက္ခဏာများကို ဆီးကျိတ်ကင်ဆာကြောင့်ဟု အထင်ရှိကြသော်လည်း အများအားဖြင့် ဆက်စပ်လေ့မရှိပေ။ အကယ်၍ဖြစ်ခဲ့ပါက အလွန်ပင်နောက်ကျနေသော ကင်ဆာအဆင့်တွင်သာ ဖြစ်ပွားလေ့ရှိသည်။

 

Dr. Moe Thauk Pan

www.drmyanmar.com