ကြည်လင်တောက်ပသော Glow and Glass Skin လေးကို ရစေဖို့ ဒီအချက်တွေကို လိုက်နာစို့
(၁) ညအိပ်ခါနီးတိုင်း မျက်နှာ သန့်စင်ပါ
ညအိပ်နေစဉ်မှာ သင့်အရေပြားဟာ ကောင်းစွာ အသက်ရှူနိုင်ဖို့ လိုပါတယ်။ မိတ်ကပ်များကို စင်ကြယ်စွာ မသန့်စင်ပါက ချွေးပေါက်များကို ပိတ်ဆို့စေပြီး ဝက်ခြံနဲ့ အခြားဆိုးကျိုးတွေကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။ ဒါကြောင့် အိပ်ခါနီးတိုင်း မျက်နှာသစ်ဖို့ မမေ့ကြနဲ့နော်။
(၂) နေရောင်ကို ကာကွယ်ပါ
နေရောင်နဲ့ နေ့စဉ်ထိတွေ့ပါက အသားအရေညိုခြင်း၊ အရေးအကြောင်းနဲ့ အမည်းအစက်တွေ ဖြစ်ပေါ်နိုင်လို့ အသားအရေကို နေရောင်နဲ့ တိုက်ရိုက်မထိတွေ့နိုင်အောင် အနည်းဆုံး SPF-15 ပါသော ခရင်မ်ကို နေ့စဉ်လိမ်းပေးဖို့ မမေ့နဲ့နော်။
(၃) သင် စားသမျှ အစားအစာတိုင်းဟာ သင့်အသားအရေမှာ ပေါ်နေမှာပါ
မိန်းကလေးများအနေဖြင့် အငန်၊ အစပ်နဲ့ အဆီများ စားခြင်းတို့ကြောင့် ဝက်ခြံထွက်ခြင်းနဲ့ အဆီပြန်ခြင်းတို့ကို ရင်ဆိုင်ရတတ်ပါတယ်။ ကြည်လင်တဲ့ အသားအရေလေးရဖို့ဆိုရင် အသီးအရွက်နဲ့ သစ်သီးများစားခြင်း၊ ရေများများသောက်ခြင်း၊ ဗီတာမင်အားဆေးများ မှီဝဲခြင်းတို့ကို မဖြစ်မနေ ပြုလုပ်ပေးပါ။
(၄) ချွေးလေးတစို့စို့ ရှိပါစေ
ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ။ ကိုယ်လက်လှုပ်ရှားခြင်းဟာ သွေးလှည့်ပတ်မှုကောင်းစေပြီး မကောင်းသော အဆိပ်အတောက်များကို ထွက်စေတဲ့အတွက် ကြည်လင်သောအသားအရေကို ပိုင်ဆိုင်နိုင်မှာ လက်တွေ့ဖြစ်ပါတယ်။
(၅) အိပ်ရေး၀၀ အိပ်စက်ပါ
တစ်နေ့ကို အနည်းဆုံး 7-9 နာရီ အိပ်စက်ဖို့ လိုပါတယ်။ ညအိပ်ခါနီးမှာ တစ်နေကုန် လိမ်းထားတဲ့မိတ်ကပ်တွေကို ကောင်းစွာသန့်စင်ဖို့လည်း မမေ့နဲ့ဦးနော်။
(၆) ရေများများ သောက်ပါ
တစ်နေ့ကို အနည်းဆုံး ရေ ၈ ဖန်ခွက် သောက်သုံးသင့်ပါတယ်။ ရေသောက်နည်းပါက ဖရဲသီး၊ သခွားသီး၊ လိမ္မော်သီး စသော အရည်ရွမ်းတဲ့ သစ်သီးများကို စားပေးပါ။
Bio-Oil 1

(၇) ဝက်ခြံများ ကင်းဝေးစေဖို့
မျက်နှာကို ရေကြက်သီးနွေးဖြင့် သန့်စင်ပေးပါ။ alpha hydroxyl acid သို့မဟုတ် beta hydroxyl acid ပါသော မျက်နှာသစ်ဆေးကို ရွေးချယ်ဝယ်ယူပါ။ မျက်နှာသစ်ပြီးတိုင်း moisturizer တစ်ခုခု လိမ်းပေးသင့်ပါတယ်။
(၈) ရှေးထုံးလည်း မပယ်နဲ့
