စိတ်ညစ်ရပြီး အလှပျက်တဲ့ ဝက်ခြံတွေ မပေါက်ရအောင်
ဝက်ခြံဆိုရင် ဘယ်သူမှပေါက်ချင်ကြမှာ မဟုတ်ပါဘူးနော်။ ဘာလို့ ဝက်ခြံတွေ ထွက်ရတာလဲ။
တချို့ကျတော့လည်း မျိုးရိုးဗီဇအရကို အဆီပြန်တတ်တဲ့အသားအရေ (သို့) ဝက်ခြံထွက်တတ်တဲ့ အသားအရေကို ပိုင်ဆိုင်ထားတော့ သူများတွေထက်ပိုပြီး ဝက်ခြံကပေါက်တာပေါ့။
ဝက်ခြံဆိုတာက မျက်နှာပေါ်မှာပဲပေါက်တာ မဟုတ်ပါဘူးနော်။ ချွေးပေါက်ရှိတဲ့နေရာတိုင်းဖြစ်တဲ့ လည်ပင်း၊ နောက်ကျောတွေနဲ့ ခန္ဓာကိုယ်အောက်ပိုင်းတွေမှာလည်း ပေါက်ပါတယ်။ လက်ဖဝါး၊ ခြေဖဝါးတွေမှာတော့ မပေါက်ဘူးပေါ့။
>> ဝက်ခြံထွက်တာကို ကာကွယ်ပေးနိုင်မယ့်အချက် (၆) ချက်
ဝက်ခြံပေါက်တတ်တဲ့ အသားအရေရှိသူတွေမှာ အရေပြားဆဲလ်တွေ ပိုကြွေပြီးတော့ ချွေးပေါက်တွေ ပိတ်ပါတယ်။ ဒါတွေကို သေချာမဖယ်ရှားဘူးဆိုရင် ဝက်ခြံတွေ ဖြစ်လာစေပါတယ်။
1. သဘာဝချည်ထည်တွေကို ဝတ်ဆင်ပါ။
လေဝင်လေထွက်ကောင်းတဲ့ ပွပွချောင်ချောင် သဘာဝချည်ထည်လေးတွေကို ဝတ်ပါ။ ဒါက ချွေးလည်း စုပ်ပေးနိုင်တော့ ချွေးတွေ၊ သေသွားတဲ့အရေပြားဆဲလ်တွေ၊ အဆီတွေ၊ ဘက်တီးရီးယားပိုးတွေ ပိတ်မိပြီး ရောင်ရမ်းခြင်းတွေဖြစ်တာကို လျော့ကျစေပါတယ်။ ချွေးစုပ်တဲ့ချည်ထည်လေးတွေကို ရွေးဝတ်ပါ။ အထူးသဖြင့် လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ အရေးကြီးပါတယ်။
2. ချွေးတွေ အရမ်းထွက်ပြီးရင် ရေချိုးပါ။
ချွေးတွေထွက်နေတာကို ရေမချိုးဘဲထားရင် ဝက်ခြံပေါက်ဖို့ကို ပိုအားပေးပါတယ်။ ချက်ချင်း ရေမချိုးနိုင်ဘူးဆိုရင်တော့ အရေပြားသန့်စင်စေဖို့နဲ့ အဆီပိုတွေကို ဖယ်ရှားနိုင်ဖို့အတွက် Salicylic acid ပါတဲ့ lotion တစ်ခုခု လိမ်းပါ။ Salicylic acid ပါတဲ့ လိမ်းဆေးတွေက ဝက်ခြံတွေ အရမ်းထွက်တာကိုလည်း လျော့စေပါတယ်။
3. ဝက်ခြံ မကြာခဏထွက်တတ်ရင် Vitamin C ပါဝင်တဲ့ အစားအသောက်တွေ၊ ဆေးဝါးတွေကို မှီဝဲပါ။
