ဒီတစ်ခေါက် အမွှေးရိတ်တော့မယ်ဆိုရင်
1. ဆဲလ်သေများကို ဖယ်ရှားပေးပါ
အမွှေးရိတ်တဲ့အချိန်မှာ အရေပြားမျက်နှာပြင်ဟာ ဆဲလ်သေတွေကြောင့် ကြမ်းတမ်းနေပါက ဘရိတ်ဓားနဲ့ ထိခိုက်မိပြီး ပူစပ်ပူလောင်ဖြစ်တာတွေ ခံစားရနိုင်ပါတယ်။
ဒီလိုဖြစ်တာကို ရှောင်ရှားဖို့အတွက် အမွှေးမရိတ်မီမှာ ဆဲလ်သေများကို ဖယ်ရှားရှင်းလင်းပေးတဲ့ ဆပ်ပြာကြမ်းများကို အသုံးပြုပေးနိုင်ပါတယ်။ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ခြင်း မပြုလုပ်ဘဲ အချိန်ပေးပြီး ညင်ညင်သာသာ ပြုလုပ်သင့်ပါတယ်။ အမွှေးမရိတ်မီ ဆဲလ်သေတွေကို ဖယ်ရှားဖို့ လိုတဲ့အတွက် အခေါက်တိုင်း အမြဲပြုလုပ်ပေးပါ။
2. ခရင်မ် (သို့) အဆီများကို ဘရပ်ချ်ဖြင့် လိမ်းပေးပါ
အမွှေးမရိတ်မီအသုံးပြုတဲ့ ခရင်မ် (သို့) အဆီတွေကို လက် (သို့) ဘရပ်ချ်ကိုသုံး၍ သေချာစွာ လိမ်းပေးပါ။
3. တစ်ခါသုံး အမွှေးရိတ်ဓားကို သုံးပါ
အရေပြားပိုး၀င်တာတွေ မဖြစ်အောင် တစ်ခါသုံး အမွှေးရိတ်ဓားတွေကို အသုံးပြုသင့်ပါတယ်။
4. အမွှေးအမျှင်များကို နူးညံ့အောင် ပြုလုပ်ပါ
အမွှေးအမျှင်တွေဟာ ပိုမိုနူးညံ့နေပါက ရိတ်ရတာ ပိုမိုလွယ်ကူစေနိုင်ပါတယ်။ ဒီလိုဖြစ်ဖို့ လုပ်ဆောင်ဖို့လိုတာတွေကတော့ သဘက်တစ်ထည်ကိုယူ၍ ရေနွေးထဲမှာ စိမ်ထားပါ။ ထို့နောက် ငါးမိနစ်ခန့် အမွှေးရိတ်လိုတဲ့နေရာမှာ ကပ်ထားပါ။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ချေွးပေါက်တွေကို ပွင့်စေရုံသာမက အမွှေးအမျှင်တွေကိုလည်း ပိုမိုနူးညံ့စေပါတယ်။ အမွှေးရိတ်တဲ့အခါမှာလည်း အားစိုက်ထုတ်စရာမလိုဘဲ လွယ်လွယ်ကူကူ ရိတ်နိုင်ပါတယ်။ ထို့နောက် အမွှေးရိတ်ရာတွင် အသုံးပြုတဲ့ခရင်မ်ကို အသုံးပြုပေးခြင်းဖြင့် အရေပြားနဲ့ ဘရိတ်ဓားကြားမှာ အကာအကွယ်တစ်ခု ဖြစ်စေနိုင်ပါတယ်။
5. အစိုဓာတ် ဖြည့်ပေးမယ့်လိုးရှင်း အသုံးပြုပါ
ဆောင်းရာသီလိုအချိန်မျိုးတွေမှာ အသားအရေဟာ ပိုမိုခြောက်သွေ့တာကြောင့် အရေပြားဟာ ပိုမိုထိခိုက်လွယ်ပါတယ်။ ဖြေရှင်းဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့ အစိုဓာတ်ပါတဲ့ ခရင်မ်ကို လိမ်းပေးဖို့ပါပဲ။
6. အမွှေးအမျှင်များ ပေါက်ရာလမ်းကြောင်းအတိုင်း ရိတ်ခြင်း
ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေဟာ အမွှေးပေါက်ရာလမ်းကြောင်းနဲ့ ဆန့်ကျင်ပြီးတော့ မရိတ်သင့်ပါဘူး။
ဒါဟာ လူအများစု ပြုလုပ်နေကြတဲ့ အလွန်ပင်ရိုးရှင်းလှတဲ့ အမှားတစ်ခုပဲ ဖြစ်ပါတယ်။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင် မဟုတ်တဲ့သူတွေအတွက် ပြဿနာမဟုတ်ပေမယ့် ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေ အတွက်ကတော့ အမြဲပင် အမွှေးပေါက်ရာ ဦးတည်ရာဘက်သို့သာ ရိတ်သင့်ပါတယ်။
7. အမွှေးရိတ်ပြီးနောက် သေချာစွာ ဆေးကြောပါ
နောက်ဆုံးအနေနဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားပြီးတဲ့အချိန်မှာတော့ ရေအေးနဲ့ ဆေးချသင့်ပါတယ်။ ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင့် ရောင်ရမ်းမှုတွေကို လျှော့ချပြီး ချေွးပေါက်တွေကို ကျဉ်းစေပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)






























