တစ်ပတ်အတွင်း ကိုယ်အလေးချိန် တစ်ပေါင်ကျစေဖို့
တစ်ပတ်အတွင်း ကိုယ်အလေးချိန်တစ်ပေါင်ကျစေနိုင်ဖို့ရာမှာ စုစုပေါင်းကယ်လိုရီ 3500 လောင်ကျွမ်းမှသာလျှင် လုံလောက်မှုရှိမှာပါ။ ဒါကြောင့် သင့်အနေနဲ့တစ်နေ့တာအတွက် ကယ်လိုရီ 500 လောင်ကျွမ်းအောင် ပြုလုပ်သင့်ပါ တယ်။ ဒီလောက်ပမာဏရှိတဲ့ ကယ်လိုရီကို အစားအသောက် ပုံစံပြောင်းလဲပေးရုံနဲ့ လျော့ချပေးနိုင်ပါတယ်။ ဒါ့အတွက် သင့်ကယ်လိုရီတွေကို အလွယ်တကူလောင်ကျွမ်းစေနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
1. သကြားစားခြင်းမှရှောင်ကျဉ်ပါ။
သကြားပါ၀င်တဲ့ အစားစာတွေအစား အမျှင်ဓာတ်ကြွယ်၀တဲ့အစားအစာ၊ ကောက်နှံနဲ့လုပ်ထား တဲ့ ကွေကာကိုရွေးချယ်စားသုံးပါ။ ကော်ဖီဖျော်တဲ့အခါ သကြားအစား ပျားရည်အသုံးပြုပါ။ သကြားမပါ၀င်သောယိုကိုသာ စားသုံးသင့်ပြီး အချိုပွဲများမစားသုံးသင့်ပါ။
2. ဒိန်ခဲလျော့စားပါ။
ဒိန်ခဲအချပ်ပြားလေးတစ်ချပ်မှာ ကယ်လိုရီ 80 မှ 100 အထိ ပါ၀င်နေပါတယ်။ သင့်အနေနဲ့ တစ်ပတ်မှာသုံးကြိမ်လောက် ဒိန်ခဲမစားဘူးဆိုရင်တော့ ကယ်လိုရီ 900 အထိလျော့ချနိုင်နေပါပြီ။ အသားညှပ်ပေါင်မုန့်၊ salad ထဲမှာဒိန်ခဲထည့်စားမယ့်အစား အာလူးချောင်းကြော်တွေကိုအစားထိုးစားသုံးပါ။
3. ဆေးဖက်၀င်ဖျော်ရည်ကိုသောက်သုံးပါ။
သစ်သီးဖျော်ရည်တွေမှာကယ်လိုရီ 120 ခန့်ပါ၀င်နေပါတယ်။ ဒါကြောင့် သဘာ၀သောက်ရေသန့် ဒါမှမဟုတ် အသီးအရွက်များထည့်ထားတဲ့ သဘာ၀အနံ့အရသာရှိတဲ့ အရည်မျိုးကိုသာရွေးချယ်သောက်သုံးပါ။
4. စားသုံးဆီရွေးချယ်ပါ။
ချက်ပြုတ်ကြော်လှော်ဆီအများစုနဲ့ချက်တဲ့ ဟင်းလျာတစ်ပန်းကန်မှာ ကယ်လိုရီ 300 ခန့်ပါ၀င်နေတတ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့အညီညွတ်ဆုံးဖြစ်တဲ့ သံလွင်ဆီ၊ အုန်းဆီ၊ နေကြာဆီ၊ မြေပဲဆီ၊ ပဲပုပ်စေ့ဆီ စတာတွေကိုရွေးချယ်စားသုံးပါ။
5. ပေါင်မုန့်စားသုံးခြင်းရှောင်ကျဉ်ပါ။
နံနက်စာအတွက် ပေါင်မုန့်အဖြူအစား ပေါင်မုန့်အကြမ်း(အညို)၊ ကောက်နှံနဲ့လုပ်ထားတဲ့ကွေကွာ၊ ဆန်လုံးညို၊ သစ်သီး၀လံ စတဲ့အစားအစာတွေကိုသာစားသုံးပါ။
6. ရှောက်သီးစားပါ။
အသုပ်သုတ်ရာမှာ ဆီနဲ့ရှာလကာရည်နှောထားသော စားမြိန်ရည်ကိုအသုံးပြုမယ့်အစား ရှောက်ရည် ညှစ်ပြီး သုတ်စားပါက ကယ်လိုရီ 200 လောက်လျော့ကျစေနိုင်ပါတယ်။
7. ဒိန်ချဉ်စားပါ။
အချဉ်အရသာရှိသောခရင်မ်၊ မရိုးနိစ် စတဲ့စားမြိန်ရည် လက်ဖက်စားဇွန်းတစ်ဇွန်းစာမှာ ကယ်လိုရီ 100 ခန့် ပါ၀င်နေပါတယ်။ ဒါကြောင့် ၎င်းစားမြိန်ရည်အစား Greek yogurt ကိုစားသုံးပါက 335 ကယ်လိုရီ အထိလျော့ချစေပါလိမ့်မယ်။
8. အဆာပြေသရေစာရွေးချယ်ပါ။
ကိုယ်အလေးချိန်လျော့ချနေစဉ်မှာ အဆာပြေသရေစာကို ရှောင်ကျဉ်တာအကောင်းဆုံးပါ။ အထူးသဖြင့် ညအိပ်ခါနီးညလယ်စာစားခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ နေ့လည်အဆာပြေစားလျင် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီး၀လံ၊ သဘာ၀ပြောင်းဖူးပေါက်ပေါက်၊ အခံွမာစေ့၊ အဆီထုတ်ထားသောနွားနို့ စတာတွေကိုရွေးချယ်စားသုံးပါ။
Mg HlaingThwin (www.drmyanmar.com)