Vitamin C ကြွယ်ဝတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ (ဥပမာ - လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ လိုက်ချီး၊ ကီဝီ၊ မာလကာသီး၊ ငရုပ်ပွ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း) နဲ့ Vicee လို Vitamin C ပါဝင်တဲ့ ဆေးဝါးတွေကို မှီဝဲပေးခြင်းကလည်း ဝက်ခြံရဲ့နောက်ဆက်တွဲ အမာရွတ်ဖြစ်ခြင်းကို တစ်ထောင့်တစ်နေရာကနေ ကာကွယ်ပေးနိုင်ပါတယ်။
Vicee 1

4. ဆဲလ်သေတွေကို ဖယ်ရှားပါ (Exfoliate လုပ်ပါ)။
ဝက်ခြံပေါက်တတ်တဲ့အသားအရေတွေက တခြားသူတွေထက် အရေပြားပေါ်က ဆဲလ်တွေ ပိုကြွေတဲ့အတွက် ဒီဆဲလ်သေတွေကို သေချာမဖယ်ရှားဘူးဆိုရင် ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံတွေ ပေါက်စေပါတယ်။ body scrub အပျော့စားသုံးပြီး အနည်းဆုံး တစ်ပတ် တစ်ကြိမ်၊ နှစ်ကြိမ်တော့ scrub လုပ်ပေးပါ။
5. အသားအရေရဲ့အစိုဓာတ်ကို ထိန်းသိမ်းပါ။
ပုံမှန်အတိုင်းဆိုရင် အရေပြားက အဆီတွေထုတ်ပေးပြီးတော့ သဘာဝအတိုင်း အသားရဲ့အစိုဓာတ်ကို ထိန်းပေးထားပါတယ်။ အရေပြား အရမ်းခြောက်တဲ့အခါတွေမှာ အဆီပိုထုတ်တဲ့အတွက် ဝက်ခြံကို ပိုဖြစ်စေပါတယ်။ ဒါကြောင့် အရေပြား မခြောက်အောင်လည်း ဂရုစိုက်ဖို့ လိုပါတယ်။ အရေပြားစိုစွတ်မှု ဟန်ချက်ညီစေဖို့ Moisturizer ကို နေ့စဉ်သုံးပေးပါ။
6. ကိုယ်အသုံးပြုနေတဲ့ လက်ကိုင်ဖုန်းကိုလည်း နေ့တိုင်း သန့်ရှင်းပေးပါ။
နေ့တိုင်းအသုံးပြုနေတဲ့ ဖုန်းတွေမှာ ထင်ထားတာထင်ပိုပြီး ဘက်တီးရီးယားပိုးတွေ များပါတယ်။ ဖုန်းကို မျက်နှာနဲ့ ကပ်မပြောရင်တောင်မှ လေကနေတစ်ဆင့် မျက်နှာကို ပိုးတွေ ပျံ့စေနိုင်ပါတယ်။ ဒီတော့ ဖုန်းကိုလည်း anti-bacteria ပါဝင်တဲ့ဆေးရည်နဲ့ နေ့တိုင်း ပွတ်တိုက်သန့်ရှင်းပေးပါ။
7. ခေါင်းအုံးစွပ်ကိုလည်း ပုံမှန်လျှော်ပေးပါ။
ခေါင်းအုံးစွပ်မှာ ဝက်ခြံပေါက်စေနိုင်တဲ့ အဆီတွေ၊ အရေပြားဆဲလ်တွေ၊ ဘက်တီးရီးယားပိုးတွေ၊ ချွေးပေါက်ပိတ်စေနိုင်တဲ့ဆံပင်က အညစ်အကြေးတွေ စုပုံနေပါတယ်။ ဒါကြောင့် ခေါင်းအုံးစွပ်ကို အနည်းဆုံး တစ်ပတ် တစ်ကြိမ်၊ နှစ်ကြိမ်လောက် လျှော်ပေးပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Vicee 2

