နဖူးမှာ ဝက်ခြံတွေမရှိအောင်
ဝက်ခြံဆိုတာ တစ်ကိုယ်လုံးမှာ ပေါက်နိုင်တယ်ဆိုပေမယ့် လူအတော်များများမှာတော့ နဖူးဝက်ခြံပေါက်လေ့ ရှိကြပါတယ်။ နဖူးအရေပြားအောက်ဂလင်းတွေ ပိတ်ဆို့လို့ နဖူးဝက်ခြံဆိုပြီး ဖြစ်လာတတ်တာပါ။ ဘာမှဆိုးဆိုးရွားရွားမဖြစ်ပေမယ့် ကြည့်ရအင်မတန်ဆိုးတာပေါ့။ ဝက်ခြံပေါက်စေတဲ့ အကြောင်းရင်းတွေထဲမှာ မသန့်ရှင်းတာ၊ ဟော်မုန်းအပြောင်းအလဲ စတာတွေကြောင့် ဖြစ်တာအများဆုံးပါပဲ။ ဆားဝက်ခြံ၊ ဝက်ခြံပုန်း၊ စိတ်ဖိစီးမှုများခြင်း၊ ဓာတ်မတည့်ခြင်း၊ အစားအသောက်နဲ့ ဆင်ဝက်ခြံတွေက နဖူးဝက်ခြံ ဖြစ်စေတဲ့ အဓိကအကြောင်းရင်းတွေပါပဲ။ နဖူးမှာ ဝက်ခြံတွေနဲ့ဆိုပြီး အရမ်းကြီးတော့ စိတ်မညစ်ပါနဲ့။ ဒါဟာ ထူးဆန်းလှတဲ့ကိစ္စကြီးတော့လည်း မဟုတ်ပါဘူး။ အောက်မှာပြောခဲ့တဲ့ နည်းလမ်းလေးတွေနဲ့ ကုစားပေးနိုင်ပါတယ်။
>> နဖူးဝက်ခြံကို ဘယ်လိုဖယ်ရှားကြမလဲ?
ဝက်ခြံ၊ ဝက်ခြံအမာရွတ်၊ အမည်းစက်တွေကို ကုစားပေးနိုင်မယ့် လိမ်းဆေးတွေ၊ ထိုးဆေးတွေ၊ လေဆာကုထုံးတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ဒီကုထုံးတွေအားလုံးဟာ ဈေးကြီးပြီးတော့ နောက်ဆက်တွဲတွေလည်း ရှိပါတယ်။ အောက်မှာပြောပြမယ့် နည်းလမ်းလေးတွေကတော့ သုံးရတာ လွယ်ကူတဲ့အပြင် ဝယ်ရတာလည်း လွယ်ကူပါတယ်။
1. လီမွန်ရည်
ကမ္ဘာပေါ်မှာ အကောင်းဆုံး သဘာဝအသားညီဆေးကတော့ လီမွန်ပါ။ အင်အားပြင်းတဲ့ အင်တီအောက်စီဒန့်တစ်မျိုးဖြစ်ပြီး ဝက်ခြံအမာရွတ်တွေကို ဖျော့သွားစေနိုင်သလို ဗီတာမင်စီ ပါဝင်တာကြောင့် ဝက်ခြံတွေကို လျော့ပါးသွားစေနိုင်ပါတယ်။ ဂွမ်းလုံးလေးနဲ့ လီမွန်ရည်ကို နဖူးပေါ်လိမ်းပေးပြီး ၁၅ မိနစ်လောက် ထားလိုက်ပါ။ ပြီးမှ ရေဆေးချလိုက်ပါ။ တစ်နေ့ ၃ ကြိမ်လောက် လိမ်းပေးပါ။
2. ပန်းသီးဆိုဒါရှာလကာရည် လိမ်းပေးပါ။
