/
news/အမျိုးသားများနှင့်ကျန်းမာရေး/အမျိုးသားများ-ရင်သားကင်ဆာ-သတိပြုစေလို

အမျိုးသားများ ရင်သားကင်ဆာ သတိပြုစေလို

Category
အမျိုးသားများနှင့်ကျန်းမာရေး

        အမျိုးသားများဟာလည်း အမျိုးသမီးများကဲ့သို့ ရင်သားကင်ဆာဖြစ်နိုင်တယ်လို့ သုတေသီတို့က ဆိုပါတယ်။ အမေရိကန်နိုင်ငံတွင် တစ်နှစ်လျှင် ရင်သားကင်ဆာဖြစ်သော အမျိုးသားပေါင်း 2000 ကျော်ရှိပြီး ရင်သား ကင်ဆာကြောင့်သေဆုံးမှုမှာ 500 ကျော်တယ်လို့သိရပါတယ်။ အမျိုးသားတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ချေ ရှိတာကိုအမျိုးသားအများစုက မယုံကြည်ကြတာကြောင့် စမ်းသပ်စစ်ဆေးမှုတွေ နှောင့်နှေးပြီး အသက် ၆၀-၇၀ အရွယ်မှ သိကြပါတယ်။ သိတဲ့အချိန်မှာလည်း ကင်ဆာရောဂါအဆင့် မြင့်နေတတ်ပါတယ်။ အမျိုးသမီးများကဲ့သို့ပင် အမျိုးသားများမှာဖြစ်တဲ့ ရင်သားကင်ဆာဟာ အစပိုင်းမှာ နာကျင်မှုမရှိဘဲ လက်နဲ့စမ်းလို့ရတဲ့ အကျိတ်ကနေ စဖြစ်ပါတယ်။ ဒါပေမယ့် တော်တော်များများကတော့ ရင်သားတွေ အလွန်အမင်း နာကျင်လာတော့မှဘဲ သတိပြု မိကြပါတယ်။

Htet (www.drmyanmar.com)