ခြေဖနောင့် ကွဲအက်ခြင်းများအတွက် အိမ်တွင်းနည်းလမ်းကောင်း
>> လိုအပ်သောပစ္စည်းများ
• ခြေထောက် ထည့်စိမ်ရန် ဇလုံကြီးကြီးတစ်ခု
• ရေနွေး
• ရှာလကာရည် အဖြူ
• ခြေထောက်တိုက် ကျောက်တုံး
• သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်း
>> ပြုလုပ်နည်း
1. ဇလုံထဲကို ရေနွေး (တော်တော်နွေး) 4 ပုံ 3 ပုံ ထည့်ပါ။ ရှာလကာရည်အဖြူ ခွက် 4 ပုံ 1 ပုံနှင့် သံလွင်ဆီ ထည့်ပါ။
2. ဒီဇလုံထဲမှာ ခြေထောက်ကို 10 - 15 မိနစ်ခန့် ထည့်ပြီး စိမ်ထားပါ။ ပြီးနောက် ခြေထောက်ကို မသုတ်ခင်မှာ ခြေဖနောင့်ကို ခြေထောက်တိုက်တဲ့ကျောက်တုံးနဲ့ ညင်သာစွာ ပွတ်တိုက်ပေးပါ။
3. ခြေထောက်ကို ခြောက်အောင်သုတ်ပြီးနောက် မိမိလိမ်းနေကျ အစိုဓာတ်ထိန်းအဆီ (သို့) ခရင်မ်တစ်မျိုးမျိုးကို ထူထူလိမ်းပေးပြီး သန့်ရှင်းသော ချည်ခြေအိတ် စွပ်ထားပါ။
>> ခြေဖနောင့်တွေကို မအက်ကွဲစေဖို့ ဘယ်လိုထိန်းသိ်မ်းကြမလဲ?
ပထမဆုံး အရေးကြီးတဲ့အချက်ကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ ပါဝင်တဲ့ ကျန်းမာသန့်ရှင်းတဲ့ အစားအစာတွေ စားဖို့ပါ။ ရေဓာတ်ပြည့်ဝနေဖို့လည်း အရေးကြီးပါတယ်။ အထူးသဖြင့် ပူတဲ့ နွေရာသီ အချိန်တွေမှာပေါ့။ နောက်တစ်ချက်ကတော့ ကိုယ့်မှာ နောက်ခံ ဘာရောဂါရှိနေလဲဆိုတာကို သိထားဖို့ အရေးကြီးပါတယ်။
ခြေထောက်ကို ပုံမှန်ဂရုစိုက်ပေးဖို့လည်း လိုပါတယ်။ ညဘက်တွေမှာ ခြေထောက်ကို သန့်ရှင်းခြောက်သွွေ့အောင် ထားပြီး အရည်အသွေးကောင်းတဲ့ အဆီတစ်မျိုးမျိုး (သို့) အစိုဓာတ်လိမ်းခရင်မ် လိမ်းပေးထားပြီး သန့်ရှင်းတဲ့ ချည်သားခြေစွပ်လေး စွပ်အိပ်ခြင်းက ခြေဖဝါးတွေ ခြောက်သွေ့ကွဲအက်ခြင်း မဖြစ်အောင် ကာကွယ်နိုင်တဲ့ လွယ်ကူတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အုန်းဆီ၊ သံလွင်ဆီ စတဲ့ အဆီတွေ လိမ်းပေးနိုင်ပါတယ်။
ပူအိုက်တဲ့ နွေရာသီတွေမှာ ခြေအိတ်ဝတ်တဲ့အခါ ခြေအိတ်ရဲ့ ခြေချောင်းပိုင်းလေးတွေကို ဖြတ်ပြီး ဝတ်ဆင်ခြင်းအားဖြင့် သက်သောင့်သက်သာ ဖြစ်စေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