ဝက်ခြံပျောက်စေတဲ့ အကောင်းဆုံးသဘာဝနည်းပါ။ အက်ဆစ်သဘာဝကြောင့် ဝက်ခြံတွေကို လျော့နည်းသွားစေနိုင်မယ့် ပစ္စည်းတစ်မျိုးပါပဲ။ ရေနဲ့ ပန်းသီးဆိုဒါရှာလကာရည်ကို ရောဖျော်၊ ဂွမ်းစလေးနှစ်ပြီး နဖူးကို လိမ်းပေးလိုက်ပါ။ မိနစ် ၂ဝ လောက်ကြာတဲ့အခါ ရေဆေးချလိုက်ပါ။ ချက်ချင်းလက်ငင်းတော့ ပျောက်သွားမှာ မဟုတ်ဘူးပေါ့နော်။ တဖြည်းဖြည်းချင်းနဲ့ ရလဒ်ကို တွေ့လာရပါလိမ့်မယ်။
Vicee 1

3. ရှားစောင်းလတ်ပတ်
ရှားစောင်းလတ်ပတ်ဂျယ်လ်ကို တစ်နေ့ ၃၊ ၄ ကြိမ် မျက်နှာတစ်ပြင်လုံးကို လိမ်းပေးပါ။ ရှားစောင်းလတ်ပတ်မှာ အရောင်ကျနိုင်တဲ့အစွမ်းးရှိလို့ ဝက်ခြံတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ နီရဲတာတွေ၊ ဝက်ခြံအမာရွတ်တွေကို လျော့နည်းစေနိုင်ပြီး အသားအရေကို ကြည်လင်တောက်ပစေနိုင်ပါတယ်။
4. မိတ်ကပ်ဖျက်ဆေး
ဆားဝက်ခြံတွေ၊ ဝက်ခြံပုန်းတွေ အဖြစ်အများဆုံး အကြောင်းရင်းကတော့ မိတ်ကပ်အမှုန်အမှိုက် အကြွင်းအကျန်တွေပါပဲ။ ဒီအမှုန်အမှိုက်တွေက ဂလင်းတွေကို ပိတ်ဆို့ပြီး နဖူးဝက်ခြံတွေ ဖြစ်လာပါတော့တယ်။ ဒါကြောင့် မိတ်ကပ်ကိုဖျက်ပါ။ ဒီအတိုင်းကြီး မျက်နှာမသစ်လိုက်ပါနဲ့။ မိတ်ကပ်ဖျက်ဆေး သီးသန့်မဝယ်ထားရင်တောင် အုန်းဆီနဲ့ မျက်နှာတစ်ခုလုံးကို ပွတ်တိုက်ပြီး ဖြည်းဖြည်းချင်း နှိပ်နယ်ပေးပါ။ ၁၅ မိနစ်လောက်အကြာမှာ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ချလိုက်ပါ။ ကိုယ့်အသားအရေ သန့်ရှင်းနေဖို့က ဝက်ခြံ၊ အသားအရောင် မညီတာတွေအတွက် အရေးအကြီးဆုံးပါပဲ။
5. ပျားရည်မျက်နှာပေါင်းတင်
ပျားရည်မှာ ဓာတ်တိုးဆန့်ကျင်အင်တီအောက်စီဒန့်တွေ အများကြီးပါလို့ မျက်နှာဝက်ခြံတွေကို ကုသပေးနိုင်ပါတယ်။ ပျားရည်နဲ့သစ်ကြံပိုး မျက်နှာပေါင်းတင်ဆေးဟာ နဖူးဝက်ခြံကို ပျောက်ကင်းစေနိုင်ပါတယ်နော်။ နှစ်ခုလုံးမှာ အင်တီအောက်စီဒန့်၊ အရောင်ကျစေခြင်း၊ ဘက်တီးရီးယားပိုး သေစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရှိတာကြောင့်ပါနော်။ သစ်ကြံပိုးမှုန့် ၁ ဇွန်း၊ ပျားရည် ၂ ဇွန်းကို ရောစပ်ပြီး သန့်စင်ထားတဲ့မျက်နှာပေါ်ကို ၁၅ မိနစ်လောက် လိမ်းပေးပါ။ တစ်နေ့ ၂ ကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Vicee 2

