ဦးထုပ်ဆောင်းခြင်းကြောင့် ထိပ်ပြောင်နိုင်သလား
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အတိအကျလေ့လာတွေ့ရှိချက် ထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။ သုတေသီတွေက အမျိုးသားနဲ့ အမျိုးသမီးအမြွှာတွေကိုလေ့လာခဲ့ရာမှာ အမျိုးသားတွေမှာဦးထုပ်ဆောင်းပါက ဆံပင်ကျွတ်ပေမဲ့လည်း အမျိုးသမီးတွေမှာတော့ ဘာမှထူးခြားတာကို မတွေ့ခဲ့ရပါဘူး။ အခြားသုတေသနပြုလုပ်ချက် တစ်ခုမှာတော့ ဘယ်လိုဦးထုပ်မျိုးပဲဆောင်းဆောင်း ဆံပင်ကျွတ်ခြင်းနဲ့မဆိုင်တာကိုတွေ့ရှိရပါတယ်။
သို့ရာတွင် ဖြစ်နိုင်ချေများတာကတော့ ဦးထုပ်ကိုကြပ်အောင်ဆောင်းခြင်း (သို့) အလွန်ပူခြင်းတို့ကြောင့် ဆံပင်အမြစ်တွေကိုသွားတဲ့သွေးစီးဆင်းမှုဟာ လျော့ကျသွားတာကြောင့် ဆံပင်ကျွတ်ရတာဖြစ်ပါတယ်။ ဆံပင်ကျွတ်ခြင်းဟာ အစပိုင်းမှာတော့ ယာယီသာဖြစ်ပေမယ့်လည်း အချိန်ကြာလာတာနဲ့အမျှ အမြဲတမ်းဖြစ်လာပါတော့တယ်။ ဒါကြောင့် ကောင်းဘွိုင်ဦးထုပ်ကဲ့သို့ ဦးထုပ်မျိုးကိုချောင်ချောင်ဆောင်းခြင်းဟာ လျှာထိုးဦးထုပ်ကြပ်ကြပ်ဆောင်းခြင်းထက်တော့ ပိုပြီးအန္တရာယ်ကင်းပါတယ်။
Dr. Thinzar Wynn






























