/
news/အမျိုးသားများနှင့်ကျန်းမာရေး/အမျိုးသားများ-အရွယ်တင်-ကျန်းမာစေဖို့-လျှို့ဝှက်ချက်

အမျိုးသားများ အရွယ်တင် ကျန်းမာစေဖို့ လျှို့ဝှက်ချက်

Category
အမျိုးသားများနှင့်ကျန်းမာရေး

          ကျား/မ ဖြစ်တည်မှု၊ မျိုးရိုးဗီဇနဲ့ စိတ်ပိုင်းဆိုင်ရာအချက်တွေက အသက်ကြီးလာချိန်မှာ ကြုံတွေ့ရတဲ့ ပြောင်းလဲမှုတွေအပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်။ အရက် အလွန်အကျွံ မသောက်သော၊ ဆေးလိပ်မသောက်သော၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသုံးပြီး ကိုယ်အလေးချိန် ထိန်းထားတတ်သော၊ ခုခံအားကောင်းသော အမျိုးသားတွေက အသက်ကြီးလာသော်လည်း အရွယ်တင်ပြီး ကျန်းမာပါတယ်။ အမျိုးသားတွေအတွက် အရွယ်တင်စေဖို့ လျှို့ဝှက်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
 
1.       နှလုံးနှင့် သွေးတိုးရောဂါကို တိုက်ဖျက်ပါ။
          အသက်ကြီးလာတာနဲ့အမျှ နှလုံးနဲ့ သွေးတိုးရောဂါ ဖြစ်နိုင်ခြေလည်း မြင့်တက်လာပါတယ်။ အသက် 60 အရွယ် အမျိုးသားတစ်ယောက်က နှလုံးရောဂါ ဖြစ်နိုင်ခြေ 75% ရှိပါတယ်။
          သွေးတိုးရှိရင် သွေးပေါင် ပုံမှန်ထိန်းထားနိုင်ပါစေ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာစားပါ။ ဆေးလိပ်ဖြတ်ပါ။
 
2.       ဦးနှောက်ကို ထက်မြက်နေပါစေ၊ စိတ်လန်းဆန်းနေပါစေ။
          အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်ဆဲလ်လေးတွေ သေဆုံးပြီး ဦးနှောက်ပြောင်းလဲမှုတွေ ဖြစ်လာပါတယ။် မှတ်ဉာဏ်၊ မှတ်နိုင်စွမ်းအားနဲ့ တုန့်ပြန်နိုင်မှုတွေ လျော့ကျလာပါတယ်။ စိတ်ကျရောဂါလည်း အဖြစ်များပါတယ်။
          စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေ၊ လူမှုရေးလုပ်ငန်းတွေ၊ ဂီတတွေ၊ မိတ်ဆွေတွေနဲ့ များများတွေ့ဆုံခြင်း၊ အိမ်မွေးတိရစ္ဆာန်လေးတွေမွေးခြင်း စတာတွေ ပြုလုပ်ပြီး ဦးနှောက်ကို လန်းဆန်းထက်မြက်နေအောင် ထားပါ။ စိတ်ကျရောဂါ ခံစားရရင် ဆရာဝန်ဆီမှာ အတိုင်ပင်ခံ ဆွေးနွေးမှု ခံယူပါ။
 
3.       ခန္ဓာကိုယ်အတွင်းက ဇီဝကမ္မဖြစ်စဉ်ကို စောင့်ကြည့်ပါ။ အိပ်ရေးဝဝ အိပ်စက်ပါ။
          ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှုနဲ့ ဟော်မုန်းအပြောင်းအလဲတွေက ကိုယ်အလေးချိန်ကျခြင်း၊ တက်ခြင်းတွေ ဖြစ်စေပါတယ်။ အိပ်စက်ချိန်တွေကိုလည်း ပြောင်းလဲသွားစေပါတယ်။
          အိပ်စက်မှုပြဿနာဖြစ်ရင် ပုံမှန်အိပ်နေကျအချိန်မှာ အိပ်ရာဝင်ပြီး ပုံမှန်အချိန်အတိုင်း အိပ်ရာထတဲ့ အလေ့အကျင့် ပြုလုပ်ပါ။ နေ့လယ်ဘက် တရေးအိပ်တတ်တဲ့ အကျင့်ရှိတယ်ဆိုရင် ညဘက်အိပ်ချိန်ကို အနှောင့်အယှက် မဖြစ်စေဖို့အတွက် ထိန်းချုပ်ပါ။ ဒါတွေကို အိပ်ချိန်ကို ပုံမှန်ပြန်ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ ကိုယ်အလေးချိန် ကျခြင်း၊ တက်ခြင်းတွေအတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