(Zawgyi)
ဝက္ၿခံဆိုတာ တစ္ကိုယ္လုံးမွာ ေပါက္ႏိုင္တယ္ဆိုေပမယ့္ လူအေတာ္မ်ားမ်ားမွာေတာ့ နဖူးဝက္ၿခံေပါက္ေလ့ ရွိၾကပါတယ္။ နဖူးအေရျပားေအာက္ဂလင္းေတြ ပိတ္ဆို႔လို႔ နဖူးဝက္ၿခံဆိုၿပီး ျဖစ္လာတတ္တာပါ။ ဘာမွဆိုးဆိုးရြားရြားမျဖစ္ေပမယ့္ ၾကည့္ရအင္မတန္ဆိုးတာေပါ့။ ဝက္ၿခံေပါက္ေစတဲ့ အေၾကာင္းရင္းေတြထဲမွာ မသန႔္ရွင္းတာ၊ ေဟာ္မုန္းအေျပာင္းအလဲ စတာေတြေၾကာင့္ ျဖစ္တာအမ်ားဆုံးပါပဲ။ ဆားဝက္ၿခံ၊ ဝက္ၿခံပုန္း၊ စိတ္ဖိစီးမႈမ်ားျခင္း၊ ဓာတ္မတည့္ျခင္း၊ အစားအေသာက္နဲ႔ ဆင္ဝက္ၿခံေတြက နဖူးဝက္ၿခံ ျဖစ္ေစတဲ့ အဓိကအေၾကာင္းရင္းေတြပါပဲ။ နဖူးမွာ ဝက္ၿခံေတြနဲ႔ဆိုၿပီး အရမ္းႀကီးေတာ့ စိတ္မညစ္ပါနဲ႔။ ဒါဟာ ထူးဆန္းလွတဲ့ကိစၥႀကီးေတာ့လည္း မဟုတ္ပါဘူး။ ေအာက္မွာေျပာခဲ့တဲ့ နည္းလမ္းေလးေတြနဲ႔ ကုစားေပးႏိုင္ပါတယ္။
>> နဖူးဝက္ၿခံကို ဘယ္လိုဖယ္ရွားၾကမလဲ?
ဝက္ၿခံ၊ ဝက္ၿခံအမာရြတ္၊ အမည္းစက္ေတြကို ကုစားေပးႏိုင္မယ့္ လိမ္းေဆးေတြ၊ ထိုးေဆးေတြ၊ ေလဆာကုထုံးေတြ အမ်ားႀကီးရွိပါတယ္။ ဒါေပမဲ့ ဒီကုထုံးေတြအားလုံးဟာ ေဈးႀကီးၿပီးေတာ့ ေနာက္ဆက္တြဲေတြလည္း ရွိပါတယ္။ ေအာက္မွာေျပာျပမယ့္ နည္းလမ္းေလးေတြကေတာ့ သုံးရတာ လြယ္ကူတဲ့အျပင္ ဝယ္ရတာလည္း လြယ္ကူပါတယ္။
1. လီမြန္ရည္
ကမာၻေပၚမွာ အေကာင္းဆုံး သဘာဝအသားညီေဆးကေတာ့ လီမြန္ပါ။ အင္အားျပင္းတဲ့ အင္တီေအာက္စီဒန႔္တစ္မ်ိဳးျဖစ္ၿပီး ဝက္ၿခံအမာရြတ္ေတြကို ေဖ်ာ့သြားေစႏိုင္သလို ဗီတာမင္စီ ပါဝင္တာေၾကာင့္ ဝက္ၿခံေတြကို ေလ်ာ့ပါးသြားေစႏိုင္ပါတယ္။ ဂြမ္းလုံးေလးနဲ႔ လီမြန္ရည္ကို နဖူးေပၚလိမ္းေပးၿပီး ၁၅ မိနစ္ေလာက္ ထားလိုက္ပါ။ ၿပီးမွ ေရေဆးခ်လိုက္ပါ။ တစ္ေန႔ ၃ ႀကိမ္ေလာက္ လိမ္းေပးပါ။
2. ပန္းသီးဆိုဒါရွာလကာရည္ လိမ္းေပးပါ။
