ချိုင်းကြားအသားအရေ ဖြူဝင်းစေမယ့် သဘာဝနည်းလမ်းများ
ပျိုမေတွေအနေနဲ့ ချိုင်းမည်းနေခြင်းကြောင့် အကျႌလက်ပြတ်တွေကို ၀တ်ဆင်ရမှာ စိုးရွံ့နေတတ်ကြပါတယ်။ ဒါကြောင့် ချိုင်းကြားအသားအရေဖြူ၀င်းလာအောင် အထိရောက်ဆုံးပြုလုပ်ပေးနိုင်စွမ်းရှိတဲ့ သဘာ၀နည်းလမ်းလေးတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
1. သံပုရာရည်
သံပုရာသီးဟာချေးချွတ်ပေးနိုင်တယ်ဆိုတဲ့ အစွမ်းသတ္တိရှိတယ်ဆိုတာကိုလူအများစုက သတိမထားမိတတ်ကြပါဘူး။ တစ်ရက်ခြားတစ်ခါ ရေမချိုးမီအချိန်တိုင်း ချိုင်းသားကိုသံပုရာရည်နဲ့ ပွတ်တိုက်ပေးပါ။ တဖြည်းဖြည်းနဲ့ အမည်းရောင်တွေမှေးမှိန်လာပါလိမ့်မယ်။ သံပုရာရည်နဲ့ပွတ်ပြီးသွားရင် အသားအရေခြောက်သွေ့သွားတဲ့အတွက် ရေချိုးပြီးချိန်မှာအစိုဓာတ်ထိန်းခရင်မ် မဖြစ်မနေလိမ်းပေးရပါမယ်။
2. ဖယောင်းနှင့်အမွှေးချွတ်ခြင်း
ချိုင်းမွှေးရိတ်ခြင်းဒါမှမဟုတ်အချို့ ချိုင်းမွှေးကျွတ်ခရင်မ်တွေအသုံးပြုခြင်းကြောင့် ချိုင်းမည်းစေနိုင်ပါတယ်။ ဒါကြောင့် ဖယောင်းကိုအသုံးပြုပြီး ချိုင်းမွှေးများကိုဖယ်ရှားပေးပါ။
3. အာလူး၊ သခွားရည်
သံပုရာသီးလိုပဲအာလူးကလည်း ချေးချွတ်နိုင်စွမ်းရှိပါတယ်။ ပါးပါးလှီးထားတဲ့အာလူးနဲ့ပွတ်တိုက်ပြီး ၁၅ မိနစ်ကြာခန့်ထားပါ။ ၎င်းနောက် ရေအေးနဲ့ဆေးကြောသန့်စင်ပါ။ ဒါမှမဟုတ် သခွားသီးအရည်ကိုလည်း အသုံးပြုနိုင်ပါတယ်။
4. ပေါင်းတင်ပေးခြင်း
လက်တစ်ဆုပ်စာဂျုံမှုန့်ကိုဒိန်ချဉ်၊ ရှောက်သီး၊ နနွင်းမှုန့်အနည်းငယ်နဲ့ရောပြီး အနှစ်ပြုလုပ်ပါ။ ထို့နောက် ချိုင်းသားကိုလိမ်းပေးပြီး ၁၅-၂၀ မိနစ်ကြာခန့်ထားပါ။ ၎င်းနောက် ရေအေးနဲ့ ဆေးကြောသန့်စင်ပါ။ အသင့် ပေါင်းတင်ထုပ်တွေလည်းဈေးကွက်မှာ ၀ယ်ယူရရှိနိုင်ပါတယ်။ ရွံ့အခြေခံတဲ့အသားဖြူ၀င်းစေသော (clay-based lightening skin) ပေါင်းတင်အမျိုးအစားကို ရွေးချယ်၀ယ်ယူပါ။
5. စန္ဒကူးနံ့သာနှင့် နှင်းဆီပွင့်ဖတ်ရည်
စန္ဒကူးမှာ ဖြူ၀င်းစေတဲ့အစွမ်းသတ္တိရှိပြီး နှင်းဆီပွင့်ဖတ်ရည်ကအရေပြားအေးစေပါတယ်။ စန္ဒကူးမှုန့်နဲ့ နှင်းဆီပွင့်ဖတ်ရည်ရောထားတဲ့အနှစ်ကို ချိုင်းသားတွင်လိမ်းပေးပြီး မိနစ်အနည်းငယ်ထားပါ။ ၎င်းနောက် ရေအေးနဲ့ဆေးကြောသန့်စင်ပါ။ ယင်းနည်းလမ်းကိုနေ့စဉ်အသုံးပြုပါက ချိုင်းသားတနေ့တခြား ဖြူ၀င်းလာစေနိုင်မှာဖြစ်ပါတယ်။
6. ကျောက်ချဉ်
ကျောက်ချဉ်သွေးလိမ်းရင်လည်း ချိုင်းသားဖြူ၀င်းလာနိုင်ပါတယ်။ ဒါကတော့ ဟိုးအရင်အချိန်ကတည်းက မြန်မာတွေတော်တော်များများ အသုံးပြုခဲ့တဲ့နည်းလမ်းဖြစ်ပါတယ်။
CMS (www.drmyanmar.com)