ခေါင်းမလျှော်ခင်ပြုလုပ်ပေးသင့်သော ဆံသားထိန်းသိမ်းပေးသည့် နည်းလမ်းများ
ခေါင်းမလျှော်ခင်မှာ ဆံပင်ကို ဆီနွေးနွေးသုံးပြီး နှိပ်နယ်ပေးလေ့ရှိသူတွေရဲ့ ဆံပင်ဟာ ယင်းသို့လုပ်လေ့ လုပ်ထမရှိတဲ့ ဆံပင်ပိုင်ရှင်တွေရဲ့ ဆံပင်ထက် ပိုပြီးနူးညံ့ပျော့ပျောင်းကာ အမြဲစမတ်ကျနေတတ်ပါတယ်။ နေ့စဉ် စား သုံးနေတဲ့ အစားအစာတွေ၊ ဆံပင်ကိုနည်းအမျိုးမျိုးနဲ့ အလှဆင်ကြတာတွေဟာ ဆံပင်ကျွတ်စေ၊ ဆံပင်ပါးစေတဲ့ အဓိကအကြောင်းရင်းတွေပါ။ ဒီလို ဆံပင်ပျက်စီးခြင်းမှ ကာကွယ်နိုင်ဖို့ ခေါင်းမလျှော်ခင်မှာ အချိန်နည်းနည်းပေးရုံနဲ့ ဆံပင်ထိန်းသိမ်းပြီးသားဖြစ်စေမယ့် နည်းလမ်းလေးတွေေ၀မျှလိုက်ပါတယ်။
1. သံလွင်ဆီ ဒါမှမဟုတ် သံလွင်ဆီနှင့် ဗန်ဒါစေ့ဆီ နှစ်မျိုးကိုရောပြီး ဗီတာမင်အီး ခေါင်းလိမ်းဆီ capsule တောင့် တစ်တောင့်ကိုဖောက်ထည့်ကာ ဆံပင်ကို မိနစ်နှစ်ဆယ်ကြာ နှိပ်နယ်ပေးပါ။ ပြီးနောက် ရေအေး အသုံးပြုကာ ခေါင်းလျှော်ပါ။ ဆံပင်ကျွတ်တာ သက်သာသွားပါလိမ့်မယ်။ ဆံပင်ကြမ်းတာ၊ ဆံသား ခြောက်တာတွေ မဖြစ်စေဖို့ ရေပူနဲ့ ခေါင်းလျှော်ခြင်းမှရှောင်ကြဉ်ပါ။
2. ဆံပင်ပျော့ဆေး (Conditioner) ထဲကို ဒိန်ချဉ်၊ ကြက်ဥရောပြီး ခေါင်းမလျှော်ခင် ဆံသားကို နှိပ်နယ်ပေးပါက ဆံကေသာတောက် ပြောင်သန်စွမ်းစေပါတယ်။
3. ပျားရည်နဲ့ ဒိန်ခဲကို ပေါင်းစပ်ကာ ဆံပင်ပေါင်းပေးပါက ဆံသားကို အစိုဓာတ်ထိန်းပေးပြီးသားဖြစ်စေပါတယ်။
4. ငှက်ပျောသီးမှည့်နှစ်လုံး၊ mayonnaise လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း ရောကာ အနှစ်ဖြစ်အောင် ပြုလုပ်ပြီး ဆံပင်ကိုလိမ်းပေးပါ။ တစ်နာရီကြာထားပြီးနောက် ကြက်သီးနွေးရေဖြင့် ဆေးချပါ။ ဆံသားကို နူးညံ့ပျော့ပျောင်းစေပြီး ဆံပင်မွဲခြောက်ခြင်း၊ ကြမ်းတမ်းခြင်းမှ ကာကွယ်ပေးပါတယ်။
CMS (www.drmyanmar.com)