ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာလေးတွေ
၁။ အသားခြောက်ခြင်း
လေအေးအေးလေးတိုက်လိုက်တဲ့အခါ အေးမြမှုကိုခံစားရလို့ ပျော်ပေမယ့်လည်း အသားအရည်ခြောက်သွေ့သွားနိုင်လို့ သတိထားဖို့လိုပါတယ်။ လေကခြောက်သွေ့ပြီး အစိုဓာတ်တွေကျဆင်းသွားတာမို့ အရေပြားကအစိုဓာတ်တွေလည်း အလျင်အမြန်အငွေ့ပြန်တတ်ကြပါတယ်။ ဒါကြောင့် အသားအရေဟာ ခြောက်သွေ့ကြမ်းတမ်းလာတော့တာပေါ့။
ဖြေရှင်းရန်နည်းလမ်းကတော့
ပတ်ဝန်းကျင်ရဲ့ထိုးနှက်မှုကိုခံနိုင်အောင် ရေများများသောက်၊ ရေဓာတ်ပြည့်ဝအောင်နေဖို့ အရေးကြီးပါတယ်။ ကိုယ်တွင်းရေဓာတ်ပြည့်ဝနေမှ ပြင်ပအသားအရည်လည်း ရေဓာတ်ပြည့်ဝမှာပေါ့။ ပုံမှန်သုံးနေကျထက်ပိုပြစ်တဲ့ အစိုထိန်းခရင်မ်တွေ လိမ်းပေးဖို့လိုသလို ခန္ဓာကိုယ်ရေဓာတ်ပြည့်ဝစေတဲ့ အစားအသောက်တွေစားပေးဖို့ကလည်း အရေးပါပါတယ်။
၂။ အသားလန်ခြင်း၊ ကွာခြင်း
အသားခြောက်တာပိုဆိုးလာခဲ့ရင် အရေပြားတွေ အက်ကွဲတာ၊ကွာတာတွေ ဖြစ်လာနိုင်ပါတယ်။ အစိုထိန်းခရင်မ်တွေပုံမှန်လိမ်းနေရင်းနဲ့ကို ဖြစ်လာနိုင်ပါတယ်။
ဖြေရှင်းနည်းကတော့
ပျက်စီးနေတဲ့အရေပြားအပေါ်ယံလွှာကို မျက်နှာချေးချွတ်သန့်စင်ရည် exfoliating washတစ်မျိုးမျိုးနဲ့ သစ်ပေးဖို့လိုပါတယ်။ ရိုးရိုးဆပ်ပြာဟာ pHများလို့ ရောင်ရမ်းတာ၊ ခြောက်သွေ့တာတွေဖြစ်စေတဲ့အပြင် အရေပြားအပြင်လွှာကို ပျက်စီးစေနိုင်ပါတယ်။ မျက်နှာသုတ်ပုဝါနဲ့ အသားအရည်ကို ပွတ်တိုက်တာမျိုးကိုလည်း ရှောင်ကြဉ်ပေးပါ။
Bio-Oil 1

၃။ နှုတ်ခမ်းခြောက်ခြင်း
ဆောင်းရာသီမှာ အသားအရည်အပြင် နှုတ်ခမ်းသားတွေလည်း အအေးဓာတ်ကို ခံစားရပါတယ်။ ခြောက်သွေ့အက်ကွဲနေတာကြောင့် ကြည့်မကောင်းရှုမကောင်းဖြစ်တဲ့အပြင် အနေရအထိုင်ရလည်း ခက်ခဲတတ်ပါတယ်။
ဖြေရှင်းနည်းကတော့
ဗီတာမင်အေနဲ့အီးအပြင် တစ်ခြားအစိုထိန်းပစ္စည်းတွေပါဝင်တဲ့ အလှကုန်တွေက အသားအရည်ကို နူးညံ့စေတဲ့အပြင် ပြန်လည်ပြုပြင်ပေးပါတယ်။ အကောင်းဆုံးရလာဒ်ကိုတွေ့မြင်ရဖို့ဆိုရင် နှုတ်ခမ်းလေးနူးညံ့သွားအောင် ရေအေးလေးနဲ့အရင်ပက်ဖြန်းပြီးမှ နှုတ်ခမ်းအစိုထိန်းခရင်မ်တွေလိမ်းပေးပါ။
