နွေရာသီမှာ အသားအရေကို ဘယ်လိုထိန်းသိမ်းကြမလဲ
ပူနွေးလာတဲ့ရာသီဥတုနဲ့အတူ အရေပြားပြဿနာတွေလည်း လိုက်ပါလာတတ်ပါတယ်။ အမြဲကျန်းမာလန်းဆန်းနေတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် ဘာတွေလုပ်ရမလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။
၁။ နေရောင်ကာလိုးရှင်း sunscreen တွေ လိမ်းပါ။
အရေးအကြီးဆုံးနဲ့ အခြေခံအကျဆုံး အချက်တစ်ခုကတော့ နေရောင်ကာလိုးရှင်း sunscreen မလိမ်းဘဲ အိမ်ပြင်မထွက်နဲ့ ဆိုတာပါပဲ။ ကျွမ်းကျင်သူတွေကတော့ အနည်းဆုံး SPF30 နဲ့အထက်ရှိတဲ့ နေရောင်ကာလိုးရှင်းမျိုးကို အသုံးပြုသင့်တယ်လို့ ဆိုပါတယ်။ ၂ နာရီခြားတစ်ခါလောက် ပြန်ပြန်လိမ်းပေးနေဖို့လည်း လိုသေးတယ်နော်။
Bio Oil Updated IA 1
၂။ Skin care အဆင့်တွေကို အနည်းငယ် လျှော့လိုက်ပါ။
ပူနွေးစွတ်စိုနေချိန်မှာ အဝတ်အစားကို ပေါ့ပေါ့ပါးပါးဝတ်သလို skin care အဆင့်တွေကိုလည်း ပေါ့ပေါ့ပါးပါး ပြောင်းလိမ်းပေးဖို့ လိုအပ်ပါတယ်။
၃။ အသားအရေထိန်းသိမ်းမှု အဆီတစ်မျိုးမျိုး လိမ်းဖို့မမေ့ပါနဲ့။
အသားအရေခြောက်သွေ့မှုကို တားဆီးပေးနိုင်ဖို့အတွက် Bio-Oil လို အသားအရေထိန်းသိမ်းမှု အဆီတစ်မျိုးမျိုးကို နေ့စဉ် လိမ်းပေးသင့်ပါတယ်။
၄။ ရေချိုးတဲ့အချိန်ကို လျှော့ချပါ။
နွေပူပူမှာ လှုပ်လိုက်တိုင်း ချွေးထွက်တတ်တာကြောင့် တစ်နေ့မှာ တစ်ကြိမ်ထက်တော့ ရေချိုးတတ်ကြပါတယ်။ ဒါပေမဲ့ ရေချိုးတဲ့အခါ ၄-၅ မိနစ်ထက် ပိုမချိုးပါနဲ့။ ခဏခဏရေချိုးခြင်းဖြင့် အသားအရေ ခြောက်သွေ့လာတတ်ပါတယ်။
Bio Oil Updated IA 2
၅။ မိတ်ကပ်က ချွေးပေါက်မပိတ်၊ ဝက်ခြံမထွက်စေတဲ့ non-comedogenic အမျိုးအစားကို ရွေးပါ။
မိတ်ကပ်တစ်ခု ဝယ်တော့မယ်ဆိုရင် ဘူးခွံမှာ non-comedogenic ဆိုပြီးပါတာကို ရှာဝယ်ပါ။ အထူးသဖြင့် နွေရာသီမှာ ချွေးပေါက်မပိတ်စေမယ့် ပစ္စည်းတွေကို ရွေးချယ်အသုံးပြုဖို့ အရေးကြီးပါတယ်။
၆။ နေရိပ်ထဲမှာနေပါ။
နေရောင်ထဲထွက်ပြီဆိုရင် တတ်နိုင်သလောက် နေရောင်ကိုကာကွယ်နိုင်မယ့် အဝတ်အစားတွေ၊ ပြန့်ကျယ်တဲ့ ဦးထုပ်တွေနဲ့ ထီးတွေကို ဆောင်သွားပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)