(Zawgyi)
ဝက္ၿခံဆိုရင္ ဘယ္သူမွေပါက္ခ်င္ၾကမွာ မဟုတ္ပါဘူးေနာ္။ ဘာလို႔ ဝက္ၿခံေတြ ထြက္ရတာလဲ။
တခ်ိဳ႕က်ေတာ့လည္း မ်ိဳး႐ိုးဗီဇအရကို အဆီျပန္တတ္တဲ့အသားအေရ (သို႔) ဝက္ၿခံထြက္တတ္တဲ့ အသားအေရကို ပိုင္ဆိုင္ထားေတာ့ သူမ်ားေတြထက္ပိုၿပီး ဝက္ၿခံကေပါက္တာေပါ့။
ဝက္ၿခံဆိုတာက မ်က္ႏွာေပၚမွာပဲေပါက္တာ မဟုတ္ပါဘူးေနာ္။ ေခြၽးေပါက္ရွိတဲ့ေနရာတိုင္းျဖစ္တဲ့ လည္ပင္း၊ ေနာက္ေက်ာေတြနဲ႔ ခႏၶာကိုယ္ေအာက္ပိုင္းေတြမွာလည္း ေပါက္ပါတယ္။ လက္ဖဝါး၊ ေျခဖဝါးေတြမွာေတာ့ မေပါက္ဘူးေပါ့။
>> ဝက္ၿခံထြက္တာကို ကာကြယ္ေပးႏိုင္မယ့္အခ်က္ (၆) ခ်က္
ဝက္ၿခံေပါက္တတ္တဲ့ အသားအေရရွိသူေတြမွာ အေရျပားဆဲလ္ေတြ ပိုေႂကြၿပီးေတာ့ ေခြၽးေပါက္ေတြ ပိတ္ပါတယ္။ ဒါေတြကို ေသခ်ာမဖယ္ရွားဘူးဆိုရင္ ဝက္ၿခံေတြ ျဖစ္လာေစပါတယ္။
1. သဘာဝခ်ည္ထည္ေတြကို ဝတ္ဆင္ပါ။
ေလဝင္ေလထြက္ေကာင္းတဲ့ ပြပြေခ်ာင္ေခ်ာင္ သဘာဝခ်ည္ထည္ေလးေတြကို ဝတ္ပါ။ ဒါက ေခြၽးလည္း စုပ္ေပးႏိုင္ေတာ့ ေခြၽးေတြ၊ ေသသြားတဲ့အေရျပားဆဲလ္ေတြ၊ အဆီေတြ၊ ဘက္တီးရီးယားပိုးေတြ ပိတ္မိၿပီး ေရာင္ရမ္းျခင္းေတြျဖစ္တာကို ေလ်ာ့က်ေစပါတယ္။ ေခြၽးစုပ္တဲ့ခ်ည္ထည္ေလးေတြကို ေ႐ြးဝတ္ပါ။ အထူးသျဖင့္ ေလ့က်င့္ခန္းလုပ္တဲ့အခ်ိန္မွာ အေရးႀကီးပါတယ္။
2. ေခြၽးေတြ အရမ္းထြက္ၿပီးရင္ ေရခ်ိဳးပါ။
ေခြၽးေတြထြက္ေနတာကို ေရမခ်ိဳးဘဲထားရင္ ဝက္ၿခံေပါက္ဖို႔ကို ပိုအားေပးပါတယ္။ ခ်က္ခ်င္း ေရမခ်ိဳးႏိုင္ဘူးဆိုရင္ေတာ့ အေရျပားသန႔္စင္ေစဖို႔နဲ႔ အဆီပိုေတြကို ဖယ္ရွားႏိုင္ဖို႔အတြက္ Salicylic acid ပါတဲ့ lotion တစ္ခုခု လိမ္းပါ။ Salicylic acid ပါတဲ့ လိမ္းေဆးေတြက ဝက္ၿခံေတြ အရမ္းထြက္တာကိုလည္း ေလ်ာ့ေစပါတယ္။
3. ၀က္ၿခံ မၾကာခဏထြက္တတ္ရင္ Vitamin C ပါ၀င္တဲ့ အစားအေသာက္ေတြ၊ ေဆး၀ါးေတြကို မွီ၀ဲပါ။
