ဆံသားကျန်းမာသန်စွမ်းစေဖို့စားသင့်သော အစားအစာ(၁၀)မျိုး
1. ဆယ်လ်မွန်ငါး
ဆယ်လ်မွန်ငါးမှာ ပရိုတင်းဓာတ်နဲ့ ဗီတာမင် D ကြွယ်၀စွာပါရှိတဲ့အပြင် ဆံသားတွေ သန်စွမ်းစေဖို့အတွက် လိုအပ်တဲ့ အိုမီဂါ 3 ဖက်တီးအက်ဆစ်လည်း ပါ၀င်ပါတယ်။
ဆံကေသာအတွက်မရှိမဖြစ်လိုအပ်တဲ့ ဖက်တီးအက်ဆစ်ကို မက်ကရယ်ငါး၊ ငါးသေတ္တာငါး၊ ထရောက်ငါး၊ ထောပတ်သီး၊ ဖရုံစေ့နဲ့ သစ်ကြားသီးတို့မှလည်း ရရှိနိုင်ပါတယ်။
2. သစ်ကြားသီး
သစ်ကြားသီးမှာ အိုမီဂါ 3 ဖက်တီးအက်ဆစ်ပါရှိပြီး နေရောင်ခြည်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ ဆံကေသာအတွက် အထူးလိုအပ်တဲ့ Biotin နဲ့ Vitamin E ကြွယ်၀စွာပါ၀င်ပါတယ်။ သစ်ကြား သီးမှာပါရှိတဲ့ Copper (ကော့ပါးဓာတ်) က ဆံပင်အရောင်ကို စိုပြေတောက်ပစေပါတယ်။
3. ကမာကောင်
ကမာကောင်မှာပါရှိတဲ့ Zinc ဓာတ်ဟာ ဦးရေပြားခြောက်သွေ့ခြင်း၊ ဆံပင်ကျွတ်ခြင်းမှ ကာ ကွယ်ပေးနိုင်ပါတယ်။ ဆံသားအတွက် အလိုအပ်ဆုံးဖြစ်တဲ့ ပရိုတင်းဓာတ်လည်းမြင့်မားစွာပါရှိပါ တယ်။ Zinc ဓာတ်ကို အခွံမာသီး၊ အမဲသားနဲ့ ဥအမျိုးမျိုးတို့မှလည်း ရရှိနိုင်ပါတယ်။
4. ကန်စွန်းဥ
ကန်စွန်းဥမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် A ကို ပြောင်းနိုင်တဲ့ အင်တီအောက်စီးဒင့် ဘီတာကယ်ရိုတင်း ပါရှိ်ပါတယ်။ ဒါ့ကြောင့် ကန်စွန်းဥ စားခြင်းဖြင့် ဗီတာမင် A ချို့တဲ့ခြင်းကြောင့်ဖြစ်စေတဲ့ ဦးရေပြားယားယံခြင်း၊ ဖောက်ထခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ မုန်လာဥဝါ၊ တရုတ်ဆီးသီး၊ ဖရုံသီး၊ သရက်သီးတို့ကို စားသုံးခြင်းဖြင့်လည်း ဘီတာကယ်ရိုတင်းဓာတ်ရရှိနိုင်ပါတယ်။
5. ဥအမျိုးမျိုး
ဥအမျိုးမျိုးမှာ Zinc, Selenium, Sulfur နဲ့ Iron ဓာတ်တွေပါရှိပြီး ပရိုတင်းဓာတ်လည်း မြင့် မားစွာပါ၀င်ပါတယ်။ သံဓာတ်ပါရှိခြင်းကြောင့် အမျိုးသမီးတွေမှာ အများဆုံးဖြစ်တတ်တဲ့ ဆံပင် ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ကြက်သား၊ ငါး၊ ၀က်သားနဲ့ အမဲသားတို့စားသုံးခြင်းဖြင့်လည်း သံဓာတ်များစွာရရှိနိုင်ပါတယ်။
6. ဒေါက်ခွရွက်
ဆံကေသာကျန်းမာသန်စွမ်းစေဖို့နဲ့ ဦးရေပြားခြောက်သွေ့ခြင်းမှ ကင်းေ၀းစေဖို့ သံဓာတ်၊ ဖောလစ်အက်ဆစ်၊ ဘီတာကယ်ရိုတင်းနဲ့ ဗီတာမင် C ကြွယ်၀စွာပါ၀င်တဲ့ ဒေါက်ခွရွက်ကို စားသုံးပေးခြင်းဖြင့် ထိန်းသိမ်းနိုင်ပါတယ်။ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်နဲ့ ဟင်းသီးဟင်းရွက်များစားသုံးခြင်းဖြင့်လည်း အာဟာရဓာတ်ကြွယ်၀စွာရရှိနိုင်ပါတယ်။
7. ပဲနီလေး
အရွယ်အစားသေးငယ်ပေမယ့် စွမ်းအားထက်မြက်တဲ့ ပဲနီလေးမှာ ပရိုတင်း၊ သံဓာတ်၊ ဇင့်၊ Biotin (ဘိုင်အိုတင်) တို့ ပါရှိပါတယ်။ သက်သတ်လွတ် စားသုံးသူတွေအတွက် အထူးလိုအပ်တဲ့ ပဲအမျိုးအစားဖြစ်ပါတယ်။ ဘိုစားပဲ၊ ပဲပုပ်မှာလည်း ပဲနီကလေးကဲ့သို့ အာနိသင်များစွာ ပါ၀င်ပါတယ်။
8. ဒိန်ချဉ်
ဒိန်ချဉ်မှာ ပရိုတင်း၊ ဗီတာမင် B5 နဲ့ ဗီတာမင် D တို့ပါရှိတာကြောင့် ဆံသားကို ကျန်းမာ သန်စွမ်းစေပါတယ်။ ဒိန်ခဲပျော့နဲ့ မလိုင်ထုတ်ပြီးသား နွားနို့ကိုလည်း ဆံကေသာလှပဖို့ စားသုံးပေး သင့်ပါတယ်။
9. ဘလူးဘယ်ရီသီး
ဘလူးဘယ်ရီသီးမှာပါရှိတဲ့ ဗီတာမင် C ဟာ ဦးရေပြားအတွင်း သွေးလည်ပတ်မှုကောင်းစေတဲ့ အစွမ်းထက်သစ်သီးတစ်မျိုးဖြစ်ပြီး ဗီတာမင် C ချို့တဲ့မှုကြောင့် ဖြစ်တတ်တဲ့ ဆံပင်ပျက်စီးမှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ ကီ၀ီသီး၊ ကန်စွန်းဥ၊ ခရမ်းချဉ်သီးနဲ့ စတော်ဘယ်ရီသီးတွေကို စားသုံးပေး ခြင်းဖြင့်လည်း ဗီတာမင် C ကို ရရှိစေပါတယ်။
10. မွေးမြူရေးကြက်၊ ဘဲ
နေ့စဉ်စားသုံးနေတဲ့ ပရိုတင်းဓာတ်ကြွယ်၀တဲ့ အသား၊ ငါးတွေမှာ ဇင့်၊ သံဓာတ်နဲ့ ဆံပင်ကို အုံထူစေပြီး ကျန်းမာသန်စွမ်းစေဖို့ ဗီတာမင် B ပါရှိပါတယ်။ ပရိုတင်းဓာတ်ကြွယ်၀တဲ့ အစားအစာတွေဟာ ဆံသားအတွက် အထူးကောင်းမွန်စေပါတယ်။
Cho Thet






























