/
news/အလှအပနှင့်ကျန်းမာရေး/ဂရိတ်ဖရုဖျော်ရည်

ဂရိတ်ဖရုဖျော်ရည်

Category
အလှအပနှင့်ကျန်းမာရေး

        လူတိုင်းနီးပါးကြိုက်နှစ်သက်ကြတဲ့ ဂရိတ်ဖရုဖျော်ရည်ဟာလည်း အသားအရည်လှပဖို့အတွက် အကောင်းဆုံးဖျော်ရည်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဗီတာမင် A၊ ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် အရေပြားကျန်းမာရေးကိုထိခိုက်နိုင်တဲ့ ဓာတ်တိုးပစ္စည်းတွေကိုကောင်းစွာတိုက်ထုတ်နိုင်ပါတယ်။ အိုမင်းရင့်ရော်မှုကိုနှေးကွေးစေပြီး အမဲစက်တွေဖြစ်ပွားမှုကိုလည်း လျှော့ချပေးတဲ့အပြင် ချောမွတ်တင်းရင်းတဲ့ အသားအရည်ကိုပါ ပေးစွမ်းနိုင်ပါတယ်။

Dr.Thinzar Hua Wynn (www.drmyanmar.com)