ဆံပင်အုံထူစေသောနည်းလမ်း (5)သွယ်
ဆံပင်အုံကောင်းပြီး ကျန်းမာသန်စွမ်းသော ဆံသားပို်င်ဆိုင်ခြင်းဟာ ကံကောင်းခြင်းတစ်ခုပါ။ အစားအသောက်ကြောင့်သော်လည်းကောင်း၊ ဆံပင်အသုံးအဆောင်ပစ္စည်းများကြောင့်သော်လည်းကောင်း၊ ဆံပင်ပုံစံအမျိုးမျိုးပြုပြင်ခြင်းကြောင့်သော်လည်းကောင်း၊ မျိုးရိုးဗီဇကြောင့်သော်လည်းကောင်း စတဲ့အကြောင်းအရာတွေကြောင့် ဆံပင်နဲ့ပတ်သက်တဲ့ ဆိုးကျိုးများစွာကိုရင်ဆိုင်ရလေ့ရှိတတ်ကြပါတယ်။ ဒါပေမယ့်ဘယ်လိုအကြောင်းအရာများရှိစေကာမူ ဆံပင်ကျန်းမာသန်စွမ်းစေဖို့ နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။ ဖော်ပြပါဆံပင်အတွက် အားဖြည့်ဆေးလေးတွေကိုအသုံးပြုပြီး အုံကောင်းသောဆံပင်အလှကို ရယူလိုက်ကြရအောင်။
1. ဗီတာမင် A, B, E
ဗီတာမင် A နဲ့ E ဟာ အင်တီအောက်ဆီးဒင့်များဖြစ်တာကြောင့် ဆံပင်အုံကောင်းလာစေဖို့ ကူညီပေးနိုင်ပြီးဗီတာမင် B က ခန္ဓာကိုယ်တွင်း ဇီ၀ဖြစ်ပျက်မှုကို အထောက်အကူပြုပေးနိုင်တာကြောင့် ဆံပင်ရှင်သန်ကြီးထွားစေနိုင်ပါတယ်။
2. အမျှင်ဓာတ်
အမျှင်ဓာတ်ဟာအစာချေဖျက်မှုလုပ်ငန်းစဉ်မှာ ကူညီပေးနိုင်သလိုဆံသားကောင်းခြင်းကို လည်း ပေးစွမ်းနိုင်ပါတယ်။
3. သစ်ကြံပိုးခေါက်နှင့်ပျားရည်
သစ်ကြံပိုးခေါက်လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ အပူပေးထားသော သံလွင်ဆီကိုပေါင်းထည့်ကာ ဆံသားကိုလိမ်းပေးပါက ဆံပင်သန်စွမ်းလာစေနိုင်ပါတယ်။
4. ရှားစောင်းလက်ပက်
ဓာတုပစ္စည်းများကင်းစင်တဲ့ သဘာ၀ဆံပင်အားဖြည့်ဆေးဖြစ်တာကြောင့် ဆံပင်ရှင်သန်မှုကို များစွာအထောက်အကူပြုပေးနိုင်ပါတယ်။
5. ဒန်းရွက်
ဒန်းရွက်ကိုတစ်ပတ်တစ်ကြိမ်အသုံးပြုပေးပါက ဆံပင်နဂိုအရောင်ပြန်လည်ရရှိစေနိုင်တဲ့အပြင် ဆံပင်အုံထူလာစေနိုင်ပါတယ်။
6. ဘီယာ
ဒီနည်းကတော့ အနောက်နိုင်ငံတွေမှာရောင်းအားကောင်း စာအုပ်တစ်အုပ်ဖြစ်တဲ့ "Hollywood Beauty Secrets" ဆိုတဲ့ စာအုပ်ကနည်းဖြစ်ပါတယ်။ ဘီယာကိုအခန်းအပူချိန်မှာ အရင်ထားထားပေးရမှာဖြစ်ပါတယ်။ ထို့နောက် ခေါင်းလျှော်ပြီးပါက ဆံသားပေါ်ကိုဘီယာ 1 ခွက်လောင်းချပြီး 2-3 မိနစ်ကြာလောက် နှိပ်နယ်ပေးပြီးမှ ရေဖြင့် ပြောင်စင်အောင်ဆေးကြောပေးရမှာပါ။ ဒီနည်းကလည်း ဆံသားအုံထူစေနိုင်တဲ့ နည်းတစ်မျိုးဖြစ်တယ်လို့ ဆိုပါတယ်။
CMS





