Revicon 1

4.       အသားအရေကို လျစ်လျူရှုမထားပါနဲ့။
          အသက်ကြီးလာတာနဲ့အမျှ အရေပြားတွေ လျော့ရဲလာပြီး ထိခိုက်ဒဏ်ရာ ပိုပြီးဖြစ်စေနိုင်ပါတယ်။ နေလောင်ခြင်းကဲ့သို့သော အရေပြားပြဿနာတွေ ပိုပြီးကြုံတွေ့ရတတ်ပါတယ်။
          အသားအရေပုံစံ၊ ထိတွေ့မှု၊ အရောင်အပြာင်းအလဲကို သတိထားကြည့်ပါ။ သံသယဖြစ်စရာ တစ်ခုခုတွေ့ရင် ဆရာဝန်ပြပါ။
 
5.       ဆီးကျိတ်ပြဿနာတွေကို သေချာကုသပါ။
          ဆီးကျိတ်ကြီးပြီး ဆီးနည်းခြင်း၊ ဆီး ခဏခဏသွားရခြင်းတွေ ဖြစ်တတ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ဆီးကျိတ်ရောင်ခြင်းတွေကလည်း ပိုဖြစ်လာတတ်ပါတယ်။
          ဆီးပြဿနာတစ်ခုခုရှိရင် ဆရာဝန်နဲ့ပြပြီး ကုသမှု ခံယူပါ။
 
6.       အရိုးပွနိုင်တဲ့ အပြုအမူတွေကို ရှောင်ကြဉ်ပါ။
          အသက်ကြီးလာတာနဲ့အမျှ အရိုးပွလာပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေနဲ့ယှဉ်ရင် အသက်တော်တော်ကြီးမှ အရိုးပြဿနာတွေ ကြုံတွေ့ရတတ်ပေမယ့် ပေါင်ရိုးကျိုးခြင်းကဲ့သို့သော အရိုးပြဿနာတွေရဲ့ ပြင်းထန်မှုနဲ့ သေဆုံးမှုနှုန်းက အမျိုးသားတွေမှာ ပိုများပါတယ်။
          လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ အရက်နှင့် ဆေးလိပ် ရှောင်ကြဉ်ခြင်းတွေက အရိုးပွခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

www.drmyanmar.com

Revicon 2

(Zawgyi)

          က်ား/မ ျဖစ္တည္မႈ၊ မ်ိဳးရိုးဗီဇနဲ႔ စိတ္ပိုင္းဆိုင္ရာအခ်က္ေတြက အသက္ႀကီးလာခ်ိန္မွာ ၾကဳံေတြ႕ရတဲ့ ေျပာင္းလဲမႈေတြအေပၚ အက်ိဳးသက္ေရာက္မႈ ရွိပါတယ္။ အရက္ အလြန္အကၽြံ မေသာက္ေသာ၊ ေဆးလိပ္မေသာက္ေသာ၊ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အစားအစာေတြကို စားသုံးၿပီး ကိုယ္အေလးခ်ိန္ ထိန္းထားတတ္ေသာ၊ ခုခံအားေကာင္းေသာ အမ်ိဳးသားေတြက အသက္ႀကီးလာေသာ္လည္း အရြယ္တင္ၿပီး က်န္းမာပါတယ္။ အမ်ိဳးသားေတြအတြက္ အရြယ္တင္ေစဖို႔ လၽွို႔ဝွက္ခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
 
1.       ႏွလုံးႏွင့္ ေသြးတိုးေရာဂါကို တိုက္ဖ်က္ပါ။
          အသက္ႀကီးလာတာနဲ႔အမၽွ ႏွလုံးနဲ႔ ေသြးတိုးေရာဂါ ျဖစ္နိုင္ေျခလည္း ျမင့္တက္လာပါတယ္။ အသက္ 60 အရြယ္ အမ်ိဳးသားတစ္ေယာက္က ႏွလုံးေရာဂါ ျဖစ္နိုင္ေၿခ 75% ရွိပါတယ္။
          ေသြးတိုးရွိရင္ ေသြးေပါင္ ပုံမွန္ထိန္းထားနိုင္ပါေစ၊ ေလ့က်င့္ခန္း ပုံမွန္လုပ္ပါ။ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အစားအစာစားပါ။ ေဆးလိပ္ျဖတ္ပါ။
 
2.       ဦးေႏွာက္ကို ထက္ျမက္ေနပါေစ၊ စိတ္လန္းဆန္းေနပါေစ။
          အသက္ႀကီးလာတာနဲ႔အမၽွ ဦးေႏွာက္ဆဲလ္ေလးေတြ ေသဆုံးၿပီး ဦးေႏွာက္ေျပာင္းလဲမႈေတြ ျဖစ္လာပါတယ။္ မွတ္ဉာဏ္၊ မွတ္နိုင္စြမ္းအားနဲ႔ တုန႔္ျပန္နိုင္မႈေတြ ေလ်ာ့က်လာပါတယ္။ စိတ္က်ေရာဂါလည္း အျဖစ္မ်ားပါတယ္။
          စိတ္ပိုင္းဆိုင္ရာ ေလ့က်င့္ခန္းေတြ၊ လူမႈေရးလုပ္ငန္းေတြ၊ ဂီတေတြ၊ မိတ္ေဆြေတြနဲ႔ မ်ားမ်ားေတြ႕ဆုံျခင္း၊ အိမ္ေမြးတိရစၧာန္ေလးေတြေမြးျခင္း စတာေတြ ျပဳလုပ္ၿပီး ဦးေႏွာက္ကို လန္းဆန္းထက္ျမက္ေနေအာင္ ထားပါ။ စိတ္က်ေရာဂါ ခံစားရရင္ ဆရာဝန္ဆီမွာ အတိုင္ပင္ခံ ေဆြးေႏြးမႈ ခံယူပါ။
 