၄။ အယားကွက်တွေပေါ်ခြင်း
တချို့သူတွေမှာ အအေးဝင်လာတာနဲ့ အယားကွက်တွေ ပေါ်လာတော့တာပါပဲ။ လေအေးအေးကြောင့် အရေပြားအပေါ်ယံလွှာကြီး ခြောက်သွေ့သွားတာမို့ အရေပြားက ကြမ်းခြောက်ခြောက် ယားယားကြီးဖြစ်လာတတ်ပါတယ်။
ဖြေရှင်းနည်းကတော့
ရေပူနဲ့အကြာကြီးရေချိုးတဲ့အခါ အသားအရည်ခြောက်သွေ့တာပိုဆိုးလာနိုင်တာမို့ ရှောင်ပေးပါ။ ယားယံတာတွေသက်သာစေဖို့ အဝတ်အစားကို သေချာရွေးချယ်ပေးပါ။ သိုးမွေးတွေကပိုယားယံစေနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ချည်သားပျော့ပျော့လေးတွေ၊ ပိုးသားလေးတွေ ဝတ်ဆင်ပေးပါ။
၅။ အသားအရည်နီရဲလာခြင်း
ဆောင်းရာသီမှာ အရေပြားတွေနီရဲရောင်ရမ်းတာတွေ ဖြစ်တတ်ပါတယ်။
ဖြေရှင်းနည်းကတော့
အရေပြားကို အပျော့စားဆပ်ပြာလေးနဲ့ ဆေးပေးပါ။ ပြီးတော့ အရေပြားအစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ဖို့ အစိုထိန်းခရင်မ်ကောင်းကောင်း လိမ်းပေးဖို့လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Bio-Oil 2

၁။ အသားေျခာက္ျခင္း
ေလေအးေအးေလးတိုက္လိုက္တဲ့အခါ ေအးျမမႈကိုခံစားရလို႔ ေပ်ာ္ေပမယ့္လည္း အသားအရည္ေျခာက္ေသြ႕သြားႏိုင္လို႔ သတိထားဖို႔လိုပါတယ္။ ေလကေျခာက္ေသြ႕ၿပီး အစိုဓာတ္ေတြက်ဆင္းသြားတာမို႔ အေရျပားကအစိုဓာတ္ေတြလည္း အလ်င္အျမန္အေငြ႕ျပန္တတ္ၾကပါတယ္။ ဒါေၾကာင့္ အသားအေရဟာ ေျခာက္ေသြ႕ၾကမ္းတမ္းလာေတာ့တာေပါ့။
ေျဖရွင္းရန္နည္းလမ္းကေတာ့
ပတ္ဝန္းက်င္ရဲ႕ထိုးႏွက္မႈကိုခံႏိုင္ေအာင္ ေရမ်ားမ်ားေသာက္၊ ေရဓာတ္ျပည့္ဝေအာင္ေနဖို႔ အေရးႀကီးပါတယ္။ ကိုယ္တြင္းေရဓာတ္ျပည့္ဝေနမွ ျပင္ပအသားအရည္လည္း ေရဓာတ္ျပည့္ဝမွာေပါ့။ ပုံမွန္သုံးေနက်ထက္ပိုျပစ္တဲ့ အစိုထိန္းခရင္မ္ေတြ လိမ္းေပးဖို႔လိုသလို ခႏၶာကိုယ္ေရဓာတ္ျပည့္ဝေစတဲ့ အစားအေသာက္ေတြစားေပးဖို႔ကလည္း အေရးပါပါတယ္။
၂။ အသားလန္ျခင္း၊ ကြာျခင္း
