ကိုယ်အလေးချိန်လျှော့ချဖို့ ကူညီပေးနိုင်တဲ့ ဖျော်ရည်နှစ်မျိုး
ခန္ဓာကိုယ်သွယ်လျလှပ လိုသူတွေအနေနဲ့ ကိုယ်အလေးချိန်လျော့ချရာမှာ အထောက်အကူပြုစေအောင် ဘယ်လိုအရာတွေ စားသင့်သလဲ၊ ဘယ်လိုဖျော်ရည်မျိုးတွေ သောက်သုံးသင့်သလဲဆိုတာ ရွေးချယ်ရ ခက်နေတတ်ပါတယ်။ ဒါကြောင့်ကိုယ်အလေးချိန် လျော့ချရာမှာများစွာ အကူအညီပေးနိုင်မယ့် ဖျော်ရည်နှစ်မျိုး ကို ဖော်ပြပေးလိုက်ပါတယ်။
1. လက်ဖက်စိမ်းလက်ဖက်ရည်နှင့်ဂျင်း
လက်ဖက်စိမ်းလက်ဖက်ရည်တွင် အစာအလွန်အမင်းစားလိုစိတ်ကို ထိန်းပေးနိုင်သော သီယာမင်ဓါတ်၊ လန်းဆန်းတတ်ကြွစေနိုင်သော ကဖင်းဓာတ်နဲ့ အဆီစုပ်ယူမှုလျော့ကျစေနိုင်သော အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ catechin အစရှိသော ဓါတ်သုံးမျိုးနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာကြောင့် ကိုယ်အလေးချိန်လျော့ချရာမှာ ကူညီပေးနိုင်စွမ်းရှိပါတယ်။
ပါ၀င်ပစ္စည်း - ဂျင်းမှုန့် (လက်ဖက်ရည်ဇွန်းတစ်၀က်စာ)၊ ရေ (250 ml)၊ လက်ဖက်ခြောက် (လက်ဖက်ရည်ဇွန်းတစ်ဇွန်း)
ပြုလုပ်နည်း - ဆူပွက်အောင်ကျိုထားတဲ့ရေထဲသို့ လက်ဖက်ခြောက်လက်ဖက်ရည်နဲ့ ဂျင်းမှုန့်ရောထည့်ပြီး အချိန်သုံးမိနစ်ခန့်ထားပါ။ အရသာချိုချိုနှစ်သက်ပါက ပျားရည်အနည်းငယ်ကိုထည့် ကာ သောက်သုံးနိုင်ပြီး၊ နေ့စဉ်တစ်နေ့ 2 ခွက်သောက်သုံးပေးနိုင်ပါတယ်။
2. ရှောက်သီးနှင့်ငရုတ်ကောင်း
ရှောက်ဖျော်ရည်ဟာ ခန္ဓာကိုယ်လန်းဆန်းစေနိုင်တဲ့အပြင် အစာခြေဖျက်ရာမှာ ကူညီပေးနိုင်စွမ်းရှိပြီး ငရုတ်ကောင်းမှာ အဆီသိုလှောင်ဆဲလ်ကို ဟန့်တားပေးနိုင်သော Piperine ဓါတ်ပါရှိပါတယ်။ ဒါကြောင့်ရှောက်သီးနဲ့ ငရုတ်ကောင်းနှစ်မျိုး ရောစပ်ဖျော်ရည်ဟာ ကိုယ်အလေးချိန်လျော့ချရာမှာ များစွာအထောက်အကူပြုပေးနိုင်တဲ့ သောက်ဖွယ်ရာဖြစ်ပါတယ်။
ပါ၀င်ပစ္စည်း - ရေ (250 ml) ၊ ရှောက်ရည် (စားပွဲတင်ဇွန်း 2 ဇွန်း)၊ ငရုတ်ကောင်း (လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ၏ 4 ပုံ 1 ပုံ)
ပြုလုပ်နည်း - ပါ၀င်ပစ္စည်းများကို ရောဖျော်ပြီး အခိျုကြိုက်ပါက ပျားရည်အနည်းငယ်ကိုထည့်ကာ အနည်းဆုံးတစ်နေ့ 2 ကြိမ်သောက်ပေးပါ။
CMS (www.drmyanmar.com)