ထင်မှတ်မထားတဲ့နေရာများမှာ Aspirin ၏ အသုံး၀င်ပုံ
အဖျားတက်ခြင်းနှင့် နာကျင်ရောင်ရမ်းမှုတွေကိုလျော့ချရာမှာ အသုံးပြုတဲ့ အက်စပရင်(Aspirin) ဆေးဝါးမှာ ထင်မှတ်မထားတဲ့အသုံးဝင်မှုတွေရှိနေပါသေးတယ်။ လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတွေဖြစ်ပြီး ထိရောက်တဲ့အသုံးပြုပုံ 10 ခုကို ဖော်ပြပေးလိုက်ပါတယ်။
1. ဝက်ခြံတွေကို လျော့ပါးစေခြင်း
ရောင်ရမ်းမှုတွေကို လျော့ကျစေတဲ့အာနိသင်ရှိတာကြောင့် ဝက်ခြံတွေသက်သာအောင် ကူညီပေးနိုင်ပါတယ်။ အက်စပရင်ဆေးပြား 2 ပြား - 3 ပြားခန့်ကို ထုချေ သံပုရာရည်နှင့်ရောစပ်ပြီး ရလာတဲ့နှစ်ကို ဝက်ခြံပေါ်မှာသုတ်လိမ်းပေးပါ။ မိနစ်အနည်းငယ်အကြာမှာ ရေဖြင့်ဆေးကြောပါ။ ၎င်းအရည်ကိုလိမ်းကျံပြီးပါက နေရောင်ခြည်ဖြင့်ထိတွေ့ခြင်းကိုရှောင်ရှားပါ။
2. အင်းစက်ပိုးမွှားကိုက်ခြင်းအတွက် အသုံးဝင်ခြင်း
ရောင်ရမ်းမှုကိုလျော့ချစေပြီး အင်ဇိုင်းပိုးမွှားများကိုက်ခြင်းကြောင့်ဖြစ်တဲ့ ယားယံခြင်းကို သက်သာစေပါတယ်။ အက်စပရင်ဆေးပြားကို စားပွဲတင်ဇွန်း 1 ဇွန်းနှင့်ဖျော်ပြီး ခြင်ကိုက်တဲ့နေရာကို သုတ်လိမ်းပေးပါ။
3. အမည်းစက်တွေကို သက်သာလျော့ပါးစေခြင်း
အရေပြားသန့်စင်ဆေးရည်နှင့် အသားဖြူကရင်မ်မှာအသုံးပြုထားတဲ့ အဆီမှာပျော်ဝင်တဲ့ ပါဝင်ပစ္စည်းတစ်မျိုးကို အက်စပရင်မှာလည်းတွေ့ရပါတယ်။ အက်စပရင် 7 ပြား၊ ဒိန်ချဉ် စားပွဲတင်ဇွန်း 3 ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း 1 ဇွန်းကို ရောမွှေပါ။ သန့်စင်ထားတဲ့မျက်နှာပေါ်မှာ သုတ်လိမ်းပေးပြီး 15 မိနစ်ခန့်ထားပါ။ နူးည့ံချောမွေ့ပြီး တောက်ပတဲ့အရေပြားအလှကို ရရှိမှာဖြစ်ပါတယ်။ ဆဲလ်အသေတွေကို ကွာကျစေနိုင်တဲ့အာနိသင်ရှိပြီး အမာရွတ်တွေကိုလည်း လျော့ပါးစေပါတယ်။
4. ဗောက်ပျောက်စေခြင်း
ဗောက်ထခြင်းဟာ ဦးရေပြားကိုယားယံစေရုံသာမက အလှအပရေးရာရှုထောင့်ကကြည့်မယ်ဆိုရင်လည်း အဆင်မပြေတာကိုတွေ့ရမှာပါ။ ဗောက်ထခြင်းသက်သာစေရန် မိမိလျော်နေကျခေါင်းလျှော်ရည်ထဲကို အက်စပရင် 5 ပြားခန့်ချေပြီး ထည့်လျှော်ပေးပါ။