3.       ခႏၶာကိုယ္အတြင္းက ဇီဝကမၼျဖစ္စဥ္ကို ေစာင့္ၾကည့္ပါ။ အိပ္ေရးဝဝ အိပ္စက္ပါ။
          ဇီဝကမၼျဖစ္စဥ္ ေျပာင္းလဲမႈနဲ႔ ေဟာ္မုန္းအေျပာင္းအလဲေတြက ကိုယ္အေလးခ်ိန္က်ျခင္း၊ တက္ျခင္းေတြ ျဖစ္ေစပါတယ္။ အိပ္စက္ခ်ိန္ေတြကိုလည္း ေျပာင္းလဲသြားေစပါတယ္။
          အိပ္စက္မႈျပႆနာျဖစ္ရင္ ပုံမွန္အိပ္ေနက်အခ်ိန္မွာ အိပ္ရာဝင္ၿပီး ပုံမွန္အခ်ိန္အတိုင္း အိပ္ရာထတဲ့ အေလ့အက်င့္ ျပဳလုပ္ပါ။ ေန႔လယ္ဘက္ တေရးအိပ္တတ္တဲ့ အက်င့္ရွိတယ္ဆိုရင္ ညဘက္အိပ္ခ်ိန္ကို အေႏွာင့္အယွက္ မျဖစ္ေစဖို႔အတြက္ ထိန္းခ်ဳပ္ပါ။ ဒါေတြကို အိပ္ခ်ိန္ကို ပုံမွန္ျပန္ျဖစ္ေစနိုင္ပါတယ္။ ေလ့က်င့္ခန္း လုပ္ျခင္းကလည္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစပါတယ္။ ကိုယ္အေလးခ်ိန္ က်ျခင္း၊ တက္ျခင္းေတြအတြက္ ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးနိုင္ပါတယ္။

4.       အသားအေရကို လ်စ္လ်ဴရႈမထားပါနဲ႔။
          အသက္ႀကီးလာတာနဲ႔အမၽွ အေရျပားေတြ ေလ်ာ့ရဲလာၿပီး ထိခိုက္ဒဏ္ရာ ပိုၿပီးျဖစ္ေစနိုင္ပါတယ္။ ေနေလာင္ျခင္းကဲ့သို႔ေသာ အေရျပားျပႆနာေတြ ပိုၿပီးၾကဳံေတြ႕ရတတ္ပါတယ္။
          အသားအေရပုံစံ၊ ထိေတြ႕မႈ၊ အေရာင္အျပာင္းအလဲကို သတိထားၾကည့္ပါ။ သံသယျဖစ္စရာ တစ္ခုခုေတြ႕ရင္ ဆရာဝန္ျပပါ။
 
5.       ဆီးက်ိတ္ျပႆနာေတြကို ေသခ်ာကုသပါ။
          ဆီးက်ိတ္ႀကီးၿပီး ဆီးနည္းျခင္း၊ ဆီး ခဏခဏသြားရျခင္းေတြ ျဖစ္တတ္ပါတယ္။ ဆီးလမ္းေၾကာင္း ပိုးဝင္ျခင္း၊ ဆီးက်ိတ္ေရာင္ျခင္းေတြကလည္း ပိုျဖစ္လာတတ္ပါတယ္။
          ဆီးျပႆနာတစ္ခုခုရွိရင္ ဆရာဝန္နဲ႔ျပၿပီး ကုသမႈ ခံယူပါ။
 
6.       အရိုးပြနိုင္တဲ့ အျပဳအမူေတြကို ေရွာင္ၾကဥ္ပါ။
          အသက္ႀကီးလာတာနဲ႔အမၽွ အရိုးပြလာပါတယ္။ အမ်ိဳးသားေတြက အမ်ိဳးသမီးေတြနဲ႔ယွဥ္ရင္ အသက္ေတာ္ေတာ္ႀကီးမွ အရိုးျပႆနာေတြ ၾကဳံေတြ႕ရတတ္ေပမယ့္ ေပါင္ရိုးက်ိဳးျခင္းကဲ့သို႔ေသာ အရိုးျပႆနာေတြရဲ့ ျပင္းထန္မႈနဲ႔ ေသဆုံးမႈႏႈန္းက အမ်ိဳးသားေတြမွာ ပိုမ်ားပါတယ္။
          ေလ့က်င့္ခန္း ပုံမွန္လုပ္ျခင္း၊ အရက္ႏွင့္ ေဆးလိပ္ ေရွာင္ၾကဥ္ျခင္းေတြက အရိုးပြျခင္းကို ကာကြယ္ေပးနိုင္ပါတယ္။

www.drmyanmar.com