အိပ်ရေး၀၀ အိပ်ပျော်စေဖို့ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နှင့်သတ္တုဓာတ်များ
တစ်နေကုန် ပင်ပန်းနေတာတောင်မှ ညဘက်ကောင်းကောင်း အိပ်မပျော်ကြတာမျိုး ကြုံတွေ့ဖူးကြပါသလား။
လူတော်တော်များများဟာ အသင့်စားအစာတွေကို နေ့စဉ်နီးပါးစားလေ့ရှိပြီး အမှန်တကယ် အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားသုံးကြသူနည်းပါတယ်။ စိတ်နှင့်ခန္ဓာ ကြံ့ခိုင်သန်မာစေဖို့နှင့် ကောင်းစွာ အိပ်စက်နိုင်ဖို့အတွက် အာဟာရပြည့်ဝစွာ စားသောက်ဖို့ကလည်း အရေးကြီးလှပါတယ်။
(၁) ဗီတာမင်ဒီ
● ဗီတာမင်ဒီ ချို့တဲ့ခြင်းဟာ အိပ်စက်ခြင်းဆိုင်ရာပြဿနာတွေနှင့် ဆက်စပ်မှုရှိနေတယ်ဆိုတာကို ပညာရှင်များ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
● ဗီတာမင်ဒီကို နေရောင်ခြည်ကနေ ရနိုင်တဲ့အပြင် အားဆေးတွေ မှီဝဲခြင်းဖြင့်လည်း ရရှိနိုင်ပါတယ်။
● ကြက်ဥ၊ ဆယ်လ်မွန်ငါးနှင့် မှိုတွေကို စားခြင်းဖြင့်လည်း ရရှိနိုင်ပါတယ်။
(၂) ဗီတာမင်အီး
● ၂၀၁၁ က လေ့လာချက်တစ်ခုအရ အိပ်ရေးပျက်ခြင်းကြောင့် မှတ်ဉာဏ်ယိုယွင်းခြင်းကို ဗီတာမင်အီး က ကာကွယ်ပေးနိုင်ကြောင်း သိရှိရပါတယ်။
● ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့အတွက် ဆဲလ်များပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။
● ကိုယ်ခံအားကိုလည်း ကောင်းမွန်စေပါတယ်။
● နေကြာစေ့၊ သစ်ကြားစေ့နှင့် နေကြာဆီတွေမှာ ဗီတာမင်အီး ပါဝင်ပါတယ်။
Revicon 1

(၃) ဗီတာမင်ဘီအုပ်စု
● ဗီတာမင်ဘီအုပ်စုတွေဟာ အိပ်ပျော်စေဖို့ ကူညီပေးတဲ့ မယ်လတိုနင်ထုတ်လုပ်ခြင်းကို အားပေးကူညီပါတယ်။
● ဗီတာမင်ဘီ အားဆေးပြားများ မှီဝဲနိုင်သလို ဂျုံ၊ အသား၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်တွေကနေလည်း ရရှိနိုင်ပါတယ်။
(၄) ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်
● ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ် ချို့တဲ့ခြင်းဟာ ညဘက် ကောင်းစွာအိပ်မပျော်ခြင်းနှင့် ဆက်စပ်နေပါတယ်။ ကယ်လ်စီယမ်ဟာ ဟိုမုန်းတစ်မျိုးဖြစ်တဲ့ Tryptophan နှင့် ပူးတွဲလုပ်ဆောင်ပြီး အိပ်ပျော်စေတဲ့ မယ်လတိုနင်ဟိုမုန်းကို ထုတ်လုပ်ပေးပါတယ်။
● မဂ္ဂနီစီယမ် ချို့တဲ့ခြင်းဟာ နာတာရှည် ညအိပ်မပျော်ခြင်းကို ဖြစ်စေပါတယ်။
● အစိမ်းရောင်အရွက်များ၊ အစေ့အဆံများကို နေ့စဉ်စားပေးနိုင်သလို အားဆေးပြားတွေလည်း သောက်သုံးနိုင်ပါတယ်။
Revicon 2

(၅) သံဓာတ်
● သံဓာတ်နည်းပါးခြင်းရဲ့ ပထမဆုံးလက္ခဏာက ပင်ပန်းနွမ်းနယ်ခြင်းနှင့် ညအိပ်မပျော်ခြင်း ဖြစ်ပါတယ်။ သံဓာတ်နည်းပါးတဲ့အခါ စိတ်ပူပန်ခြင်းကိုဖြစ်စေပြီး ညအိပ်မပျော် ဖြစ်စေပါတယ်။ သံဓာတ်ပြည့်ဝစေဖို့ ကြက်သား၊ အမဲသား၊ ခရု၊ ပဲအမျိုးမျိုး၊ တို့ဟူး၊ အာလူး၊ အစိမ်းရောင်အရွက်များနှင့် cereal များကို နေ့စဉ်စားသုံးသင့်ပါတယ်။
(၆) မယ်လတိုနင်
● မယ်လတိုနင်ဟာ ညအိပ်မပျော်သူများအတွက် ဆရာဝန်များ ညွှန်ကြားသော ဖြည့်စွက်စာတစ်မျိုး ဖြစ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်ပါတယ်။
ကျန်းမာသော အိပ်စက်ခြင်းဟာ ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။ ဒါကြောင့် အိပ်မပျော်တဲ့သူတွေအနေနှင့် ပုံမှန်ပြန်အိပ်ပျော်စေဖို့အတွက် အာဟာရပြည့်ဝအောင် စားသောက်နေထိုင်ပြီး ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























