/
news/အလှအပနှင့်ကျန်းမာရေး/ကျန်းမာရေးကောင်းစေတဲ့-သီးစုံဖျော်ရည်များ

ကျန်းမာရေးကောင်းစေတဲ့ သီးစုံဖျော်ရည်များ

Category
အလှအပနှင့်ကျန်းမာရေး

         လိမေ္မာ်သီးဖျော်ရည်၊ ပန်းသီးဖျော်ရည် စတဲ့ဖျော်ရည်တစ်မျိုးချင်းစီရဲ့ အာနိသင်များကိုသိပြီးသားဖြစ်မှာပါ။ ယခုအခါမှာတော့ အရသာလည်းရှိ၊ အာဟာရတန်ဖိုးလည်းကြွယ်၀တဲ့ အသီးအနှံဖျော်ရည်အရောများကို ဖော်ပြ လိုက်ပါတယ်။

1. လိမေ္မာ်သီးနဲ့ဂရိတ်ဖရုသီးဖျော်ရည်

         အိမ်မှာပဲအလွယ်တကူဖျော်သောက်နိုင်ပါတယ်။ လိမေ္မာ်သီးနဲ့ ဂရိတ်ဖရုသီးမှာပါ၀င်တဲ့ ဗီတာမင် C က ခုခံအားမြင့်တက်စေရုံသာမက ကိုယ်အလေးချိန်ကျအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

2. မုန်လာဥနီ၊ တရုတ်နံနံနှင့် ပန်းသီးဖျော်ရည်

         မုန်လာဥနီ 2 လုံး၊ ပန်းသီး 2 လုံးကို တရုတ်နံနံနဲ့ရောပြီး ဖျော်ရည်လုပ်သောက်ကြည့်ပါ။ ၎င်းဖျော်ရည်မှာ ဗီတာမင် C, ဗီတာမင် B အုပ်စု၊ ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ သံဓာတ်၊ ဖော့စ်ဖရပ်စ် တွေများစွာပါ၀င်တာကြောင့် ခုခံအားစနစ်ကိုကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာရရှိစေပါတယ်။ ကယ်လိုရီပါ၀င်မှုလည်းနည်းပါးတာကြောင့်၊ ၀ိတ်လျှော့လိုသူများ သောက်သုံးသင့်ပါတယ်။

3. ဟင်းသီးဟင်းရွက်ဖျော်ရည်

         တရုတ်နံနံ၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်၊ ပူစီနံ၊ ဟင်းနုနွယ် စတာကိုပေါင်းစပ်ထားတဲ့ ဖျော်ရည် ဟာ ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကိုကင်းစင်စေပြီး သွေးသားကိုစင်ကြယ်စေပါတယ်။

4. ပန်းသီး၊ မုန်လာဥနီ၊ သကြားမုန်လာ၊ သခွားသီး၊ တရုတ်နံနံဖျော်ရည်

        ပန်းသီးဟာ ကိုလက်စထရောဓာတ်များကို လျော့ချပေးနိုင်ပြီး မုန်လာဥနီနဲ့ သကြားမုန်လာတို့မှာ ဦးနှောက်စွမ်းအားကိုမြင့်တက်စေခြင်း၊ သည်းခြေနဲ့အသဲအားကောင်းခြင်း၊ သွေးတွင်းသန့်စင်စေခြင်း စတဲ့အာနိသင်တွေရှိပါတယ်။ တရုတ်နံနံမှာပါ၀င်တဲ့ ဆိုဒီယမ်ကလူကိုတက်ကြွလန်းဆန်းစေပါတယ်။ သခွားသီးကတော့ ရေဓာတ်ကိုဖြည့်စွမ်းပေးနိုင်ပါတယ်။ ဒါကြောင့် အဲဒီအသီးတွေပါ၀င်တဲ့ဖျော်ရည်က ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာ အထူးပြောစရာမလိုတော့ပါဘူး။

5. စွန်ပလွန်သီး၊ ပန်းသီးနဲ့ သငေ်္ဘာသီးဖျော်ရည်

        စွန်ပလွန်သီး၊ ပန်းသီးနဲ့သငေ်္ဘာသီးတို့ ရောစပ်ထားတဲ့ဖျော်ရည်မှာ ပရိုတင်းဓာတ်တွေကြွယ်၀ပြီး အာရုံကြောကိုကောင်းမွန်သော ခန္ဓာကိုယ်အတွက်လိုအပ်တဲ့စွမ်းအင်များကို ပေးစွမ်းတာကြောင့် သောက်သုံး သင့်တဲ့ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။

6. လိမေ္မာ်သီး၊ ငှက်ဖျော်သီး၊ စတော်ဘယ်ရီသီနဲ့ ဂရိတ်ဖရုသီးဖျော်ရည်

         အထက်ဖော်ပြပါအသီးတွေမှာ ဗီတာမင် C ဓာတ်အများအပြားပါ၀င်တာကို လူတိုင်းသိပြီးသားဖြစ်မှာပါ။ ဗီတာမင် C ဟာ အသားအရေတင်းရင်းစေတဲ့ ကော်လာဂျင်ထွက်ရှိမှုအားပေးတာကြောင့် အရွယ်တင်နုပျိုလိုသူတိုင်း အသောက်သုံးသင့်ဆုံးဖျော်ရည်ဖြစ်ပါတယ်။

7. သကြားမုန်လာနဲ့ မုန်လာဥနီဖျော်ရည်

        သကြားမုန်လာနဲ့ မုန်လာဥနီဖျော်ရည်ကို ပုံမှန်သောက်သုံးပေးပါက ခုခံအားစနစ်ကို များစွာအထောက်အကူပြုပါတယ်။ သကြားမုန်လာနဲ့ မုန်လာဥနီတို့မှာ ဗီတာမင် C, ဗီတာမင် B အုပ်စု၊ သံဓာတ်၊ ကယ်လဆီယမ်၊ ဆိုဒီယမ်တွေများစွာပါ၀င်ပြီး ဖျားနာတာမဖြစ်အောင်ကာကွယ်နိုင်ပါတယ် - အာရုံကြောအဖွဲ့ကို အားဖြည့်ပေးနိုင်တဲ့ ကောင်းကျိုးလည်းရရှိနိုင်ပါတယ်။

8. လိမေ္မာ်သီးနဲ့ စတော်ဘယ်ရီသီးဖျော်ရည်

          အသက်ကြီးလာတဲ့အခါ ကော်လာဂျင်ထုတ်လုပ်မှုလျော့ကျလာပြီး အသားအရေမှာအရေးအကြောင်း ထင်တာ၊ အသားခြောက်သွေ့တာတွေဖြစ်လာပါတယ်။ လိမေ္မာ်သီးနဲ့ စတော်ဘယ်ရီသီးမှာပါ၀င်တဲ့ ဗီတာမင် C  က ကော်လာဂျင်ထွက်ရှိမှုကိုအားပေးပြီး အသားအရေကိုတင်းရင်းစေပါတယ်။

9. ဖရဲသီးဖျော်ရည်

        နွေရာသီမှာ အသောက်သုံးသင့်ဆုံးဖျော်ရည်တစ်ခုပါ။ ရေဓာတ်ကြွယ်၀စွာပါ၀င်ပြီး ကယ်လိုရီပါ၀င်မှု နည်းပါးတာကြောင့် ၀ိတ်ကျလိုသူများသောက်သုံးသင့်ပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com