ကြည်လင်လန်းဆန်းတဲ့အသားအရည်အတွက် လီမွန်သီးဖျော်ရည်သောက်သင့်
ကြည်လင်လန်းဆန်းတဲ့အသားအရည်အတွက် အလွန်ကောင်းမွန်တဲ့သစ်သီးဖျော်ရည်တစ်မျိုးကတော့ လီမွန်သီးဖျော်ရည်ပဲဖြစ်ပါတယ်။ လီမွန်သီးဖျော်ရည်ဟာ အရေပြားရဲ့ pH ပမာဏကို မျှခြေအနေအထားရောက်အောင် ထိန်းသိမ်းပေးတာကြောင့် လှပကောင်းမွန်တဲ့အသားအရည်ကို ရရှိစေတာဖြစ်ပါတယ်။ လီမွန်သီးရဲ့ အချဉ်ဓာတ်ကြောင့် လီမွန်ဖျော်ရည်ကို ဒီအတိုင်းသောက်သုံးဖို့ခက်ခဲနေပါက အခြားဖျော်ရည်တစ်မျိုးမျိုး ဒါမှမဟုတ် ရေနဲ့ရောပြီးသောက်သုံးနိုင်တဲ့အပြင် အရသာပိုမိုကောင်းမွန်အောင်လည်း ပျားရည် (သို့) သကြားအနည်းငယ် ထည့်လို့ရပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)






