Vitamin C ႂကြယ္၀တဲ့ အသီးအႏွံနဲ႔ ဟင္းသီးဟင္းရြက္ေတြ (ဥပမာ - လိေမၼာ္သီး၊ ခရမ္းခ်ဥ္သီး၊ လိုက္ခ်ီး၊ ကီ၀ီ၊ မာလကာသီး၊ င႐ုပ္ပြ၊ ေဂၚဖီထုပ္၊ ပန္းေဂၚဖီစိမ္း) နဲ႔ Vicee လို Vitamin C ပါ၀င္တဲ့ ေဆး၀ါးေတြကို မွီ၀ဲေပးျခင္းကလည္း ၀က္ၿခံရဲ႕ေနာက္ဆက္တြဲ အမာရြတ္ျဖစ္ျခင္းကို တစ္ေထာင့္တစ္ေနရာကေန ကာကြယ္ေပးႏိုင္ပါတယ္။
4. ဆဲလ္ေသေတြကို ဖယ္ရွားပါ (Exfoliate လုပ္ပါ)။
ဝက္ၿခံေပါက္တတ္တဲ့အသားအေရေတြက တျခားသူေတြထက္ အေရျပားေပၚက ဆဲလ္ေတြ ပိုေႂကြတဲ့အတြက္ ဒီဆဲလ္ေသေတြကို ေသခ်ာမဖယ္ရွားဘူးဆိုရင္ ေခြၽးေပါက္ေတြပိတ္ၿပီး ဝက္ၿခံေတြ ေပါက္ေစပါတယ္။ body scrub အေပ်ာ့စားသုံးၿပီး အနည္းဆုံး တစ္ပတ္ တစ္ႀကိမ္၊ ႏွစ္ႀကိမ္ေတာ့ scrub လုပ္ေပးပါ။
5. အသားအေရရဲ႕အစိုဓာတ္ကို ထိန္းသိမ္းပါ။
ပံုမွန္အတိုင္းဆိုရင္ အေရျပားက အဆီေတြထုတ္ေပးၿပီးေတာ့ သဘာဝအတိုင္း အသားရဲ႕အစိုဓာတ္ကို ထိန္းေပးထားပါတယ္။ အေရျပား အရမ္းေျခာက္တဲ့အခါေတြမွာ အဆီပိုထုတ္တဲ့အတြက္ ဝက္ၿခံကို ပိုျဖစ္ေစပါတယ္။ ဒါေၾကာင့္ အေရျပား မေျခာက္ေအာင္လည္း ဂ႐ုစိုက္ဖို႔ လိုပါတယ္။ အေရျပားစိုစြတ္မႈ ဟန္ခ်က္ညီေစဖို႔ Moisturizer ကို ေန႔စဥ္သုံးေပးပါ။
6. ကိုယ္အသုံးျပဳေနတဲ့ လက္ကိုင္ဖုန္းကိုလည္း ေန႔တိုင္း သန႔္ရွင္းေပးပါ။
ေန႔တိုင္းအသုံးျပဳေနတဲ့ ဖုန္းေတြမွာ ထင္ထားတာထင္ပိုၿပီး ဘက္တီးရီးယားပိုးေတြ မ်ားပါတယ္။ ဖုန္းကို မ်က္ႏွာနဲ႔ ကပ္မေျပာရင္ေတာင္မွ ေလကေနတစ္ဆင့္ မ်က္ႏွာကို ပိုးေတြ ပ်ံ႕ေစႏိုင္ပါတယ္။ ဒီေတာ့ ဖုန္းကိုလည္း anti-bacteria ပါ၀င္တဲ့ေဆးရည္နဲ႔ ေန႔တိုင္း ပြတ္တိုက္သန႔္ရွင္းေပးပါ။
7. ေခါင္းအုံးစြပ္ကိုလည္း ပုံမွန္ေလွ်ာ္ေပးပါ။
ေခါင္းအုံးစြပ္မွာ ဝက္ၿခံေပါက္ေစႏိုင္တဲ့ အဆီေတြ၊ အေရျပားဆဲလ္ေတြ၊ ဘက္တီးရီးယားပိုးေတြ၊ ေခြၽးေပါက္ပိတ္ေစႏိုင္တဲ့ဆံပင္က အညစ္အေၾကးေတြ စုပုံေနပါတယ္။ ဒါေၾကာင့္ ေခါင္းအုံးစြပ္ကို အနည္းဆုံး တစ္ပတ္ တစ္ႀကိမ္၊ ႏွစ္ႀကိမ္ေလာက္ ေလွ်ာ္ေပးပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