အသားအရေလှစေဖို့ ရှေးယခင်ကပင် အသုံးပြုခဲ့သော နည်းလမ်းလေးတစ်ခုကို ဖော်ပြပေးချင်ပါတယ်။ ဒါကတော့ မီးဖိုချောင်သုံးပစ္စည်းတွေသုံးပြီး မျက်နှာပေါင်းတင်နည်းလေး ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ စားတော်ပဲမှုန့် လက်ဖက်စားဇွန်း ၂ ဇွန်း၊ နနွင်းမှုန့် ဇွန်းတစ်ဝက်ခန့်ကို ရောစပ်ပြီး ရေ/နို့ နှစ်သက်ရာဖြင့်ရောကာ မျက်နှာပေါ် လိမ်းပေးပါ။ အမည်းစက်နဲ့ ဝက်ခြံတွေကို သက်သာစေပြီး ကြည်လင်တဲ့အသားအရေကိုပေးစွမ်းမှာ ဖြစ်ပါတယ်။
(၉) နေ့တိုင်း Spa လုပ်ဖို့ လိုလား
Spa သွားပြီး မျက်နှာပေါင်းတင်ခြင်းတွေ ပြုလုပ်နိုင်သလို မိမိအိမ်တွင်လည်း အသားအရေနဲ့ သင့်တော်တဲ့ mask များဖြင့် ပေါင်းတင်နိုင်ပါတယ်။ တစ်ပတ်ကို ၂ ကြိမ်ခန့် mask ကပ်ပေးသင့်ပါတယ်။
(၁၀) စိတ်ဖိစီးမှုကို လျှော့ချပါ
စိတ်ဖိစီးခြင်းကြောင့် ဝက်ခြံကို ပိုမိုဆိုးစေပြီး အသားအရေ အိုမင်းရင့်ရော်စေတယ်နော်။ ဒါကြောင့် စိတ်ဖိစီးမှုကို သက်သာစေမယ့်နည်းလမ်းများကို ရှာဖွေသင့်ပါတယ်။
အသားအရေ လှပစေမယ့် နည်းလမ်းလေးတွေကို လိုက်နာပြီး ကြည်လင်တဲ့ glow skin လေးကို ရရှိနိုင်ကြပါစေ။ ဒီထက် အရေးကြီးတာကတော့ စိတ်ကလေးကိုပါ ကြည်လင်ပျော်ရွှင်အောင်ထားပြီး ပြုံးရွှင်ရယ်မောနေခြင်းကလည်း သင့်အလှအပအတွက် အရေးကြီးတဲ့အချက်ဆိုတာ မမေ့ကြနဲ့နော်။
လေပြေနုသွေး (ဆေး၂) (www.drmyanmar.com)
Bio-Oil 2

(Zawgyi)
(၁) ညအိပ္ခါနီးတိုင္း မ်က္ႏွာ သန႔္စင္ပါ
ညအိပ္ေနစဥ္မွာ သင့္အေရျပားဟာ ေကာင္းစြာ အသက္ရႉႏိုင္ဖို႔ လိုပါတယ္။ မိတ္ကပ္မ်ားကို စင္ၾကယ္စြာ မသန႔္စင္ပါက ေခြၽးေပါက္မ်ားကို ပိတ္ဆို႔ေစၿပီး ဝက္ၿခံနဲ႔ အျခားဆိုးက်ိဳးေတြကိုလည္း ျဖစ္ေစႏိုင္ပါေသးတယ္။ ဒါေၾကာင့္ အိပ္ခါနီးတိုင္း မ်က္ႏွာသစ္ဖို႔ မေမ့ၾကနဲ႔ေနာ္။
(၂) ေနေရာင္ကို ကာကြယ္ပါ
ေနေရာင္နဲ႔ ေန႔စဥ္ထိေတြ႕ပါက အသားအေရညိဳျခင္း၊ အေရးအေၾကာင္းနဲ႔ အမည္းအစက္ေတြ ျဖစ္ေပၚႏိုင္လို႔ အသားအေရကို ေနေရာင္နဲ႔ တိုက္႐ိုက္မထိေတြ႕ႏိုင္ေအာင္ အနည္းဆုံး SPF-15 ပါေသာ ခရင္မ္ကို ေန႔စဥ္လိမ္းေပးဖို႔ မေမ့နဲ႔ေနာ္။
(၃) သင္ စားသမွ် အစားအစာတိုင္းဟာ သင့္အသားအေရမွာ ေပၚေနမွာပါ
မိန္းကေလးမ်ားအေနျဖင့္ အငန္၊ အစပ္နဲ႔ အဆီမ်ား စားျခင္းတို႔ေၾကာင့္ ဝက္ၿခံထြက္ျခင္းနဲ႔ အဆီျပန္ျခင္းတို႔ကို ရင္ဆိုင္ရတတ္ပါတယ္။ ၾကည္လင္တဲ့ အသားအေရေလးရဖို႔ဆိုရင္ အသီးအ႐ြက္နဲ႔ သစ္သီးမ်ားစားျခင္း၊ ေရမ်ားမ်ားေသာက္ျခင္း၊ ဗီတာမင္အားေဆးမ်ား မွီဝဲျခင္းတို႔ကို မျဖစ္မေန ျပဳလုပ္ေပးပါ။
(၄) ေခြၽးေလးတစို႔စို႔ ရွိပါေစ