အသားေျခာက္တာပိုဆိုးလာခဲ့ရင္ အေရျပားေတြ အက္ကြဲတာ၊ကြာတာေတြ ျဖစ္လာႏိုင္ပါတယ္။ အစိုထိန္းခရင္မ္ေတြပုံမွန္လိမ္းေနရင္းနဲ႔ကို ျဖစ္လာႏိုင္ပါတယ္။
ေျဖရွင္းနည္းကေတာ့
ပ်က္စီးေနတဲ့အေရျပားအေပၚယံလႊာကို မ်က္ႏွာေခ်းခြၽတ္သန႔္စင္ရည္ exfoliating washတစ္မ်ိဳးမ်ိဳးနဲ႔ သစ္ေပးဖို႔လိုပါတယ္။ ႐ိုး႐ိုးဆပ္ျပာဟာ pHမ်ားလို႔ ေရာင္ရမ္းတာ၊ ေျခာက္ေသြ႕တာေတြျဖစ္ေစတဲ့အျပင္ အေရျပားအျပင္လႊာကို ပ်က္စီးေစႏိုင္ပါတယ္။ မ်က္ႏွာသုတ္ပုဝါနဲ႔ အသားအရည္ကို ပြတ္တိုက္တာမ်ိဳးကိုလည္း ေရွာင္ၾကဥ္ေပးပါ။
၃။ ႏႈတ္ခမ္းေျခာက္ျခင္း
ေဆာင္းရာသီမွာ အသားအရည္အျပင္ ႏႈတ္ခမ္းသားေတြလည္း အေအးဓာတ္ကို ခံစားရပါတယ္။ ေျခာက္ေသြ႕အက္ကြဲေနတာေၾကာင့္ ၾကည့္မေကာင္းရႈမေကာင္းျဖစ္တဲ့အျပင္ အေနရအထိုင္ရလည္း ခက္ခဲတတ္ပါတယ္။
ေျဖရွင္းနည္းကေတာ့
ဗီတာမင္ေအနဲ႔အီးအျပင္ တစ္ျခားအစိုထိန္းပစၥည္းေတြပါဝင္တဲ့ အလွကုန္ေတြက အသားအရည္ကို ႏူးညံ့ေစတဲ့အျပင္ ျပန္လည္ျပဳျပင္ေပးပါတယ္။ အေကာင္းဆုံးရလာဒ္ကိုေတြ႕ျမင္ရဖို႔ဆိုရင္ ႏႈတ္ခမ္းေလးႏူးညံ့သြားေအာင္ ေရေအးေလးနဲ႔အရင္ပက္ျဖန္းၿပီးမွ ႏႈတ္ခမ္းအစိုထိန္းခရင္မ္ေတြလိမ္းေပးပါ။
၄။ အယားကြက္ေတြေပၚျခင္း
တခ်ိဳ႕သူေတြမွာ အေအးဝင္လာတာနဲ႔ အယားကြက္ေတြ ေပၚလာေတာ့တာပါပဲ။ ေလေအးေအးေၾကာင့္ အေရျပားအေပၚယံလႊာႀကီး ေျခာက္ေသြ႕သြားတာမို႔ အေရျပားက ၾကမ္းေျခာက္ေျခာက္ ယားယားႀကီးျဖစ္လာတတ္ပါတယ္။
ေျဖရွင္းနည္းကေတာ့
ေရပူနဲ႔အၾကာႀကီးေရခ်ိဳးတဲ့အခါ အသားအရည္ေျခာက္ေသြ႕တာပိုဆိုးလာႏိုင္တာမို႔ ေရွာင္ေပးပါ။ ယားယံတာေတြသက္သာေစဖို႔ အဝတ္အစားကို ေသခ်ာေ႐ြးခ်ယ္ေပးပါ။ သိုးေမြးေတြကပိုယားယံေစႏိုင္တယ္ဆိုတာ မေမ့ပါနဲ႔။ ခ်ည္သားေပ်ာ့ေပ်ာ့ေလးေတြ၊ ပိုးသားေလးေတြ ဝတ္ဆင္ေပးပါ။
၅။ အသားအရည္နီရဲလာျခင္း
ေဆာင္းရာသီမွာ အေရျပားေတြနီရဲေရာင္ရမ္းတာေတြ ျဖစ္တတ္ပါတယ္။
ေျဖရွင္းနည္းကေတာ့
အေရျပားကို အေပ်ာ့စားဆပ္ျပာေလးနဲ႔ ေဆးေပးပါ။ ၿပီးေတာ့ အေရျပားအစိုဓာတ္ကို ထိန္းသိမ္းေပးႏိုင္ဖို႔ အစိုထိန္းခရင္မ္ေကာင္းေကာင္း လိမ္းေပးဖို႔လိုပါတယ္။
Dr. Mya Phoo Ngon (www.drmyanmar.com)