/
news/အလှအပနှင့်ကျန်းမာရေး/ဆံပင်ကျွတ်ခြင်းမှ-ကာကွယ်နိုင်သော-သဘာ၀နည်းလမ်းများ

ဆံပင်ကျွတ်ခြင်းမှ ကာကွယ်နိုင်သော သဘာ၀နည်းလမ်းများ

Category
အလှအပနှင့်ကျန်းမာရေး

1.  အုန်းဆီဖြင့် ဦးရေပြားကိုနှိပ်နယ်ပေးပါ။

        အုန်းဆီနဲ့ ဦးရေပြားကို နှိပ်နယ်ပေးခြင်းကြောင့် ဆံပင်မွေးညှင်းပေါက်လေးများ ရှင်သန်ရာမှာ အဟန့်အတားဖြစ်စေတဲ့ ဗောက်၊ မှိုတွေ ကင်းေ၀းစေပြီး ဦးရေပြားသွေးလည်ပတ်မှုကောင်းစေပါတယ်။ ဆံပင်ကျွတ်စေတဲ့အခြေခံအကြောင်းရင်းဖြစ်သော စိတ်ဖိစီးမှုကိုလည်းလျော့ချပေးနိုင်ပါတယ်။

        သင့်အနေနဲ့ဆံပင် လွန်မင်းစွာကျွတ်သူတစ်ယောက်ဖြစ်ပါက အုန်းဆီ၊ သံလွင်ဆီ၊ မုန်ညှင်းဆီစတဲ့ ဆံပင်အတွက်သီးသန့်ထုတ်တဲ့ အဆီကိုအပူပေးကာ တစ်ပတ်မှာ 3-4 ကြိမ်လောက် ဦးရေပြားကိုနှိပ် နယ်ပေးသင့်ပါတယ်။ အပျော့စားခေါင်းလျှော်ရည်ကိုသုံးသင့်ပြီး ခေါင်းမလျှော်ခင် 6 နာရီအလိုမှာ ဆီနွေးနွေးလေးနဲ့နှိပ်နယ်ကာ ဆံပင်ပေါင်းထားသင့်ပါတယ်။

2.  ရှားစောင်းလက်ပက်ဂျယ်လ်ဖြင့် ဦးရေပြားကို နှိပ်နယ်ပေးပါ။

        ရှားစောင်းလက်ပက်ဂျယ်လ်ကို ဦးရေပြားမှာလိမ်းပေးပါက ဆံပင်ကျွတ်ခြင်းကိုသက်သာစေနိုင်တဲ့အပြင် ဆံသားခြောက်သွေ့ခြင်း၊ ဦးရေပြားယားယံခြင်းတို့ကို ကင်းေ၀းစေပါတယ်။ ရှားစောင်းလက်ပတ်အဆီပျစ်ကို ဦးရေပြားမှာလိမ်းကာနှိပ်နယ်ပြီးနောက် ကြက်သီးနွေးရေဖြင့် ဆေးကြောပေးပါ။ ယင်းကဲ့သို့ တစ်ပတ်နှစ်ကြိမ်ပြုလုပ်ပေးပါက ဆံပင်ကျွတ်ခြင်းသက်သာစေနိုင်ပါတယ်။

3.  မုန်ညင်းဆီ၊ ဒန်းရွက်အသုံးပြုပါ။

        မုန်ညင်းဆီထဲမှာဒန်းရွက်ထည့်ပြီးအပူပေးပါ။ ၎င်းနောက် အအေးခံကာ အုန်းဆီနဲ့ရောပြီး ဦးရေပြားကိုလိမ်းကာနှိပ်နယ်ပေးပါက ဆံပတ်ကျွတ်ခြင်းကိုကာကွယ်နိုင်ပါတယ်။

4.  တမာရွက်ပြုတ်ရည် ကိုသုံးပါ

        တမာရွက်ပြုတ်ရည်ကိုအအေးခံပြီး ဦးခေါင်းတွင်လိမ်း၍နှိပ်နယ်ပါက ဦးးခေါင်းအဆီလွန်ကဲစွာထွက်ခြင်း ကို သက်သာစေပါတယ်။ ထို့နောက် အက်စစ်ဓာတ်ပုံမှန်ဖြစ်စေရန် ပန်းသီးရှာလကာရည်ဖြင့်ဆေးပါ။ ပန်းသီးရှာလကာရည်ရဲ့အနံ့ပျောက်အောင်တော့ ခေါင်းလျော်ရည်နဲ့သေသေချာချာ ပြန်လျော်ဖိုလိုပါလိမ့်မယ်။

5.  နံနံပင်သုံးပါ။

        နံနံပင်ကို ကြိတ်ချေပြီးညှစ်ထားတဲ့အရည်ကို ခေါင်းမလျှော်ခင်လိမ်းပေးခြင်း၊ ဂျုံမှုန့်နဲ့ဒိန်ခဲသုံးကာအနှစ်ပြု လုပ်ပြီး ခေါင်းမလျှော်ခင်တစ်နာရီအလိုမှာ လိမ်းကျံပေးထားခြင်းဖြင့် ဆံပင်ကျွတ်ခြင်းမှ ကင်းေ၀းစေနိုင်ပါတယ်။

6.  ဆံသားအားဖြည့်အစားအစာများစားသုံးပါ။

        ကယ်လ်ဆီယမ်၊ အသားဓာတ်၊ သံဓာတ်ကြွယ်၀တဲ့အစားအစာတွေဟာ ဦးရေပြားကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ အခွံမာသီးတွေဖြစ်တဲ့ ဗာဒံစေ့၊ မြေပဲ၊ အရွက်ဖားဖား အစိမ်းရောင်ဟင်းသီးဟင်းရွက်များနဲ့ ပဲတောင့်ရှည်၊ သစ်သီး၀လံများကို ဆံပင်သန်စွမ်းစေဖို့အတွက် ဂရုတစိုက်စားပေးသင့်ပါတယ်။

 

 

Cho Thet

www.drmyanmar.com