/
news/အလှအပနှင့်ကျန်းမာရေး/ဂျပန်မလေးများရဲ့-အလှအပဆိုင်ရာလျှို့ဝှက်ချက်များ

ဂျပန်မလေးများရဲ့ အလှအပဆိုင်ရာလျှို့ဝှက်ချက်များ

Category
အလှအပနှင့်ကျန်းမာရေး

          ဂျပန်အမျိုးသမီးအများစုဟာ အသားအရေဝင်းဝါစိုပြည်၍ ဆံပင်၏ကောင်းခြင်းနှင့်ပြည့်စုံ တတ်ကြပါတယ်။ ထိုကဲ့သို့လှပခြင်းမှာ မျိုးရိုးဗီဇကြောင့်မဟုတ်ဘဲ အလှအပဆိုင်ရာနည်းဗျူဟာများကို အမေမှသမီးထံသို့အဆင့်ဆင့် အမွေပေးထားတာဖြစ်ကြောင်းကို သိရှိရပါတယ်။ အကယ်၍ ထိုလျှို့ဝှက်ချက်များကိုသိခွင့်ရပါက ဂျပန်မလေးများကဲ့သို့ ပြစ်မျိုးမှဲ့မထင်အလှကို သင်လည်း ပိုင်ဆိုင်နိုင်ပါတယ်။

1. မျက်နှာပေါ်တွင်အလှဆီများကိုအသုံးပြုခြင်း

          အမျိုးသမီးအများစုသည် အဆီပါဝင်မှုနည်းသော(သို့) မပါဝင်သောပစ္စည်းများ ကိုရွေးချယ်သုံးစွဲနေချိန်တွင် ဂျပန်အမျိ်ုးသမီးများသည် သူတို့၏အသားအရေကောင်းမွန်စေရန်နှင့် ဝက်ခြံများမထွက်စေရန်သင့်တော်သောအလှဆီကို မျက်နှာပေါ်တွင် လိမ်းကျံကြပါသည်။ အညစ်အကြေးများကိုဖယ်ရှားရန်နှင့် ဗီတာမင် E ဖြင့် အရေပြားအာဟာဖြည့်တင်းရန်အတွက် သန့်စင်သောသဘာဝအဆီများကိုလည်း မျက်နှာတွင်သာမက တစ်ကိုယ်လုံးမှာပါသုံးစွဲလေ့ရှိကြပါတယ်။

2. လက်ဖက်စိမ်းများကိုကြိုက်နှစ်သက်ကြခြင်း

          ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ပိုးသတ်နိုင်စွမ်းနှင့် အရောင်ကျနိုင်စေသော အစွမ်းသတ္တိများရှိတဲ့ လက်ဖက်စိမ်းကိုဂျပန်လူမျိုးတွေဟာ နှစ်နှစ်ခြိုက်ခြိုက်သောက်သုံးလေ့ရှိကြပါတယ်။ ဂျပန်အမျိုးသမီးတွေအကြိုက်နှစ်သက်ဆုံးကတော့ matcha လို့ခေါ်တဲ့ လက်ဖက်စိမ်းအနှစ်ဖြစ်ပြီး သာမာန်လက်ဖက်စိမ်းများထက် ဆယ်ဆပိုမိုအစွမ်းထက်ပါတယ်။

3. နေရောင်နှင့်မထိတွေ့အောင်ရှောင်ရှားခြင်း

          သူတို့ဟာ ဦးထုပ်ဆောင်းခြင်း၊ ထီးဆောင်းခြင်းများဖြင့် နေရောင်နဲ့တိုက်ရိုက်မထိတွေ့အောင် ကာကွယ်ကြပါတယ်။

4. မျက်နှာချေးချွတ်ခြင်း

          ဂျပန်အမျိုးသမီးတွေဟာ ရေဓာတ်ကိုအခြေခံတဲ့ ပဲပိစပ်ချေးချွတ်ဆေးများနဲ့ မျက်နှာကို ပုံမှန်သန့်စင်လေ့ရှိပါတယ်။ ထိုကဲ့သို့ပြုလုပ်ခြင်းဖြင့် အရေပြားကိုနူးညံ့စေရုံမျှမက ချေွးပေါက်အတွင်းမှ အညစ်အကြေးများကိုလည်း ဖယ်ရှားပေးပါတယ်။