5. အရေပြားချေးချွတ်ပေးနိုင်ခြင်း
အက်စပရင်ဆေးပြားဟာ အကောင်းဆုံးအရေပြားချေးချွတ်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် အဆီတွေကိုဖယ်ရှားပေးပြီး ချေွးပေါက်တွေကိုကျဉ်းစေတဲ့အာနိသင်လည်းရှိပါတယ်။ အက်စပရင်ဆေးပြားကို ရေဖြင့်ဖျော်ပြီး မျက်နှာပေါ်မှာသုတ်လိမ်းပေးပါ။ မိနစ်အနည်းငယ်အကြာမှာ မျက်နှာသစ်ပါ။ ထိခိုက်လွယ်တဲ့အရေပြားပိုင်ရှင်တွေကတော့ ကျွမ်းကျင်တဲ့အရေပြားပညာရှင်ဖြင့် တိုင်ပင်ပြီးမှအသုံးပြုပါ။
6. ခြေထောက်အသားမာတက်ခြင်း
ခြေထောက်တွေနူးညံ့ချောမွေ့ဖို့နှင့် ဆဲလ်သေတွေအလွယ်တကူကွာကျအောင် အက်စပရင်ဆေးဝါးလေးတွေက ကူညီပေးနိုင်ပါတယ်။ အင်စပရင်ဆေးပြား 7 ပြားကို သံပုရာရည် လက်ဖက်ဇွန်းတဝက်နှင့်ရောစပ်ပြီး ရလာတဲ့အရည်ကို ခြေဖဝါးမှာသုတ်လိမ်းပါ။ ခြေအိတ်စွတ်ထားပြီး 20 မိနစ်ခန့်အကြာမှာ ချေးတွန်းကျောက်တုံးနှင့် ပွတ်တိုက်ပေးပါ။
7. ပန်းတွေရဲ့သက်တမ်းကို ကြာရှည်ခံစေခြင်း
ပန်းအိုးထဲကို အက်စပရင်ဆေးဝါးများချေ၍ ထည့်ထားခြင်းဖြင့် ပန်းအိုးထဲရှိပန်းတွေ ကြာရှည်ခံအောင်ပြုလုပ်လို့ရပါတယ်။ အထူးသဖြင့် နှင်းဆီပန်းအတွက်ပိုပြီး အသုံးဝင်တာကိုတွေ့ရပါတယ်။
8. အဝတ်အစားများတွင် ချေွးကြောင့်ဖြစ်တဲ့ စွန်းထင်းမှုကို ဖယ်ရှားပေးနိုင်ခြင်း
အဝတ်အစားကို အက်စပရင်နှင့်အတူ ရေနွေးနွေးမှာရောစိမ်ပြီး ညသိပ်ထားလိုက်ပါ။ နောက်နေ့မနက် ပုံမှန်အတိုင်းလျှော်ဖွတ်ပြီးပါက အံ့သြစရာကောင်းအောင် အစွန်းတွေမရှိတော့တာကိုတွေ့ရမှာပါ။
9. ရေစိမ်ကန်မျက်နှာပြင်ရှိ အညစ်အကြေးတွေဖယ်ရှားပေးနိုင်ခြင်း
ရေစိမ်ကန်ကို သန့်စင်ရာမှာ ပုံမှန်သန့်စင်ဆေးရည်ထဲကို အက်စပရင်ဆေးပြား ငါးပြားကြိတ်ထည့်ပြီး ရေစိမ်ကန်အနှံ့ကိုလိုက်ဖြန်းပေးပါ။ နာရီဝက်အကြာမှာ အဝတ်စတစ်စနဲ့ အညစ်အကြေးတွေကို အလွယ်တကူဖယ်ရှားပစ်နိုင်ပါပြီ။
Dr. Mya Myo Myo Swe






