ကိုယ္လက္လႈပ္ရွားမႈ ပုံမွန္ျပဳလုပ္ပါ။ ကိုယ္လက္လႈပ္ရွားျခင္းဟာ ေသြးလွည့္ပတ္မႈေကာင္းေစၿပီး မေကာင္းေသာ အဆိပ္အေတာက္မ်ားကို ထြက္ေစတဲ့အတြက္ ၾကည္လင္ေသာအသားအေရကို ပိုင္ဆိုင္ႏိုင္မွာ လက္ေတြ႕ျဖစ္ပါတယ္။
(၅) အိပ္ေရး၀၀ အိပ္စက္ပါ
တစ္ေန႔ကို အနည္းဆုံး 7-9 နာရီ အိပ္စက္ဖို႔ လိုပါတယ္။ ညအိပ္ခါနီးမွာ တစ္ေနကုန္ လိမ္းထားတဲ့မိတ္ကပ္ေတြကို ေကာင္းစြာသန႔္စင္ဖို႔လည္း မေမ့နဲ႔ဦးေနာ္။
(၆) ေရမ်ားမ်ား ေသာက္ပါ
တစ္ေန႔ကို အနည္းဆုံး ေရ ၈ ဖန္ခြက္ ေသာက္သုံးသင့္ပါတယ္။ ေရေသာက္နည္းပါက ဖရဲသီး၊ သခြားသီး၊ လိေမၼာ္သီး စေသာ အရည္႐ြမ္းတဲ့ သစ္သီးမ်ားကို စားေပးပါ။
(၇) ဝက္ၿခံမ်ား ကင္းေဝးေစဖို႔
မ်က္ႏွာကို ေရၾကက္သီးေႏြးျဖင့္ သန႔္စင္ေပးပါ။ alpha hydroxyl acid သို႔မဟုတ္ beta hydroxyl acid ပါေသာ မ်က္ႏွာသစ္ေဆးကို ေ႐ြးခ်ယ္ဝယ္ယူပါ။ မ်က္ႏွာသစ္ၿပီးတိုင္း moisturizer တစ္ခုခု လိမ္းေပးသင့္ပါတယ္။
(၈) ေရွးထုံးလည္း မပယ္နဲ႔
အသားအေရလွေစဖို႔ ေရွးယခင္ကပင္ အသုံးျပဳခဲ့ေသာ နည္းလမ္းေလးတစ္ခုကို ေဖာ္ျပေပးခ်င္ပါတယ္။ ဒါကေတာ့ မီးဖိုေခ်ာင္သုံးပစၥည္းေတြသုံးၿပီး မ်က္ႏွာေပါင္းတင္နည္းေလး ျဖစ္ပါတယ္။
ပါဝင္ပစၥည္းေတြကေတာ့ စားေတာ္ပဲမႈန႔္ လက္ဖက္စားဇြန္း ၂ ဇြန္း၊ နႏြင္းမႈန႔္ ဇြန္းတစ္ဝက္ခန႔္ကို ေရာစပ္ၿပီး ေရ/ႏို႔ ႏွစ္သက္ရာျဖင့္ေရာကာ မ်က္ႏွာေပၚ လိမ္းေပးပါ။ အမည္းစက္နဲ႔ ဝက္ၿခံေတြကို သက္သာေစၿပီး ၾကည္လင္တဲ့အသားအေရကိုေပးစြမ္းမွာ ျဖစ္ပါတယ္။
(၉) ေန႔တိုင္း Spa လုပ္ဖို႔ လိုလား
Spa သြားၿပီး မ်က္ႏွာေပါင္းတင္ျခင္းေတြ ျပဳလုပ္ႏိုင္သလို မိမိအိမ္တြင္လည္း အသားအေရနဲ႔ သင့္ေတာ္တဲ့ mask မ်ားျဖင့္ ေပါင္းတင္ႏိုင္ပါတယ္။ တစ္ပတ္ကို ၂ ႀကိမ္ခန႔္ mask ကပ္ေပးသင့္ပါတယ္။
(၁၀) စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ပါ
စိတ္ဖိစီးျခင္းေၾကာင့္ ဝက္ၿခံကို ပိုမိုဆိုးေစၿပီး အသားအေရ အိုမင္းရင့္ေရာ္ေစတယ္ေနာ္။ ဒါေၾကာင့္ စိတ္ဖိစီးမႈကို သက္သာေစမယ့္နည္းလမ္းမ်ားကို ရွာေဖြသင့္ပါတယ္။
အသားအေရ လွပေစမယ့္ နည္းလမ္းေလးေတြကို လိုက္နာၿပီး ၾကည္လင္တဲ့ glow skin ေလးကို ရရွိႏိုင္ၾကပါေစ။ ဒီထက္ အေရးႀကီးတာကေတာ့ စိတ္ကေလးကိုပါ ၾကည္လင္ေပ်ာ္႐ႊင္ေအာင္ထားၿပီး ၿပဳံး႐ႊင္ရယ္ေမာေနျခင္းကလည္း သင့္အလွအပအတြက္ အေရးႀကီးတဲ့အခ်က္ဆိုတာ မေမ့ၾကနဲ႔ေနာ္။
ေလေျပႏုေသြး (ေဆး၂) (www.drmyanmar.com)






