5. ရေနွေးစိမ်ခြင်း

          ဂျပန်အမျိ်ုးသမီးတွေအတွက် ရေနွေးစိမ်ခြင်းဟာအပိုအလုပ်တစ်ခုမဟုတ်ပေ။ သူတို့ရဲ့နေ့စဉ်ပြုလုပ်နေကျ အလုပ်တစ်ခုကဲ့သို့ ညနေတိုင်းရေနွေးစိမ်၍ အနားယူခြင်း၊ တစ်ကိုယ်လုံးကိုချေးချွတ်ခြင်းတို့ ကို ပြုလုပ်လေ့ရှိပါတယ်။ ရေနွေးကန်ထဲသို့ အမွှေးနံ့သာများ၊ အလှဆီများနှင့် လက်ဖက်စိမ်းများကိုထည့်၍ အသားအရေနူးညံ့စေရန်၊ ချေွးပေါက်များကျဉ်းစေရန်နှင့် အစိုဓာတ်ကိုထိန်းသိမ်းစေရန်အသုံးပြုကြပါတယ်။

6. ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကို စားသုံးခြင်း

          ဂျပန်လူမျိုးတို့သည် အနောက်တိုင်းအမြန်ရအစားအစာများကို ဆန့်ကျင်လေ့မရှိသော်လည်း အမြဲတစေ စားသုံးလေ့လည်းမရှိပေ။ ဂျပန်အစားအစာများသည် ကမ်ဘာပေါ်တွင်ကျန်းမာရေးနှင့်အညီညွတ်ဆုံး အစားအစာများဖြစ်သည့်အတွက် အသက်ရှည်စွာနေထိုင်နိုင်ကြခြင်းဖြစ်ပါတယ်။ ပုံမှန်ဂျပန်အစားအစာတွေမှာပါဝင်တာကတော့ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေ၊ ငါးနဲ့ ထမင်းတို့ပဲဖြစ်ပါတယ်။

7. စားလို့မရတဲ့အရာတွေကို အရေပြားပေါ်မှာလိမ်းလေ့မရှိပါ

          ဂျပန်အမျိုးသမီးတွေလိုက်နာလေ့ရှိတဲ့ နည်းလမ်းတစ်ခုကတော့ စားလို့မရတဲ့အရာမှန်သမျှကို အလှအပဆိုင်ရာပစ္စည်းတွေအဖြစ် မသုံးစွဲကြတာပဲဖြစ်ပါတယ်။ အရေပြားပေါ်မှာ လိမ်းကျံလိုက်တဲ့အရာမှန်သမျှဟာ သွေးထဲထိရောက်သွားနိုင်တယ်လို့့ယူဆကြတာကြောင့် ဂျပန်အလှပြင်ပစ္စည်းအများစုကို သဘာဝကုန်ပစ္စည်းတွေကနေ ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။

8. မိတ်ကပ်တွေကို အများကြီးမသုံးစွဲခြင်း

          ဂျပန်လူမျိုးတွေဟာ အသားအရေကောင်းအောင်ဘဲ အလွန်အမင်းဂရုစိုက်တာကြောင့် မိတ်ကပ်တွေအများကြီးသုံးပြီး အပြစ်အနာအဆာတွေကို ဖုံးကွယ်စရာမလိုပါဘူး။ အလှပြင်ပစ္စည်းတွေဝယ်တဲ့အခါမှာလည်း ပါဝင်တဲ့ပစ္စည်းတွေကို သေချာဂရုတစိုက်ကြည့်ပြီးမှ ဝယ်လေ့ရှိသလို မိတ်ကပ်လိမ်းခြယ်ခြင်းကိုလည်း အရေးတကြီးကိစ္စလို့သဘောမထားဘဲ တခါတရံမှသာ လိမ်းလေ့ရှိပါတယ်။

9. ဆံနွယ်များကိုဂရုစိုက်ခြင်း

          ဂျပန်အမျိုးသမီးများဟာ သဘာ​ဝပစ္စည်း (ဥပမာ - ပင်လယ်ရေညှိ) တွေနဲ့ပြုလုပ်ထား တဲ့ ခေါင်းလျှော်ရည်တွေနဲ့ သစ်သားဘီးတွေကိုသာ အသုံးပြုကြပါတယ်။ တစ်နေ့တစ်ကြိမ်ခေါင်းပုံမှန်ဖြီး၍ လက်ဖက်ဆီကိုသုံးပြီးဆံပင်ဖွာခြင်းမဖြစ်အောင်လည်း ဂရုတစိုက်ထိန်းသိမ်းကြပါတယ်။

Dr. Moe Thauk Pan

www.drmyanmar.com