ဝက္ၿခံေပ်ာက္ေစတဲ့ အေကာင္းဆုံးသဘာဝနည္းပါ။ အက္ဆစ္သဘာဝေၾကာင့္ ဝက္ၿခံေတြကို ေလ်ာ့နည္းသြားေစႏိုင္မယ့္ ပစၥည္းတစ္မ်ိဳးပါပဲ။ ေရနဲ႔ ပန္းသီးဆိုဒါရွာလကာရည္ကို ေရာေဖ်ာ္၊ ဂြမ္းစေလးႏွစ္ၿပီး နဖူးကို လိမ္းေပးလိုက္ပါ။ မိနစ္ ၂ဝ ေလာက္ၾကာတဲ့အခါ ေရေဆးခ်လိုက္ပါ။ ခ်က္ခ်င္းလက္ငင္းေတာ့ ေပ်ာက္သြားမွာ မဟုတ္ဘူးေပါ့ေနာ္။ တျဖည္းျဖည္းခ်င္းနဲ႔ ရလဒ္ကို ေတြ႕လာရပါလိမ့္မယ္။
3. ရွားေစာင္းလတ္ပတ္
ရွားေစာင္းလတ္ပတ္ဂ်ယ္လ္ကို တစ္ေန႔ ၃၊ ၄ ႀကိမ္ မ်က္ႏွာတစ္ျပင္လုံးကို လိမ္းေပးပါ။ ရွားေစာင္းလတ္ပတ္မွာ အေရာင္က်ႏိုင္တဲ့အစြမ္းးရွိလို႔ ဝက္ၿခံေတြကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။ နီရဲတာေတြ၊ ဝက္ၿခံအမာရြတ္ေတြကို ေလ်ာ့နည္းေစႏိုင္ၿပီး အသားအေရကို ၾကည္လင္ေတာက္ပေစႏိုင္ပါတယ္။
4. မိတ္ကပ္ဖ်က္ေဆး
ဆားဝက္ၿခံေတြ၊ ဝက္ၿခံပုန္းေတြ အျဖစ္အမ်ားဆုံး အေၾကာင္းရင္းကေတာ့ မိတ္ကပ္အမႈန္အမႈိက္ အႂကြင္းအက်န္ေတြပါပဲ။ ဒီအမႈန္အမႈိက္ေတြက ဂလင္းေတြကို ပိတ္ဆို႔ၿပီး နဖူးဝက္ၿခံေတြ ျဖစ္လာပါေတာ့တယ္။ ဒါေၾကာင့္ မိတ္ကပ္ကိုဖ်က္ပါ။ ဒီအတိုင္းႀကီး မ်က္ႏွာမသစ္လိုက္ပါနဲ႔။ မိတ္ကပ္ဖ်က္ေဆး သီးသန႔္မဝယ္ထားရင္ေတာင္ အုန္းဆီနဲ႔ မ်က္ႏွာတစ္ခုလုံးကို ပြတ္တိုက္ၿပီး ျဖည္းျဖည္းခ်င္း ႏွိပ္နယ္ေပးပါ။ ၁၅ မိနစ္ေလာက္အၾကာမွာ မ်က္ႏွာသစ္ေဆးနဲ႔ မ်က္ႏွာသစ္ခ်လိုက္ပါ။ ကိုယ့္အသားအေရ သန႔္ရွင္းေနဖို႔က ဝက္ၿခံ၊ အသားအေရာင္ မညီတာေတြအတြက္ အေရးအႀကီးဆုံးပါပဲ။
5. ပ်ားရည္မ်က္ႏွာေပါင္းတင္
ပ်ားရည္မွာ ဓာတ္တိုးဆန႔္က်င္အင္တီေအာက္စီဒန႔္ေတြ အမ်ားႀကီးပါလို႔ မ်က္ႏွာဝက္ၿခံေတြကို ကုသေပးႏိုင္ပါတယ္။ ပ်ားရည္နဲ႔သစ္ႀကံပိုး မ်က္ႏွာေပါင္းတင္ေဆးဟာ နဖူးဝက္ၿခံကို ေပ်ာက္ကင္းေစႏိုင္ပါတယ္ေနာ္။ ႏွစ္ခုလုံးမွာ အင္တီေအာက္စီဒန႔္၊ အေရာင္က်ေစျခင္း၊ ဘက္တီးရီးယားပိုး ေသေစျခင္း စတဲ့ အက်ိဳးေက်းဇူးေတြ ရွိတာေၾကာင့္ပါေနာ္။ သစ္ႀကံပိုးမႈန႔္ ၁ ဇြန္း၊ ပ်ားရည္ ၂ ဇြန္းကို ေရာစပ္ၿပီး သန႔္စင္ထားတဲ့မ်က္ႏွာေပၚကို ၁၅ မိနစ္ေလာက္ လိမ္းေပးပါ။ တစ္ေန႔ ၂ ႀကိမ္ေလာက္ လုပ္ေပးႏိုင္ပါတယ္။
Dr. Mya Phoo Ngon (www.drmyanmar.com)