/
news/အလှအပနှင့်ကျန်းမာရေး/ပျားရည်၏-အလှအပဆိုင်ရာ-လျှို့၀ှက်ချက်များ

ပျားရည်၏ အလှအပဆိုင်ရာ လျှို့၀ှက်ချက်များ

Category
အလှအပနှင့်ကျန်းမာရေး

        သဘာ၀ပျားရည်ဟာ ကိုယ်ခံစွမ်းအားမြှင့်တင်ပေးနိုင်ခြင်း၊ ချောင်းဆိုးပျောက်စေခြင်း၊ သွေးတွင်း သကြားဓာတ်နဲ့ ကောင်းတဲ့ ကိုလက်စထရောကိုပုံမှန်ဖြစ်စေခြင်း၊ အကျိုးမပြုဘက်တီးရီးယားပိုးတွေကို တိုက်ဖျက်ပေးနိုင်ခြင်းစတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေများစွာ ပေးစွမ်းနိုင်တဲ့အပြင် အလှအပအတွက်လည်းလွန်စွာမှ အကျိုးပြုနိုင်ပါတယ်။ ဒါကြောင့်ပျားရည်က အလှအပရေးရာမှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနေနိုင်လဲဆိုတာ လေ့လာလိုက်ကြရအောင်။

 

1.   အစိုဓာတ်ထိန်းပေးခြင်း

        ပျားရည်ဟာချေွးပေါက်တွေကို ပွင့်စေပြီး အစိုဓာတ်ဖြည့်တင်းပေးနိုင်တဲ့ အစွမ်းအာနိသင်ရှိပါတယ်။ ဒါကြောင့် မျက်နှာပြင်အနှံ့ ပျားရည်ကိုမထူမပါးလေးလိမ်းပြီး နာရီ၀က်လောက်ထားပေးပါ။ ထို့နောက် ကြက်သီး နွေးရေနဲ့ သန့်စင်လိုက်ပါက ကြည်လင်၀င်းပနေတဲ့ လှတစ်မျက်နှာကိုပိုင်ဆိုင်နိုင်မှာပါ။

 

2.   ၀က်ခြံပျောက်ကင်းစေခြင်း

        ပျားရည်ကို ၀က်ခြံထွက်တဲ့နေရာဒါမှမဟုတ် အမဲကွက်စွဲနေတဲ့နေရာနားတစ်၀ိုက်မှာလည်း လိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် ပင်ပန်းမှုဒဏ်ကြောင့် နွမ်းလျနေတဲ့ မျက်နှာအသားအရေကို ပြန်လည်လန်းဆန်းလာစေဖို့ ပျားရည်ပါးပါးလေးလိမ်းကျံပြီး အိပ်စက်အနားယူသင့်ပါတယ်။ ဂွမ်းစဒါမှမဟုတ် အ၀တ်စသန့်သန့်နဲ့ လိမ်းပေးဖို့တော့လိုအပ်ပါတယ်။ လာဗင်ဒါဆီ၊ tea tree oil တို့နဲ့ရောစပ်ပြီး လိမ်းပေးပါက ပိုပြီးထိရောက်မှုရှိပါတယ်။

 

3.   Cleanser အဖြစ်အသုံးပြုနိုင်ခြင်း

        သဘာ၀အပင်ထွက်အဆီနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို ပျားရည်နဲ့ရောစပ်ပြီး အသုံးပြုပါက သင့်မျက်နှာပေါ်က ထူထဲနေတဲ့မိတ်ကပ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အုန်းဆီဒါမှမဟုတ် jojoba oil အဆီနဲ့ သစ်ကြံပိုးခေါက်၊ နနွင်း ဒါမှမဟုတ် ဇာတိပ္ဖိုလ်သီးတို့ကို ပျားရည်နဲ့ပေါင်းစပ်ပြီး မျက်နှာပြင်အနှံ့ ညင်ညင်သာသာ လိမ်းကျံပေးလိုက်ရုံနဲ့ မိတ်ကပ်လွှာကိုအလွယ်တကူဖယ်ရှားနိုင်ကာ မျက်နှာအသားအရေကိုလည်း စိုပြေစေပါတယ်။

 

4.   ဆဲလ်သေများကိုဖယ်ရှားပေးခြင်း

        ပျားရည်တစ်ဆနဲ့ မုန့်ဖုတ်ဆိုဒါ နှစ်ဆကိုရောစပ်အသုံးပြုခြင်းဖြင့် အရေပြားပေါ်ကဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး အရေပြားကို ကြည်လင်စေပါတယ်။ လက်နဲ့ခြေထောက် အသားအရေလှပစေဖို့ မဖြစ်မနေ အသုံးပြုပေးသင့်ပါတယ်။

 

5.   အရေပြားခြောက်သွေ့မှုမှ ကာကွယ်ပေးခြင်း

        သဘာ၀အတိုင်းစိုပြေနေစေဖို့အတွက် ရေစိမ်ကန်ထဲကို ပျားရည် ၂ ခွက်လောင်းထည့်ပြီး ၁၅ မိနစ်ခန့် ရေစိမ်ပါ။ ပြီးရင် မုန့်ဖုတ်ဆိုဒါ ၁ ခွက်ထပ်ထည့်ပြီး နောက်ထပ် ၁၅ မိနစ်စိမ်ပါ။ ဆောင်းရာသီလိုချိန်အခါမျိုးမှာ တစ်ပတ် ၂ ခါလောက် ပုံမှန်လုပ်ပေးသွားရင် အသားအရေခြောက်သွေ့ခြင်းကို ကာကွယ်နိုင်ပြီး အရေပြားပေါ်က ဆဲလ်သေတွေကိုပါ ဖယ်ရှားပြီးဖြစ်သွားမှာပါ။

 

CMS

www.drmyanmar.com